Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၆)နယ်မြေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ အမျိုးသမီး တစ်ဦးသေဆုံး၊ ကလေးငယ်နှင့် သံဃာတော်အပါအဝင် ပြည်သူ ၁၄ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂၆ရက်တွင် လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်နှင့် သံဃာတော်အပါအဝင် ပြည်သူ ၁၄ဦး ဒဏ်ရာရခဲ့ကြောင်း KNUက ယနေ့(ဖေဖော်ဝါရီ ၂၈ရက်) သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ ဗုံးကြဲပစ်ခတ်မှုကြောင့် ဝင်းရေးမြို့နယ်၊ ပန်းအောင် (တိုခေါဖူး) ကျေးရွာဘုန်းကြီးကျောင်း ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂၆ရက်တွင် လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်နှင့် သံဃာတော်အပါအဝင် ပြည်သူ ၁၄ဦး ဒဏ်ရာရခဲ့ကြောင်း KNUက ယနေ့(ဖေဖော်ဝါရီ ၂၈ရက်) သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၆ရက် မွန်းလွဲပိုင်းက စစ်ကောင်စီ၏ နေပြည်တော်လေတပ်မှ Yak-130 Jet Fighter တစ်စီးဖြင့် ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်၊ ခွန်နဝါ (မောထီး) ကျေးရွာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၄၂ နှစ်အရွယ် အမျိုးသမီး တစ်ဦး သေဆုံးပြီး (၄)နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ (၆)ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးသည်။

ထို့ပြင် စစ်ကောင်စီသည် ဝင်းရေးမြို့နယ်၊ ပန်းအောင် (တိုခေါဖူး) ကျေးရွာဘုန်းကြီးကျောင်းသို့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သံဃာတော် သုံးပါးနှင့် (၅)နှစ် အရွယ်ကလေးငယ်အပါအဝင် ပြည်သူ ၅ဦး ဒဏ်ရာရခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်မှ စစ်ရေးပစ်မှတ်မဟုတ်သည့် ဘာသာရေးအဆောက်အဦးများ၊ ပြည်သူ့ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများ နှင့် အပြစ်မဲ့ အရပ်သားပြည်သူနေထိုင်သည့်နေရာများအားပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိဖြင့် ဗုံးကြဲပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာတော်များအပါအဝင် အပြစ်မဲ့ပြည်သူထိမှန်ခဲ့ပြီး သာသနာပိုင် ဘုန်းတော်ကြီးကျောင်း နှင့် ပြည်သူပိုင် အိုးအိမ်များလည်း ထိမှန်ပျက်စီး ဆုံးရှုံးခဲ့ရသည်ဟု အသိပေးသည်။

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၂၇ရက်ကလည်း KNU တပ်မဟာ(၇)နယ်မြေ နယ်စပ်အနီးတနေရာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဒေသခံများ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးခဲ့ကြရကြောင်း ကရင်သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီသည် KNU အုပ်ချုပ်နယ်မြေများကို လေကြောင်း ၊ ဒရုန်း၊ လက်နက်ကြီးတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ပြည်သူလူထုသေဆုံးထိခိုက်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။