Connect with us

Hi, what are you looking for?

သတင်း

အမျိုးသမီး PDF ကပစ်ခတ်၍ဆင်ဖြူကျွန်းရဲစခန်းမှူး​သေဆုံး

မကွေးတိုင်း၊ဆင်ဖြူကျွန်းမြို့ရဲစခန်းမှူး ၊ဒုရဲမှူးသန်းလွင်ကို အမျိုးသမီး PDFတဦးက သေနတ်ဖြင့်အနီးကပ်ပစ်ခတ်ရာ ​သေဆုံးသွားကြောင်း ဒေသခံများကပြောသည်။

ကဖေး/People’s Spring

မကွေးတိုင်း၊ဆင်ဖြူကျွန်းမြို့ရဲစခန်းမှူး ၊ဒုရဲမှူးသန်းလွင်ကို အမျိုးသမီး PDFတဦးက သေနတ်ဖြင့်အနီးကပ်ပစ်ခတ်ရာ ​သေဆုံးသွားကြောင်း ဒေသခံများကပြောသည်။

“အဲဒီစခန်းမှူးက လက်ဖက်ရည်ဆိုင်မှာထိုင်နေတာ။ အထွက်မှာ ကပ်ပစ်တာ။ဆေးရုံ အရောက်မှာသေတဲ့သတင်းကြားတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ရဲအုပ်သန်းလွင်သည် မတ်လ ၄ ရက်နံနက်၇နာရီခန့်တွင် ဆင်ဖြူကျွန်းမြို့၊ သုံးပင်တောင်ရပ်ကွက်ရှိ ချမ်းမြေ့အောင်လက်ဘက်ရည်ဆိုင်မှ ထွက်လာချိန်တွင် ပစ်ခတ်ခံရခြင်းဟု CDMရဲတပ်ဖွဲ့ဝင်တဦးကဆိုသည်။

Public Service Announcement

Public Service Announcement

“သေတာ သေချာတယ်။ PDFမိန်းကလေးက အနီးကပ်ပစ်သွားတာ”ဟု၎င်းကဆက်ပြောသည်။

ဒုရဲမှုသန်းလွင်သေဆုံးသည့်သတင်းနှင့်ပတ်သက်၍ ကာကွယ်ရေးတပ်ဖွဲ့များကသတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

စစ်ကောင်စီလက်အောက်ခံလူမှုကွန်ရက်စာမျက်နှာအချို့ကလည်း ဆင်ဖြူကျွန်းမြို့မရဲစခန်းမှူးသည်လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်နေစဥ် PDF များက ပစ်ခတ်ခဲ့သည့်အတွက် သေဆုံးသွားကြောင်း ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ပခုက္ကူမြို့အခြေစိုက် ခြေမြန်တပ်မ (၁၀၁)မှ အင်အား ၁၀၀ကျော်ပါစစ်ကြောင်းသည် မြိုင်မြို့သို့ ဦးတည်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

မကွေးတိုင်း၊ပခုက္ကူမြို့မှာ စစ်‌‌ကောင်စီတပ်အားထားရတဲ့ ပျူစောထီးခေါင်းဆောင် အရှည်ကြီး (ခ)ဒူးရှည်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဖမ်းဆီးခဲ့တယ်လို့ မြင်းခြံ BLACK TIGER(MBT)တပ်ဖွဲ့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဂန့်​ဂေါမြို့နယ် လယ်မကျေးရွာကို ယနေ့(မေလ ၁၂ရက်) နံနက် ၂နာရီခန့်တွင် စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာပြီး ကလေးလူငယ်အပါအဝင် အရပ်သား ၁၁ဦးကို သတ်ဖြတ်ကာ ၂၀ကျော် ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

သတင်း

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်တွင် ကျေးရွာများလှည့်လည်စစ်ကြောင်းထိုးနေသည့် အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းအား ပုသိမ် - မုံရွာလမ်းပိုင်းတနေရာတွင် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီးနောက် စစ်ရေး တင်းမာနေသည်။