Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယားမှာ အမေရိကန် လေယာဉ်တင်သင်္ဘော ဆိုက်ကပ်ခြင်းဟာ ရန်စမှုလို့ မြောက်ကိုရီးယား စွပ်စွဲ

တောင်ကိုရီးယားကို အမေရိကန် လေယာဉ်တင်သင်္ဘော ရောက်ရှိနေခြင်းဟာ နိုင်ငံရေးနဲ့ စစ်ရေးအရ ရန်စတဲ့ လုပ်ရပ်လို့ မှတ်ယူကြောင်း မြောက်ကိုရီးယားက ခြိမ်းခြောက် ပြောကြားလိုက်ပါတယ်။

တောင်ကိုရီးယားကို အမေရိကန် လေယာဉ်တင်သင်္ဘော ရောက်ရှိနေခြင်းဟာ နိုင်ငံရေးနဲ့ စစ်ရေးအရ ရန်စတဲ့ လုပ်ရပ်လို့ မှတ်ယူကြောင်း မြောက်ကိုရီးယားက ခြိမ်းခြောက် ပြောကြားလိုက်ပါတယ်။

လေယာဉ်တင်သင်္ဘောကြီး USS Carl Vinson ဦးဆောင်တဲ့ အမေရိကန် တိုက်ရေယာဉ် အုပ်စုဟာ တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန် ဆိပ်ကမ်းကို ရောက်ရှိနေချိန်မှာ မြောက်ကိုရီးယားဆီက အခုလို စကားမျိုး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်ရဲ့ နိုင်ငံရေး ဩဇာ ကြီးမားတဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျောင်က အမေရိကန် လေယာဉ်တင်သင်္ဘောရဲ့ ကိုရီးယားကျွန်းဆွယ် ခရီးစဉ်ကို အတိအလင်း ကန့်ကွက်ကြောင်း မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက မတ်လ ၄ ရက်နေ့မှာ ဖြစ်ပြခဲ့ပါတယ်။

အမေရိကန်မှာ အခုနှစ်ထဲ အစိုးရ အပြောင်းအလဲ ဖြစ်သွားပြီးတဲ့နောက်ပိုင်း မြောက်ကိုရီးယားအပေါ် နိုင်ငံရေးနဲ့ စစ်ရေးဆိုင်ရာ ရန်စမှုတွေကို ချက်ချင်း အရှိန်မြှင့်လာခဲ့ကြောင်း၊ အမေရိကန် အစိုးရသစ်ဟာ အရင် အစိုးရ အဖွဲ့ဟောင်းရဲ့ မြောက်ကိုရီးယားအပေါ် ရန်လိုတဲ့ မူဝါဒတွေကို လက်ဆင့်ကမ်း ယူဆောင်လာကြောင်း ကင်ယိုဂျောင်က အမေရိကန် လေယာဉ်တင်သင်္ဘောရဲ့ ခရီးစဉ်ကို အကြောင်းပြုပြီး ပြောကြားခဲ့ပါတယ်။

အမေရိကန် ရေတပ်က USS Carl Vinsonဟာ ဘူဆန် ဆိပ်ကမ်းမှာ မတ်လ ၂ ရက်နေ့က ဆိုက်ကပ်ခဲ့တယ်လို့ ကြေညာထားပါတယ်။ အဲဒီ ခရီးစဉ်ဟာ ကိုရီးယား ကျွန်းဆွယ် အရေးမှာ အမေရိကန်ရဲ့ အာရုံစူးစိုက်ထားမှုကို မြင်သာစေဖို့၊ တောင်ကိုရီးယား ခေါင်းဆောင်တွေ၊ ပြည်သူတွေနဲ့ ထိတွေ့ ပေါင်းကူးမှုကို မြှင့်တင်ဖို့ ရည်ရွယ်ထားကြောင်း ရေတပ် ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကင်မ်ယိုဂျောင်ကတော့ Carl Vinsonက ကိုရီးယား ကျွန်းဆွယ်ကို ရောက်လာခြင်းနဲ့ ပတ်သက်ပြီး မတ်လထဲမှာ အမေရိကန်ဟာ မြောက်ကိုရီးယားအပေါ် ရန်စမှုတွေ ပိုမို ချဲ့ထွင်လာတယ်လို့ မှတ်ယူကြောင်း ပြောပါတယ်။

မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ တောင်ကိုရီးယားကြားက စစ်ရေးပူးပေါင်းမှု ကိစ္စတွေကို အရင်ကလည်း ဝေဖန် ရှုတ်ချလေ့ရှိပြီး မြောက်ကိုရီးယားအပေါ် ကျူးကျော်မယ့် စစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်မှုတွေအဖြစ် စွပ်စွဲလေ့ ရှိခဲ့ပါတယ်။

တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ကင်မ်ယိုဂျောင်ရဲ့ ဝေဖန်မှုတွေကို ပယ်ချခဲ့ပြီး မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်ဆိုင်ရာ ရန်လိုတဲ့ မူဝါဒတွေကို ဖုံးကွယ်ဖို့ ရည်ရွယ်ချက်ရှိရှိ အပြစ်ရှာနေမှုသာ ဖြစ်တယ်လို့ တုံ့ပြန်သွားပါတယ်။

တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးဟာ အနိမ့်ပါးဆုံး အဆင့်တစ်ခုကို ရောက်ရှိနေသလို ၂၀၂၄ ခုနှစ်ထဲမှာ မြောက်ကိုရီးယားဟာ ဒုံးကျည်အမျိုးမျိုး ပစ်ခတ် စမ်းသပ်မှုတွေကို အကြိမ်အတော်များများ ခြိမ်းခြောက် လုပ်ဆောင်ခဲ့ပါတယ်။

ကိုးကား: Japan Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

Facebook