Connect with us

Hi, what are you looking for?

သတင်း

ပြင်ဦးလွင်မြို့ ဧက ၂၀၀က အဆောက်အဦးတွေဖယ်ရှားဖို့ စစ်တပ်က ဘူဒိုဇာကားတွေနဲ့ စစ်ကားတွေ ရောက်နေ

ပြင်ဦးလွင်မြို့၊ ရေချမ်းအိုးကျေးရွာအရှေ့ဘက်နဲ့ ပြင်ဦးလွင်စင်တာအနီးက နေအိမ်အဆောက်အဦးတွေကို ဖယ်ရှားဖို့ဆိုပြီး စစ်တပ်က ဒီကနေ့ မနက်မှာ ဘူဒိုဇာကားတွေနဲ့ စစ်ကားတွေ ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က ဖျက်သိမ်းဖို့ လုပ်ထားတဲ့ နေအိမ်တွေကို စာနဲ့ရေးသားထားစဉ်။ ဓာတ်ပုံ - CJ

မေ/People’s Spring

ပြင်ဦးလွင်မြို့၊ ရေချမ်းအိုးကျေးရွာအရှေ့ဘက်နဲ့ ပြင်ဦးလွင်စင်တာအနီးက နေအိမ်အဆောက်အဦးတွေကို ဖယ်ရှားဖို့ဆိုပြီး စစ်တပ်က ဒီကနေ့ မနက်မှာ ဘူဒိုဇာကားတွေနဲ့ စစ်ကားတွေ ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေချမ်းအိုးကျေးရွာက မြေနေရာတချို့ကို ဖျက်ဖို့ ယခုလအတွင်းမှာ စာကပ်တာနဲ့ မီတာဘောက်တွေပြန်လည်သိမ်းယူတာတွေ ပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ၂၂ရက်နေ့မှာ စစ်ကောင်စီရဲ့ မန္တလေးတိုင်းဝန်ကြီးတွေကိုယ်တိုင် ကွင်းဆင်းပြီး နေအိမ်​တွေကို ဖျက်ဖို့ မှင်နီတွေနဲ့ရေးသားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဖျက်ရမယ့် နေရာဟာ ရေချမ်းအိုးရွာရဲ့အရှေ့ဘက်နဲ့ ပြင်ဦးလွင်စင်တာအနီးက မြေကွက်၊ ရေချမ်းအိုးနဲ့ ရေငယ်ကြားထဲက မြေကွက်တွေဖြစ်တယ်လို့ သိရပါတယ်။ အဲဲဒီအနီးမှာ ပုလဲဖြူစွယ်တာအရောင်းဆိုင်ရှိပြီး ဆိုင်ဘေးနဲ့အတွင်း ဘက်လမ်းတွေမှာ အရောင်းအဝယ်အလွန်ဖြစ်တာ အိမ်ခြေထောင်နဲ့ချီဆောက်လုပ်ထားတာတွေ ဖျက်ရမှာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနေရာအကျယ်အဝန်းဟာ ဧက ၂၀၀ရှိတာကြောင့် ဒေသခံတွေကတော့ ဧက၂၀၀အကွက်လို့ ခေါ်ကြပါတယ်။ အဲဒီနေရာကို စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ စီမံကိန်းလုပ်ဖို့ဆိုပြီး ဖယ်ရှားဖို့ ဆောင်ရွက်လာတာ ဖြစ်ပါတယ်။

တချို့ခြံဝန်းတွေဟာ ဂရံကျပြီးသားတွေဖြစ်သလို တချို့မြေတွေဟာ လယ်ယာမြေတခြားနည်းသုံးစွဲခွင့် ၊ပုံစံ(၇)၁၀၅သာ ကျသေးတာမို့ အုတ်တံတိုင်းခတ်ထားတဲ့မြေကွက်တွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တချို့ဆို နေအိမ်အဆောက်အဦးကြီးတွေနဲ့ ဆောက်လုပ်ထားပါတယ်။

