Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တွင် စစ်ကောင်စီအား ILOပုဒ်မ(၃၃)ဖြင့် အရေးယူပေးရန် တောင်းဆိုသည့် ဓာတ်ပုံကမ်ပိန်း ပြုလုပ်

စစ်ကောင်စီတပ်များ လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ ရန်ကုန်မြို့နေရာအနှံ့အပြားတွင် တော်လှန်လူငယ်များက အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)​၏ ပုဒ်မ(၃၃)ဖြင့် စစ်ကောင်စီကို ထိရောက်စွာ အရေးယူပေးရန် တောင်းဆိုသည့် ဓာတ်ပုံကမ်ပိန်းလှုပ်ရှားမှုကို ယနေ့ (မတ်လ ၁၁) ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ -Yangon4Brothers

သုည/People’s Spring

စစ်ကောင်စီတပ်များ လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ ရန်ကုန်မြို့နေရာအနှံ့အပြားတွင် တော်လှန်လူငယ်များက အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)​၏ ပုဒ်မ(၃၃)ဖြင့် စစ်ကောင်စီကို ထိရောက်စွာ အရေးယူပေးရန် တောင်းဆိုသည့် ဓာတ်ပုံကမ်ပိန်းလှုပ်ရှားမှုကို ယနေ့ (မတ်လ ၁၁) ပြုလုပ်ခဲ့သည်။

လူငယ်များက လူစည်ကားရာ ဆူးလေဘုရားလမ်း၊ ကန်တော်ကြီး၊ ဗိုလ်ချုပ်စျေး၊ တရားရုံး အစရှိသည့် နေရာတို့တွင် “ILO IMPLEMENT ARTICLE 33 ON MYANMAR NOW 2025” စာသားပါ ရုပ်ပုံများအား ကိုင်ဆောင်၍ ဓာတ်ပုံကမ်ပိန်း ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယင်းလှုပ်ရှားမှုသည် မြန်မာအလုပ်သမားထု၏ အခြေခံလွတ်လပ်ခွင့်၊ လုပ်ပိုင်ခွင့်နှင့် အခွင့်အရေးများအပေါ် မတရားဖိနှိပ်တားမြစ်ခြင်းများ ပြုလုပ်နေသည့် အကြမ်းဖက်စစ်ကောင်စီအား အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) အနေဖြင့် ပုဒ်မ (၃၃)ဖြင့် ထိရောက်စွာ အရေးယူပေးပါရန် တောင်းဆိုတိုက်တွန်းခြင်းဖြစ်ကြောင်း တော်လှန်လူငယ်များက ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့ တနေရာမှာ (၃၈)နှစ်ပြည့် ၈‌လေးလုံး အထိမ်းအမှတ် လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က ပြုလုပ်ခဲ့ပါတယ်

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။