Connect with us

Hi, what are you looking for?

သတင်း

ABSDFနှင့် ရေစကြိုပကဖ ပူးပေါင်းကာ အခြေခံစစ်ပညာသင်တန်းဆင်းပွဲပြုလုပ်ပြီး လက်နက်တပ်ဆင်

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)နှင့် မကွေးတိုင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တို့ပူးတွဲပြုလုပ်သည့် အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မတ်လ ၂ရက်ကကျင်းခဲ့ကြောင်း အဆိုပါတပ်ဖွဲ့များက ယနေ့(မတ်လ ၆ရက်)တွင် သတင်းထုတ်ပြန်သည်။

ABSDFနှင့် ရေစကြိုပကဖ ပူးပေါင်းပြီး အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပနေစဉ်။ ဓာတ်ပုံ - ABSDF

ဟန်နွေ/People’s Spring

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)နှင့် မကွေးတိုင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တို့ပူးတွဲပြုလုပ်သည့် အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မတ်လ ၂ရက်ကကျင်းခဲ့ကြောင်း အဆိုပါတပ်ဖွဲ့များက ယနေ့(မတ်လ ၆ရက်)တွင် သတင်းထုတ်ပြန်သည်။

ABSDF အမှတ်(၃) စစ်ကြောင်းနှင့် ရေစကြို ပကဖတို့ ပူးပေါင်းပြုလုပ်ခဲ့သည့် သင်တန်းသည် ၃လခွဲ ကြာမြင့်ခဲ့ပြီး သင်တန်းသား ၁၂၀ကျော် သင်တန်းဆင်းခဲ့ဟု ABSDFက ထုတ်ပြန်သည်။

ရေစကြိုပကဖ၏ ထုတ်ပြန်ချက်တွင်လည်း ABSDF နှင့် အခြေခံစစ်သင်တန်းပူးပေါင်းကျင်းပခဲ့မှုကို အသိပေးထားပြီး လက်နက်ပေးအပ်ပွဲ ကိုလည်းအောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲနှင့် ရေစကြိုပကဖ တာဝန်ခံ ရဲဘော်ဝေကြီးတို့သည် ယခုနှစ် ဇန်နဝါရီက အညာဒေသ၌ တွေ့ဆုံထားသည်ကို ရဲဘော်ဝေကြီးက လူမှုကွန်ရက်မှ တဆင့်အသိပေးထားသည်။

ရေစကြိုပကဖနှင့် ABSDF အကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု အခြေအနေနှင့် သင်တန်းဆင်းပွဲ ကျင်းပမှု အခြေအနေမေးမြန်းရန် ရဲဘော်ဝေကြီးထံ ဆက်သွယ်ထားရာ အဆက်အသွယ်မရသေးပေ။

ABSDF ဥက္ကဋ္ဌသည် ၂၀၂၄ ဒီဇင်ဘာကစ၍ အညာဒေသအပါအဝင် ABSDF၏ အမှတ်(၁)၊ အမှတ်(၂) နှင့် အမှတ်၉၃) စစ်ကြောင်းများ အခြေစိုက်ရာ နေရာများသို့ သွားရောက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးရည်မွန်အပါအဝင်တော်လှန်ရေးတပ်ဖွဲ့များ၊ မြေပြင်ရဲဘော်များနှင့် တွေ့ဆုံကာ နိုင်ငံရေး၊စစ်ရေး လှုပ်ရှားမှု အခြေအနေများဆွေးနွေးခဲ့ကြောင်း ဖေဖော်ဝါရီ ၂၁ရက်တွင် ထုတ်ပြန်ထားသည်။

အညာဒေသ၏ စစ်ရေးအခြေအနေမှာ တော်လှန်ရေးအင်အားစုများအနေဖြင့်မြို့ပြများကိုသာ မထိန်းချုပ်နိုင်သေးသော်လည်း လူဦးရေများစွာရှိသည့် ကျေးလက်ဒေသများကိုထိန်းချုပ်ထားနို်သည့် အခြေအနေရှိကြောင်း ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက Network Media Group နှင့် တွေ့ဆုံမေးမြန်းမှု၌ သုံးသပ်ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊အမှတ်( ၁ )စစ်ဒေသ၊ တမူးခရိုင်အမှတ်(၂)တပ်ရင်းက အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ (၂၇) ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၇) သင်တန်းဆင်းပွဲ အခမ်းအနားကို လွတ်မြောက်နယ်မြေတနေရာမှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း မန္တလေး PDFက ဒီကနေ့ စက်တင်ဘာ ၁၉ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်)-ABSDF အမှတ်-၂ စစ်ကြောင်း၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲသို့ မဟာမိတ်တပ်ဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း ABSDFက ယနေ့ သတင်းထုတ်ပြန်သည်။

သတင်း

ဧပြီ ၁၈၊၂၀၂၅။ယောနသံ/People’s Spring ကလေး − ဂန့်ဂေါလမ်းပိုင်းရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးစခန်း ငါးခု သိမ်းပိုက်ခဲ့သည့်စစ်ဆင်ရေးများအတွင်း ပါဝင်တိုက်ခိုက်ခဲ့ပြီးနောက် ပြန်လာကြသည့် ကျောင်းသားတပ်မတော် ABSDF ရဲဘော်များနှင့် မဟာမိတ်ရဲဘော်များကို ပြည်သူများက ကြိုဆိုခဲ့ကြသည့် မှတ်တမ်းဓာတ်ပုံများကို ABSDF အမှတ်(၃) စစ်ကြောင်းက ထုတ်ပြန်သည်။ ချင်းအမျိုးသားတပ်မတော်...