Connect with us

Hi, what are you looking for?

သတင်း

အမျိုးသမီး PDF ကပစ်ခတ်၍ဆင်ဖြူကျွန်းရဲစခန်းမှူး​သေဆုံး

မကွေးတိုင်း၊ဆင်ဖြူကျွန်းမြို့ရဲစခန်းမှူး ၊ဒုရဲမှူးသန်းလွင်ကို အမျိုးသမီး PDFတဦးက သေနတ်ဖြင့်အနီးကပ်ပစ်ခတ်ရာ ​သေဆုံးသွားကြောင်း ဒေသခံများကပြောသည်။

ကဖေး/People’s Spring

မကွေးတိုင်း၊ဆင်ဖြူကျွန်းမြို့ရဲစခန်းမှူး ၊ဒုရဲမှူးသန်းလွင်ကို အမျိုးသမီး PDFတဦးက သေနတ်ဖြင့်အနီးကပ်ပစ်ခတ်ရာ ​သေဆုံးသွားကြောင်း ဒေသခံများကပြောသည်။

“အဲဒီစခန်းမှူးက လက်ဖက်ရည်ဆိုင်မှာထိုင်နေတာ။ အထွက်မှာ ကပ်ပစ်တာ။ဆေးရုံ အရောက်မှာသေတဲ့သတင်းကြားတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ရဲအုပ်သန်းလွင်သည် မတ်လ ၄ ရက်နံနက်၇နာရီခန့်တွင် ဆင်ဖြူကျွန်းမြို့၊ သုံးပင်တောင်ရပ်ကွက်ရှိ ချမ်းမြေ့အောင်လက်ဘက်ရည်ဆိုင်မှ ထွက်လာချိန်တွင် ပစ်ခတ်ခံရခြင်းဟု CDMရဲတပ်ဖွဲ့ဝင်တဦးကဆိုသည်။

Public Service Announcement

Public Service Announcement

“သေတာ သေချာတယ်။ PDFမိန်းကလေးက အနီးကပ်ပစ်သွားတာ”ဟု၎င်းကဆက်ပြောသည်။

ဒုရဲမှုသန်းလွင်သေဆုံးသည့်သတင်းနှင့်ပတ်သက်၍ ကာကွယ်ရေးတပ်ဖွဲ့များကသတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

စစ်ကောင်စီလက်အောက်ခံလူမှုကွန်ရက်စာမျက်နှာအချို့ကလည်း ဆင်ဖြူကျွန်းမြို့မရဲစခန်းမှူးသည်လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်နေစဥ် PDF များက ပစ်ခတ်ခဲ့သည့်အတွက် သေဆုံးသွားကြောင်း ရေးသားထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်က အချက်အခြာကျ အရေးပါတဲ့ ထီးလင်းမြို့နယ် ရွှေအောင်သာရွာကို အာဏာသိမ်းစစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးလျက်ရှိရာ ယောဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုခံရပြီး အထိနာ တပ်ပြန်ဆုတ်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။