Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီဝါဒဖြန့်သလို တော်လှန်ရေးတပ်ဖွဲ့များက သတ်ဖြတ်ခြင်းမရှိ၍ အလင်းဝင်ကြရန် CDF အရှို ဖမ်းမိထားသည့် တပ်သားသစ်များ တိုက်တွန်း

စစ်ကောင်စီတပ်တွင်း၌ အရာရှိများက ဝါဒဖြန့်ထားသလို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရ၊ လက်နက်ချအလင်းဝင်ပါက တော်လှန်ရေးတပ်ဖွဲ့များက သတ်ဖြတ်သည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) -အရှို ဖမ်းမိထားသည့် စစ်သုံ့ပန်း လူငယ်တပ်သားသစ်များက ပြောသည်။

ဓာတ်ပုံ - ချင်းဒေသကာကွယ်ရေးတပ်(CDF) -အရှို ဖမ်းမိထားသည့် စစ်သုံ့ပန်းများအား တွေ့ရစဉ်

မူးယစ်ဆေးမှုဖြင့်ဖမ်းဆီးခံရသူကို ပြည်သူ့စစ်ဝင်ရန် စစ်ကောင်စီက ခိုင်းစေခဲ့ဟု ကာယကံရှင် ပြော

ဟန်နွေ/People’s Spring

စစ်ကောင်စီတပ်တွင်း၌ အရာရှိများက ဝါဒဖြန့်ထားသလို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရ၊ လက်နက်ချအလင်းဝင်ပါက တော်လှန်ရေးတပ်ဖွဲ့များက သတ်ဖြတ်သည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) -အရှို ဖမ်းမိထားသည့် စစ်သုံ့ပန်း လူငယ်တပ်သားသစ်များက ပြောသည်။

မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ် တည်ရှိရာ နေရာကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်စဉ် ကာကင်းစခန်းများမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ဦးကို ချင်းဒေသကာကွယ်ရေးတပ်(CDF)-အရှိုက ဖေဖော်ဝါရီ နောက်ဆုံးပတ်အတွင်း ဖမ်းမိခဲ့သည်။

Public Service Announcement

Public Service Announcement

ဖမ်မိစစ်သုံ့ပန်းများ၏ ထွက်ဆိုချက် ရုပ်သံမှတ်တမ်းကို CDF အရှိုက ယနေ့(မတ်လ ၆ရက်)ထုတ်ပြန်ခဲ့ရာ တပ်သားအများစုမှာ စစ်ကောင်စီက ပုံစံမျိုးစုံဖြင့် အဓမ္မ စစ်သားစုဆောင်းထားသည့် ပြည်သူ့စစ်မှုထမ်း လူငယ်များဖြစ်သည်ကို တွေ့ရသည်။

နတ်ရေကန်တိုက်ပွဲမှ ထွက်ပြေးလာသည့် အသက် ၂၁နှစ်အရွယ် တပ်သား ကိုကိုနိုင်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချ အလင်းဝင်ကြရန် တိုက်တွန်းသည်။

“ဗိုလ်ကြီးတွေ အရာရှိတွေ ပြောနေသလို မင်းတို့ ဖမ်းခံထိရင် သတ်လိမ့်မယ် ဖြတ်လိမ့်မယ် ပြောသလို မဟုတ်ဘူး သူငယ်ချင်းတွေကိုပြောချင်တယ်။” ဟု တပ်သား ကိုကိုနိုင်က ပြောသည်။

အသက် ၁၈နှစ်အရွယ် တပ်သား ဌေးဦးကလည်း “အပေါင်းအသင်းနဲ့ သွားရင်းနဲ့ မူးယစ်ဆေးဝါး သုံးရင်းနဲ့ မိသွားတဲ့အချိန်မှာ ထောင်ကျခံမယ်ပြောတော့ သူတို့က ထောင်အကျမခံဘူး။ သူတို့က ပစထဲဝင်။ ပစထဲ ဝင်ရင် ၂နှစ်ပဲ။ ဆေးမှုနဲ့ ထောင်ထဲဝင်ရင်မင်းတို့ သုံးလေးနှစ်ကြာမယ်ပြောတယ်။အဲဒါနဲ့ စစ်တပ်ထဲ ရောက်လာတာ” ဟု စစ်ကောင်စီ၏ စစ်သားစုဆောင်းခံရမှုကို ပြောသည်။

ထို့ပြင် CDF အရှိုထံ ဖမ်းဆီးခံရစဉ် ညှင်းပမ်းနှိပ်စက်ခြင်းမရှိဘဲ ကောင်းမွန်စွာ ထားရှိကြောင်း ၎င်းက ပြောသည်။

“ရှေ့တန်းမှာ သူတို့ (စစ်ကောင်စီတပ်အရာရှိများ)က အရှေ့တွေဘာတွေလွှတ်တဲ့အချိန်ကျရင် မသွားချင်ဘူး ဘာညာဆိုရင် သူတို့ ပြောတယ်ဆိုတယ် ဟောက်တဲ့အချိန်ကျရင် ပြေးလာခဲ့ပေါ့။ ဒီလိုအဖွဲ့အစည်းတွေနဲ့ တွေ့ရင် လက်နက်ချပြီးတော့ ကျနော်တို့လိုပဲ အေးအေးဆေးဆေးအဖမ်းခံပြီး တော့ အသက်ကိုလည်း လုံး၀ မသေစေရဘူးပေါ့” တပ်သားဌေးဦးက ပြောသည်။

CDF အရှိုကလည်း စစ်ကောင်စီ လက်အောက်မှ တပ်သားများအနေဖြင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် ချိတ်ဆက်ပြီး အမြန်ဆုံး အလင်းဝင် ပူးပေါင်းကြရန် တိုက်တွန်းချက် ယနေ့ ထုတ်ပြန်ထားသည်။

CDF အရှိုသည် မကွေးတိုင်း ငဖဲမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် တပ်ဖြစ်ပြီး AA၏ အမ်းမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားကိုလည်း လက်နက်ခဲယမ်းများနှင့်အတူ ၂၀၂၄ နှစ်ကုန် ဒီဇင်ဘာလနှင့် ယခု နှစ် ဇန်နဝါရီလအတွင်းက ဖမ်းဆီးရမိထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းမွန်စွာ ကျွေးမွေးထားကြောင်း ရုပ်သံမှတ်တမ်းဖော်ပြပြီး အလင်းဝင်သူနဲ့ စစ်သုံ့ပန်းကို ခွဲခြားထားရှိတာဖြစ်လို့ စစ်ကောင်စီတပ်သားတွေ အလင်းဝင်မလား စစ်သုံ့ပန်းအဖြစ်ခံမလား စဉ်းစားစေလိုတယ်လို့ သတိပေးခဲ့ပါတယ်။

သတင်း

စစ်ဆိုင်ထားတဲ့နေရာတွေကနေ စစ်ကောင်စီတပ်သား ၄ဦး အလင်း၀င်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က တာ၀န်ရှိသူက ပြောပါတယ်။