“အရင်ထဲက စီမံကိန်းမြေလည်းမဟုတ်ဘူး။စာထုတ်တာလည်း မတွေ့ဖူးဘူး။တိုက်ဆောက်ပြီးတဲ့သူတွေကို လွန်ခဲ့တဲ့၄လလောက်က အိမ်နံပါတ်စတစ်ကာတွေတောင် ကပ်သွားသေးတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

ရေချမ်းအိုးကျေးရွာဟာ ၃၁၄.၆၇ဧကရှိပြီး ၂၀၁၃ခုနှစ်က စစ်တပ်က တပ်ပိုင်မြေအဖြစ် တပ်မတော်ဗဟိုလေ့ကျင့်ရေးအလုပ်ရုံဖွင့်လှစ်ဖို့ သိမ်းဆည်းဖို့ ဆောင်ရွက်ခဲ့ပါသေးတယ်။

အဲဒီတုန်းက ဒီနယ်မြေဟာ တပ်ပိုင်မြေမဟုတ်ကြောင်းထင်ရှားခဲ့လို့ဆိုပြီး စစ်တပ်လက်လျော့လိုက်ရပါတယ်။

အခုချိန်မှာ စီမံကိန်းမြေဆိုပြီးပြန်လည်သိမ်းယူဖို့ကြိုးစားနေတာဖြစ်ပြီး တင်ဒါခေါ်ထားတဲ့ ဆေးရုံစီမံကိန်းတွေအတွက် မြေနေရာချပေးဖို့လည်းဖြစ်နိုင်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

အခု စစ်တပ်က ဖယ်ရှားဖို့လုပ်နေတဲ့ နေရာကအဆောက်အဦးအများစုဟာ စစ်ကောင်စီရဲ့ အရာရှိတွေ အများစုဝယ်ယူဆောက်လုပ်ထားတဲ့နေရာလည်း ဖြစ်ပါတယ်။

အခုဖယ်ရှားမယ်ဆိုတဲ့နေရာဟာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံက သိမ်းယူတာလို့ စွပ်စွဲပြောဆိုမှုတွေရှိနေပေမယ့် မြို့ခံအချို့ကတော့ စစ်တပ်က သူ့လုံခြုံရေးအတွက် သိမ်းတာဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ယာဥ်တိုက်မှုကြောင့် လူ ၁၀ဦးထပ်မနည်း သေဆုံးခဲ့ရတဲ့ နယူးမန္တလာထွန်းယာဥ်လိုင်းက ဖြစ်စဥ်အတွက် Facebook လူမှုကွန်ရက်ကနေ တောင်းပန်ထားပြီး ၎င်းတို့ရဲ့ ရန်ကုန်-ပြင်ဦးလွင်ခရီးစဥ်ကို သက်ဆိုင်ရာက ပြေးဆွဲခွင့် ယာယီပိတ်သိမ်းထားကြောင်း အဆိုပါယာဥ်လိုင်းက ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေး-ပြင်ဦးလွင်အဆင်းလမ်းပိုင်း ၁၉မိုင် မှာ ဒီနေ့ညနေပိုင်းက ခရီးသည်တင်အဝေးပြေးကားလမ်းဘေးချောက်ထဲကျသွားတဲ့ဖြစ်စဉ်မှာ သေဆုံးသူ ၁၂ဦးထိရှိခဲ့တယ်လို့သိရပါတယ်။

သတင်း

မန္တလေး-ပြင်ဦးလွင်အဆင်းလမ်းပိုင်း ၁၉မိုင် မှာ ဒီနေ့ညနေပိုင်းက ခရီးသည်တင်အဝေးပြေးကားလမ်းဘေးချောက်ထဲပြုတ်ကျသွားတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် မကြာခဏလာနေတဲ့ ပြင်ဦးလွင်မြို့က 7Glory ဖုန်းဆိုင် ဓားပြတိုက်ခံရမှု ဒီကနေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ပါတယ်။