Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းကို ကူညီဖို့ ဆန္ဒတူညီ နိုင်ငံတွေ ညွန့်ပေါင်း အင်အားစု တစ်ခု ထူထောင်မယ်လို့ ဗြိတိန် ဝန်ကြီးချုပ်ပြော

ယူကရိန်းကို အကူအညီ ပေးနိုင်ရေးအတွက် ဆန္ဒတူညီတဲ့ နိုင်ငံတွေ စုစည်းထားတဲ့ ညွန့်ပေါင်း အင်အားစု တစ်ခုကို ဖွဲ့စည်းထူထောင် သွားမယ်လို့ ဗြိတိန် ဝန်ကြီးချုပ် ဆာ ကီရာ စတာမာက ပြောကြားခဲ့ပါတယ်။

ယူကရိန်းကို အကူအညီ ပေးနိုင်ရေးအတွက် ဆန္ဒတူညီတဲ့ နိုင်ငံတွေ စုစည်းထားတဲ့ ညွန့်ပေါင်း အင်အားစု တစ်ခုကို ဖွဲ့စည်းထူထောင် သွားမယ်လို့ ဗြိတိန် ဝန်ကြီးချုပ် ဆာ ကီရာ စတာမာက ပြောကြားခဲ့ပါတယ်။

မတ်လ ၂ ရက်နေ့က ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီး အပါအဝင် နိုင်ငံခေါင်းဆောင် တချို့ကို ဗြိတိန် အစိုးရက ဖိတ်ကြားတွေ့ဆုံပြီး ယူကရိန်း စစ်ပွဲ ရပ်ဆိုင်းရေး၊ အနာဂတ်မှာ ရုရှားရဲ့ အန္တရာယ်တွေကနေ အကာအကွယ်ပေးရေးဆိုတဲ့ ကိစ္စတွေကို စုပေါင်း ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီ ဆွေးနွေးပွဲမှာတော့ ရည်မှန်းချက်တွေ အထမြောက်ရေးအတွက် အချက်လေးချက်ပါတဲ့ အစီအမံ တစ်ခုကို ယူကရိန်းနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ သဘောတူထားတယ်လို့ စတာမာက ပြောပါတယ်။

ဗြိတိန်နဲ့ ပြင်သစ်တို့ဟာ ဆန္ဒတူညီတဲ့ ညွန့်ပေါင်း အင်အားစု နိုင်ငံတွေကို ဦးဆောင်သွားမှာ ဖြစ်ပြီး ယူကရိန်းကို အကူအညီ ပေးမှုတွေ အရှိန်မြှင့်ဖို့၊ ပြီးတော့ ယူကရိန်းကို ထောက်ပံ့ကူညီရေးမှာ အမေရိကန် အစိုးရရဲ့ ပူးပေါင်း ပါဝင်မှုကို တွန်းအားပေးဖို့ လုပ်ဆောင်သွားမယ်လို့ သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လောလောဆယ်မှာ သမိုင်းကြောင်းရဲ့ အချိုးအကွေ့ နေရာတစ်ခုကို ဖြတ်သန်းနေရပြီ ဖြစ်တယ်လို့ စတာမာက ၁၈ နိုင်ငံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ အပြီးမှာ ပြောကြားခဲ့ပါတယ်။ အဲဒီထဲက အများစုဟာ ဥရောပ နိုင်ငံတွေဖြစ်ပြီး ယူကရိန်းလည်း ပါဝင်ခဲ့ပါတယ်။

ဇီလန်စကီးက သူ့နိုင်ငံဟာ အားကောင်းတဲ့ ကူညီထောက်ပံ့မှုမျိုး ရရှိထားတယ်လို့ ခံစားမိကြောင်းနဲ့ အခု ထိပ်သီး အစည်းအဝေးဟာ ကာလရှည်ကြာ မမြင်ခဲ့ရတဲ့ ဥရောပရဲ့ သွေးစည်းမှုကို ပြသနိုင်ခဲ့တယ်လို့ ယူဆကြောင်း မှတ်ချက်ပေးသွားပါတယ်။

ဇီလန်စကီးဟာ အိမ်ဖြူတော်မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ အပြင်းအထန် ငြင်းခုံမှုတွေ ဖြစ်ပွားခဲ့ပြီး ၂ ရက်အကြာမှာ ဗြိတိန်က အစည်းအဝေးကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

