Connect with us

Hi, what are you looking for?

သတင်း

အင်းတကော်တွင် စစ်မှုထမ်းကြေးကောက်ခံပြန်လာသည့် ရာအိမ်မှူး ပစ်ခတ်ခံရ

ပဲခူးတိုင်း၊ အင်းတကော်မြို့နယ် ကင်းပိုင်ကျုံကျေးရွာမှ ရာအိမ်မှူးကျော်ထူးသည် စစ်ကောင်စီ၏ စစ်မှူထမ်းဥပဒေအကြောင်းပြ၍ ပြည်သူများအပေါ် ‌အတင်းအကျပ်ငွေကြေးကောက်ခံခြင်းအပါအဝင် ဖိနှိပ်မှုများပြုလုပ်နေသောကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း အင်းတကော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

တေဇ/People’s Spring

ပဲခူးတိုင်း၊ အင်းတကော်မြို့နယ် ကင်းပိုင်ကျုံကျေးရွာမှ ရာအိမ်မှူးကျော်ထူးသည် စစ်ကောင်စီ၏ စစ်မှူထမ်းဥပဒေအကြောင်းပြ၍ ပြည်သူများအပေါ် ‌အတင်းအကျပ်ငွေကြေးကောက်ခံခြင်းအပါအဝင် ဖိနှိပ်မှုများပြုလုပ်နေသောကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း အင်းတကော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

“ဖြစ်စဥ်ကတော့ သူတို့စစ်မှုထမ်းကြေး ဒီနေ့ ကောက်မှာသိရလို့ နေ့လည်ပြန်ချိန် သူတစ်ယောက်ထဲ ဖြစ်မယ့်အချိန်စောင့်လုပ်ခဲ့တာပါ” ဟု ၎င်းက ပြောသည်။

ရာအိမ်မှူးသည် စစ်မှူထမ်းဥပဒေအကြောင်းပြ၍ ဆင်းရဲချမ်းသာမရွေး မညှာမတာ ငွေကောက်ခံခြင်း ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ကင်းလှည့်ခြင်း ၊ ပြဿနာတစ်ခုခုဖြစ်ပါက စစ် ကောင်စီတပ်ဖွဲ့ဝင်များကိုခေါ်၍ ဖြေရှင်းခြင်းများလုပ်ဆောင်နေကြောင်း ပြည်သူများက တိုင်ကြားခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါရာအိမ်မှူးအား မတ်လ ၅ ရက် နေ့လည် ၁၂ နာရီခန့်တွင် ကင်းပိုင်ကျုံ-ကျောက်တန်းလမ်းတစ်နေရာ၌ သေနတ်နှစ်ချက်ဖြင့် ပစ်ခတ်ခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

“ဖြစ်စဥ်အပြီးမှာ ဖြစ်တဲ့ရွာနဲ့အနီးနားရွာတွေကို စခတွေ အများပြားရောက်ရှိလာပြီး စစ်ဆေးမှုတွေလမ်းကြောင်းပိတ်ဆို့မှုတွေ လုပ်ခဲ့ပါတယ်။

ရွာခံ လေးငါးခြောက်ဦးခန့်ကိုလည်း ဖမ်းသွားတယ်လို့ သတင်းရပါတယ်”ဟု ၎င်းက ပြောသည်။

ဖမ်းဆီးခံရသည့်ဒေသခံများအား ပဲခူးမြို့သို့ခေါ်ဆောင်သွားသောကြောင့် ၎င်းတို့၏မိသားစုဝင်များက စိုးရိမ်ထိတ်လန့်နေကြသည်ဟု ဆိုသည်။

“စစ်ကောင်စီထောက်တိုင်များအား အင်းတကော်မြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ UG ရဲဘော်များမှ သုတ်သင်ရှင်းလင်းသွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အကျိုးစီးပွားထိပါးစေမည့် မည်သည့်ရမ်းကားမှုမျိုးမှ လက်ခံမည် မဟုတ် ကြောင်း အသိပေးအပ်ပါသည်”ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးအသစ်တွေရွေးချယ်ပြီးနောက် စစ်မှုထမ်းကြေး‌ ငွေ ကောက်ခံမှု တိုင်ကြားခံရလို့ဆိုပြီး မဲနှိုက်မှုတွေပြန်လုပ်ကာ မဲပေါက်သူက ကျပ်သိန်းရာနဲ့ချီပို ပေးနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ နတ္တလင်းမြို့နယ်၊ စန်ကြီးလောင့်ကျေးရွာက စစ်ကောင်စီခန့် ရာအိမ်မှူးတဦးကို သွား ရောက်ပစ်ခတ်ခဲ့ရာ နေရာတင်သေဆုံးသွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ ၄က တာဝန်ရှိသူတဦးက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် တော်လှန်ရေးရဲဘော်များကို လက်ပစ်ဗုံးဖြင့် လက်ဦးမှုယူပစ်ခတ်သည့် စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။