Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲစေတမန်ကျောင်းတွင်တပ်စွဲထား​သော စစ်တပ်ကို KNDF တိုက် စစ်သား၇ဦး​သေ ၊လက်နက် ၅ လက်ရရှိ၊ ဖေ​ဖော်ဝါရီလတွင် KNDFတပ်ဖွဲ့ဝင် ၅ ဦးကျဆုံး

မိုးဗြဲမြို့ ကက်သလစ် စေတမန်ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားခုနှစ်ဦး သေဆုံးပြီး လက်နက် ငါးလက်ရရှိခဲ့ကြောင်း ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ်KNDFက ယနေ့(မတ် ၃ ရက်​) ထုတ်ပြန်သည်။

စစ်တပ်​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့် အပျက်အစီးများ။ ဓါတ်ပုံ-KNDF

ရဲခေါင်/People’s Spring

မိုးဗြဲမြို့ ကက်သလစ် စေတမန်ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားခုနှစ်ဦး သေဆုံးပြီး လက်နက် ငါးလက်ရရှိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ယနေ့(မတ် ၃ ရက်​) ထုတ်ပြန်သည်။

​ဖေ​ဖော်ဝါရီလအတွင်း ကရင်နီပြည်တွင် မိုးဗြဲမြို့အပြင်ဖားဆောင်း၊ ဘောလခဲနှင့် လွိုင်ကော်မြို့နယ်တို့တွင် တိုက်ပွဲများ ကြိုကြားဖြစ်ပွားခဲ့သည်ဟု ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်းကရင်နီပြည်နယ်၏ စစ်ရေးအခြေအနေများကို KNDF က မတ်လ ၄ ရက်တွင် ဖော်ပြသည်။

မိုးဗြဲတိုက်ပွဲမှ သိမ်းဆည်းရရှိ​သော လက်နက်များ။ ဓါတ်ပုံ- KNDF

မိုးဗြဲမြို့ကို စစ်ကောင်စီမှ ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အပြင်းအထန် ထိုးစစ်ဆင်သဖြင့် ​ဖေ​ဖော်ဝါရီလ တစ်လတာလုံး တိုက်ပွဲပြင်းထန်ခဲ့ပြီး ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် မိုးဗြဲမြို့ ကက်သလစ် စေတမန်ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များအား ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်ချေမှုန်းခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ပွဲ၌ စစ်ကောင်စီတပ်မှခုနှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကာ လက်နက်ကြီးငယ် (၅)လက် သိမ်းဆည်းရမိခဲ့ကြောင်းအသိပေးသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် သုံးကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ထောက်ပို့လေယာဥ်ဖြင့် ဗုံးသီးကြဲချခြင်း၊ ဒရုန်းများဖြင့် ဒရော့ဗုံးချခြင်းနှင့် လက်နက်ကြီးပစ်ခတ်ခြင်းတို့ကို တစ်နေကုန်နီးပါး လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

လက်ရှိ မတ်လဆန်းပိုင်း မိုးဗြဲမြို့တိုက်ပွဲတွင် စစ်ကောင်စီသည် အင်အားထပ်မံဖြည့်တင်းပြီး စစ် ကြောင်းထိုး၍ ဒရုန်း နှင့်လေကြောင်းကို အဆက် မပြတ်အသုံးပြုနေသည်ဟု KNDF တာဝန်ရှိသူ အသိပေးသည်။

“တော်လှန်ရေးတပ်ဖွဲ့တွေနဲ့နေ့စဥ်နီးပါး ထိတွေ့တိုက်ပွဲတွေ ဖြစ်တယ်။စစ်ကောင်စီတပ် ခိုအောင်းနေတဲ့နေရာတွေကို တော်လှန်ရေးတပ်တွေဝင်ရောက်ချေမှုန်းတာတွေလုပ်တယ်။စစ်ကောင်စီဘက်က အင်အားထပ်ဖြည့်ပြီးတော့ စစ်ကြောင်းထိုး၊ဒရုန်း တွေနဲ့တိုက်ခိုက် လေကြောင်းတွေနဲ့ ဗုံးကြဲ ဒီလို အဆက်မပြတ် လုပ်နေတာရှိတယ်”ဟု ၎င်းက လူထုနွေဦးသို့ပြောသည်။

ဖေဖော်ဝါရီလအတွင်း စစ်ဆင်ရေးများတွင် စစ် KNDF မှ ရဲဘော်ငါးဦး ကျဆုံးခဲ့သည်။

စစ်ကောင်စီက လွိုင်ကော်၊ ဒီးမော့ဆို၊ ဖယ်ခုံနှင့် မိုးဗြဲမြို့ တို့တွင် စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားပြည်သူများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကို ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြသည်။

တိုက်ခိုက်မှုများကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးနှစ်ဦး၊ ၁၇ နှစ်အရွယ် လူငယ်နှစ်ဦးနှင့် အရပ်သားပြည်သူ တစ်ဦး စုစုပေါင်း ပြည်သူ (၅) ဦး သေဆုံးခဲ့ကာ ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

ထို့အပြင် ဒရုန်း၊ လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးဗြဲမြို့တွင် ထိခိုက်မှု များခဲ့ပြီး ပြည်သူနေအိမ် အလုံး ၅၀ ကျော် ၊ စာသင်ကျောင်း ၄ကျောင်း နှင့် ဘာသာရေးအဆောက်အဦး ၄ ခု မီးလောင်ပျက်စီးခဲ့သည်။အခြားမြို့နယ်များတွင်လည်း ပြည်သူနေအိမ် ၈ လုံး၊ ဆေးပေးခန်း တစ်ခန်း၊ စာသင်ကျောင်း တစ်ကျောင်း နှင့် ဘုန်းကြီးကျောင်း တစ်ကျောင်း ထိခိုက်ပျက်စီးခဲ့သည်။

ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီဘက်မှ KNDF ထံဘက်ပြောင်း ခိုလှုံလာသူ လက်နက်ပါ ၅ ဦးနှင့် လက်နက်မပါဘဲ အလင်းဝင်သူ ၂ ဦး စုစုပေါင်း ခုနှစ်ဦးရှိသည်။ ထို့အပြင်ရှေ့တန်းစစ်မြေပြင်တွင် ဦးတည်ရာမဲ့ထွက်ပြေးသော တပ်ပြေး ရှစ်ဦးကို လုံခြုံစွာ ထိန်းသိမ်းထားကြောင်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်း-ကရင်နီ ပြည်နယ်အစပ်က မိုးဗြဲမြို့တိုက်ပွဲမှာ စစ်တပ်စစ်ကြောင်းက သေဆုံးရုပ်အလောင်းတွေထားပြီး ဆုတ်ခွာသွားတယ်လို့ မိုးဗြဲ PDF တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့မှာ စစ်တပ်က အင်အားဖြည့်ပြီး ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရှမ်း-ကရင်နီ ပြည်နယ်အစပ် မိုးဗြဲမြို့အနီးက စစ်တပ်တပ်စွဲထားတဲ့နေရာ​တွေကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ရှမ်းတောင်စစ်ဒေသ ဗျူဟာ ၁၄ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။