သတင်းစာ ရှင်းလင်းပွဲမှာ စတာမာက ကြေညာခဲ့တဲ့ အစည်းအဝေး သဘောတူညီမှု ၄ ခုကတော့ …

  • ယူကရိန်းဆီကို စစ်ရေး အထောက်အပံ့တွေ ပေးပို့မှု အဆက်မပြတ်ဖို့နဲ့ ရုရှားကို စီးပွားရေးအရ ဖိအားပေး အရေးယူမှုတွေ မြှင့်တင်ဖို့
  • ထွက်ပေါ်လာတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ရလဒ် မှန်သမျှဟာ ယူကရိန်းရဲ့ လုံခြုံရေးနဲ့ အချုပ်အခြာကို အာမခံချက်ရှိတာ သေချာစေဖို့၊ ဘယ်လို ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာမဆို ယူကရိန်း ပါဝင်ခွင့်ရဖို့
  • ငြိမ်းချမ်းရေး သဘောတူညီမှု တစ်ခုခု ရခဲ့ပြီးရင်တောင် အနာဂတ် ကျူးကျော် ရန်လိုမှု အခြေအနေတွေကနေ တွန်းလှန်နိုင်အောင် ယူကရိန်းရဲ့ ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်ပေးနိုင်ဖို့
  • ဆန္ဒတူညီတဲ့ ညွန့်ပေါင်း အင်အားစု တစ်ခုကို ဖွဲ့စည်းပြီး ယူကရိန်း စစ်ပွဲ ရပ်ဆိုင်းရေး သဘောတူညီမှုတွေ တည်မြဲနိုင်အောင် ကူညီဖို့၊ အဲဒီနောက်ပိုင်း ယူကရိန်း ငြိမ်းချမ်းရေး အဓွန့်ရှည်အောင် ပူးပေါင်း စောင့်ရှောက်ကြဖို့
    ဆိုတာတွေပဲ ဖြစ်ပါတယ်။

အစည်းအဝေး မတိုင်ခင် တစ်ရက်မှာ စတာမာက ဗြိတိန်ဟာ လက်ရှိ ထိန်းချုပ်ထားတဲ့ ရုရှား ပိုင်ဆိုင်မှုတွေထဲက အကျိုးအမြတ်တွေကို ထုတ်ယူပြီး ယူကရိန်းအတွက် စစ်စရိတ် စတာလင်ပေါင် ၂.၂ ဘီလီယံ ထုတ်ချေးမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ယူကရိန်းက လေကြောင်း ကာကွယ်ရေး ဒုံးကျည် အစင်း ၅၀၀၀ လောက် ဝယ်ယူနိုင်စေဖို့အတွက် နောက်ထပ် စတာလင်ပေါင် ၁.၆ ဘီလီယံ ထောက်ပံ့သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

ဆန္ဒတူညီတဲ့ ညွန့်ပေါင်းအင်အားစုမှာ ဘယ်နိုင်ငံတွေ ပါဝင်မလဲ ဆိုတာကို ဝန်ကြီးချုပ်က တိတိကျကျ မပြောသေးပါဘူး။ ဒါပေမဲ့ ဆန္ဒပြုထားတဲ့ နိုင်ငံတွေဟာ တကယ့် အရေးတကြီး အခြေအနေအဖြစ် လက်ခံယူဆပြီး အစီအမံတွေကို အင်တိုက်အားတိုက် စတင် ပြင်ဆင်နေပြီလို့ စတာမာက ဆိုပါတယ်။

အစောပိုင်းတုန်းက ဗြိတိန် အစိုးရဟာ ယူကရိန်းမှာ စစ်ပွဲရပ်ဆိုင်းသွားရင် ငြိမ်းချမ်းရေး အဓွန့်ရှည်အောင် ကူညီ စောင့်ရှောက်ဖို့ မြေပြင်တပ်တွေရော၊ စစ်လေယာဉ်တွေပါ စေလွှတ်ပြီး အစောင့်အရှောက် ပေးသွားဖို့ အသင့်ရှိကြောင်း ကြေညာထားပြီး ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ မျက်နှာစုံညီ တွေ့ဆုံချင်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အတိအလင်း တောင်းဆိုလိုက်ပါတယ်။