Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်ကို စစ်ကောင်စီ နှစ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှု ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးသုံးဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေ ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာများအား စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ ပြည်သူ ထိခိုက်မှု၊ နေအိမ်နှင့် စာသင်ကျောင်း ပျက်စီးမှုများရှိကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Special Operation Group - SOG

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေ ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာများအား စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ ပြည်သူ ထိခိုက်မှု၊ နေအိမ်နှင့် စာသင်ကျောင်း ပျက်စီးမှုများရှိကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

မတ်လ ၅ရက် နံနက်က စစ်ကောင်စီတပ်မှ Jet Fighter တစ်စီးဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲပစ်ခတ်ခဲ့၍ ကျေးရွာရှိ အမျိုးသမီး နှစ်ဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးသည်။

ထို့ပြင် နေအိမ် သုံးလုံးပျက်စီးခဲ့ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

မတ်လ ၄ရက်ကလည်း ကော့ကရိတ်မြို့နယ်၊ ဘော့ဒိုင်းကျေးရွာအား စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့ရာ အသက် ၁၅နှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်မှ စစ်ရေးပစ်မှတ်မဟုတ်သည့် ဘာသာရေးအဆောက်အဦးများ၊ ပြည်သူ့ဆေးရုံဆေးခန်းများ၊ စာသင်ကျောင်းများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်သည့်နေရာများအားပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေကြောင်း KNUက ထုတ်ပြန်သည်။

စစ်ကောင်စီအနေဖြင့် KNU အုပ်ချုပ်နယ်မြေများသာမက ကချင်၊ ရှမ်းမြောက်၊ မကွေး၊ ပဲခူး၊ ရက္ခိုင် ၊ ကရင်နီ၊ချင်း စသည့် ဒေသများအပါအဝင်နိုင်ငံတဝန်း၌ အရပ်သား ပြည်သူနေထိုင်ရာနေရာများကို ဗုံးကြဲတိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်မှုသည် စစ်ကောင်စီ၏ နှစ်ပေါင်းများစွာ ပြည်သူအပေါ်ပြုကျင့်လာသည့် လုပ်ထုံးလုပ်နည်းဖြစ်ကြောင်း ပဲခူးတိုင်း ရေတာရှည်မြို့နယ်အခြေစိုက် PDFတပ်ဖွဲ့ တော်ဝင်လျှပ်စီးစစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ကိုအီဗယ်က ပြောသည်။

“ပြည်သူတွေ သူတို့ကို မကြောက်ကြောက်အောင် ကြောက်ပြီးသားလူကို ကြောက်သည်ထက် ပိုကြောက်အောင် နည်းလမ်းပေါင်းစုံသုံးပြီး အကြောက်တရား ရိုက်ထည့်တဲ့ နည်းလမ်းတွေမှာ လေကြောင်းကို အသုံးပြုပြီး အညှာအတာ ကင်းမဲ့စွာ ရက်စက်ပြတာဟာလည်း အကြမ်းဖက်စကစရဲ့ နည်းလမ်းဟောင်းတခုပဲဖြစ်ပါတယ်”ဟု ကိုအီဗယ်က ပြောသည်။

ထိုသို့ လေကြောင်း တိုက်ခိုက်မှုသည် ပြည်သူများ ကြောက်ရွံ့ပြီး တော်လှန်ရေး၌ မပါဝင်ရဲအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

စစ်ကောင်စီသည် ရေတာရှည်မြို့နယ်ရှိ ကျေးရွာအချို့ကိုလည်း တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်။ ဖေဖော်ဝါရီ ၂၈ရက်က စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ ပိတောက်ကုန်းရွာကို စစ်ကောင်စီ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပြည်သူလူထုနေအိမ် ၅လုံး မီးလောင်ခဲ့သည်။ ထို့ပြင် ဂူကြီးရွာကိုလည်း စစ်ကောင်စီလေကြောင်း တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းနှင့် အရပ်သား နေအိမ်တစ်လုံးပျက်စီးကာ သံဃာတစ်ပါး ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

Facebook