Connect with us

Hi, what are you looking for?

သတင်း

အောင်ပွဲပြန် ABSDF ပူးပေါင်းရဲဘော်များအား ပြည်သူများကြိုဆို

ဓာတ်ပုံ − ABSDF အမှတ် ၃ စစ်ကြောင်း

ဧပြီ ၁၈၊၂၀၂၅။ယောနသံ/People’s Spring

ကလေး − ဂန့်ဂေါလမ်းပိုင်းရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးစခန်း ငါးခု သိမ်းပိုက်ခဲ့သည့်စစ်ဆင်ရေးများအတွင်း ပါဝင်တိုက်ခိုက်ခဲ့ပြီးနောက် ပြန်လာကြသည့် ကျောင်းသားတပ်မတော် ABSDF ရဲဘော်များနှင့် မဟာမိတ်ရဲဘော်များကို ပြည်သူများက ကြိုဆိုခဲ့ကြသည့် မှတ်တမ်းဓာတ်ပုံများကို ABSDF အမှတ်(၃) စစ်ကြောင်းက ထုတ်ပြန်သည်။

ချင်းအမျိုးသားတပ်မတော် (CNA)မှ ကွပ်ကဲခဲ့သည့် အဆိုပါစစ်ဆင်ရေးသည် ၂လဝန်းကျင်ကြာမြင့်ခဲ့ပြီး ကလေးမြို့နယ်တောင်ပိုင်းရှိ ကမ်းပါးနီတပ်စခန်းနှင့် ကြံသာရွာတပ်စခန်းများ အပါအဝင် စစ်ကောင်စီတပ် စခန်း ၅ခုကို တော်လှန်ရေးတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။

” ဒီတိုက်ပွဲက မြို့တစ်မြို့ကိုသိမ်းရသလိုပဲ။ စစ်ကောင်စီကလည်းအခိုင်အမာတပ်စွဲထားတယ်။ တန်ပြန်ထိုးစစ်တွေတအားများတယ်။ တန်ပြန်ထိုးစစ်၁၉ကြိမ်လောက်အထိ လုပ်တယ်။ ဒါကိုကာကွယ်ကြရတယ်”ဟုABSDF အမှတ်(၃)စစ်ကြောင်းပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုယ်ပြည့် ဖြိုးကျော်က ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးအတွင်း ABSDFမှ တပ်စုမှူး တစ်ဦးနှင့် ဒုတပ်စိတ်မှူး တစ်ဦးတို့ ကျဆုံးခဲ့ပြီး ရဲဘော် ၆ ဦး ဒါဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာဖက်က ရွှေတူးဖော်မှုတွေကြောင့် ထိုင်းနိုင်ငံဖက် စီးဝင်တဲ့ မြစ်တွေမှာ ရေထုညစ်ညမ်း အဆိပ်သင့်စေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ စီမံ ဆောင်ရွက်ပေးနိုင်မှု မရှိဘူးလို့ စစ်ကောင်စီက ပြောကြားခဲ့ကြောင်း ထိုင်းအစိုးရက ဆိုပါတယ်။

ဆောင်းပါး

မိတ္ထီလာဟာ စစ်တပ်က ခိုင်းနှိုင်းဖူးတဲ့ အစိမ်းရောင်လွင်ပြင်ဆိုတဲ့အတိုင်း စိမ်းသရဖူစိမ်းသူတို့ရဲ့ ဘူမိနက်သန်ဒေသပါ။ အာဏာသိမ်းစစ်တပ်ကလည်း အမာခံသူတို့ရဲ့နယ်​မြေလို့ အပိုင်တွက်ထားသလို ၊စစ်တပ် ထောက်ခံသူတွေလည်း အများအပြားရှိတယ်။ အာဏာရှင်စနစ် ဆန့်ကျင်သူတွေဟာ မိတ္ထီလာမှာအတော်လေးရုန်းကန်ရတယ်။ မကြာခဏလည်း ဖမ်းဆီးခံရတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တံတားညီနောင်ကျေးရွာ၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့(မေလ ၁၈ရက်) တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကချင်သတင်းရင်းမြစ်အချို့ကပြောသည်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၁၈)မှာ စစ်ကောင်စီကို ILOရဲ့ ပုဒ်မ ၃၃ အရ အရေးယူနိုင်ဖို့ နိုင်ငံတကာကို မဲပေးကြရန် တောင်းဆိုတဲ့ ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

Facebook