Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တွင် ငလျင်ထပ်လှုပ်ပြန်

ရန်ကုန်မြို့အနီး ငလျင်အန္တရာယ်ခြိမ်းခြောက်မှုပိုများ လာပြီး ယနေ့ နံနက်အစောပိုင်း၌ မအူပင်မြို့တွင် လုပ်သော ရစ်ခ်ျတာစကေး ၅ဒဿမ၁ ငလျင် ကြောင့် ရန်ကုန်နှင့် ဧရာဝတီတိုင်းမှ မြို့အများ အပြား ငလျင်လှုပ်ရှားမှု သိသိသာသာ ခံစားလိုက်ရသည်။

ကဖေး/People’s Spring

ရန်ကုန်မြို့အနီး ငလျင်အန္တရာယ်ခြိမ်းခြောက်မှုပိုများ လာပြီး ယနေ့ နံနက်အစောပိုင်း၌ မအူပင်မြို့တွင် လုပ်သော ရစ်ခ်ျတာစကေး ၅ဒဿမ၁ ငလျင် ကြောင့် ရန်ကုန်နှင့် ဧရာဝတီတိုင်းမှ မြို့အများ အပြား ငလျင်လှုပ်ရှားမှု သိသိသာသာ ခံစားလိုက်ရသည်။

ယနေ့ မတ်လ ၅ရက် နံနက် ၄နာရီ ၃၇ မိနစ်တွင် စက္ကန့်ပိုင်းအကြာ ငလျင်စလှုပ်ပြီး ၄နာရီ ၅၄ မိနစ်၌ ထပ်မံလှုပ်ရှားခြင်းဖြစ်သည်။

“ရန်ကုန်လည်း သိသိသာသာကြီးပဲ။ မအူပင်မှာဆို လည်း အိမ်တွေအောက် ဆင်းနေကြရတယ်” ဟု ရန် ကုန်မြို့တွင် ရောက်ရှိနေသည့် မအူပင်မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပထမတကြိမ်လှုပ်သော ငလျင်သည် ရစ်ခ်ျတာစကေး ၅ဒဿမ၁ ရှိပြီး ဒုတိယအကြိမ်သည် ရစ်ခ်ျ တာစကေး ၄ဒဿမ၇ အဆင့်ရှိကာ မအူပင်မြို့အနီး ဗဟိုပြု၍ လှုပ်ခြင်းဟု အမေရိကန်ဘူမိလေ့လာရေး အသင်း USGS က ထုတ်ပြန်သည်။ရန်ကုန်နှင့် မအူ ပင်မြို့ခံများအဆိုအရ ယနေ့ နံနက်ပိုင်းတွင် ဆယ် မိနစ်အတွင်း ငလျင်သုံးကြိမ်လုပ်ခဲ့သည်ဟု သတင်းရရှိသည်။ငလျင်များကြောင့် ထိခိုက်ပျက်စီး မှုကို သတင်းမရရှိသေးပေ။

ရန်ကုန်မြို့တွင် တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံ ဆိပ်ကမ်း၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ ကမာရွတ်၊ ရန်ကင်းနှင့်စမ်းချောင်းမြို့နယ်တို့တွင် လည်း ငလျင်လှုပ်ရှားမှုကိုသိသိသာသာခံစားလိုက်ရ သည်။ဧရာဝတီတိုင်းတွင် မအူပင်၊ညောင်တုန်း၊ ကျိုက်လတ်မြို့တို့၌ ငလျင်လှုပ်ရှားခဲ့သည်။

မတ်လ ၃ရက် နံနက်၁၀နာရီ ခန့်ကလည်းဧရာဝတီတိုင်းဖျာပုံမြို့ကိုဗဟိုပြု၍ ရစ် ခ်ျတာစကေး ၄ဒဿမ၅ အဆင့် ငလျင် လှုပ်ခဲ့စဉ် ရန်ကုန်မြို့၌ သိသိသာသာ ခံစားခဲ့ရသည်။ ၄၈နာရီမ ပြည့်မီ ရန်ကုန်အနီး ငလျင်ထပ်မံလှုပ်ရှားခြင်းဖြစ်သည်။

ရန်ကုန်မြို့သည် ရန်ကုန်မြစ်ဝအနီးရှိ ပြတ်ရွေ့များ ကြောင့် ငလျင်လှုပ်နိုင်သလို ဒေးဒရဲ ပြတ်ရွှေ့ ကြောင့်လည်း ငလျင်လှုပ်ရှားနိုင်သည်။ ပဲခူးမြို့ကို ဖြတ်သွားသည့် စစ်ကိုင်းပြတတ်ရွေ့၏ တောင်ဘက် စွန်းပိုင်းလှုပ်ရှားပါကလည်း ရန်ကုန်မြို့တွင် ငလျင် လှုပ်စေသည်။ လူဦးရေနှင့် အထပ်မြင့်အဆောက်အဦများသော ရန်ကုန်သည် ငလျင် အန္တရာယ်သတိပြုနေထိုင်သင့်ကြောင်း ပညာရှင်များ က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့(စက်တင်ဘာ၁၄) နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လေးခုမှာသစ်ပင်လဲကျတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လမ်းပိတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာဝမ်းရောဂါကူးစက်မှုဖြစ်ပွားနေချိန် ပူဇွန်တောင်မြို့နယ်မှာ အမည်မသိလူတစ်စုက ကားနဲ့လာပြီး မစင်ထုပ်တွေကို ပစ်ချသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook