Connect with us

Hi, what are you looking for?

သတင်း

မလှိုင်မြို့နယ်တွင် စစ်ကောင်စီ​စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ရဲနှစ်ဦး သေဆုံး

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်တွင် စစ်ကောင်စီ​၏ စစ်ဆေးရေးဂိတ်အား တိုက်ခိုက်ရာ ရဲနှစ်ဦး သေဆုံးပြီး လက်နက်နှစ်လက်ရရှိကြောင်း နွားထိုးကြီး PDF ယာယီတပ်ရင်းမှူး ကိုစိုးအောင်က ပြောသည်။

ရဲခေါင်/People’s Spring

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်တွင် စစ်ကောင်စီ​၏ စစ်ဆေးရေးဂိတ်အား တိုက်ခိုက်ရာ ရဲနှစ်ဦး သေဆုံးပြီး လက်နက်နှစ်လက်ရရှိကြောင်း နွားထိုးကြီး PDF ယာယီတပ်ရင်းမှူး ကိုစိုးအောင်က ပြောသည်။

မလှိုင်မြို့နယ်၊ လက်စွေ့ကျေးရွာတွင် ဂိတ်ချပြီး ကင်းပုန်းထားကာ စစ်ဆေးနေသော ရဲနှစ်ဦးအား မတ်လ ၁၂ ရက်က ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

“ဘေးပတ်ပတ်လည်မှာတော့ ကင်းပုန်းပုံစံမျိုး။နောက်ချန်အင်အားတော့ ရှိတယ်။လက်စွေ့ရွာက မပစ်ခင် အရင်ရက် မတ်လ ၁၁ရက်က ပေါ်တာ ဝင်ဆွဲတာတွေ လုပ်ထားတဲ့ရွာပါ။အဲဒီရွာထိပ်မှာ ဂိတ်ကြေးတောင်းတဲ့ နွားကားတွေ၊ ဆိတ်ကားတွေနဲ့ ကုန်ကားတွေကို အဆမတန်ဂိတ်ကြေးကောက်တဲ့ နေရာပါ။ကားတစ်စီးကို တစ်သိန်း၊နှစ်သိန်း အဲဒီလို တောင်းတာတွေ အထိရှိ တယ်”ဟု နွားထိုးကြီး PDF ယာယီတပ်ရင်းမှူး ကိုစိုးအောင်က တိုက်ခိုက်ခဲ့သည့်ဖြစ်စဥ်အပေါ်လူထုနွေဦးသို့ ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ပစ်ခတ်မှုကို မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်းနှင့် မြင်းခြံခရိုင် အမှတ်(၁၀)တပ်ရင်းတို့မှ တိုက်ခိုက် ခဲ့ပြီး ရဲနှစ်ဦးပွဲချင်းပြီးသေဆုံးကာ ၎င်းတို့ကိုင် ဆောင်သော သေနတ် (၂)လက် သိမ်းဆည်းရရှိကြောင်း PDFက ယနေ့ (မတ်လ ၁၃ရက်)တွင် ထုတ်ပြန်သည်။

လက်စွေ့ကျေးရွာသည် မလှိုင်မြို့နယ် အပေါ်ပိုင်းတွင်ရှိကာ မိတ္ထီလာမြို့နယ်နှင့် ချိတ်ဆက် ထားသည့် ခရိုင်ချင်းဆက်လမ်းမကြီးဘေးတွင် ရှိသည်။

ဒေသအတွင်း စစ်ကောင်စီတပ်အား ပိုမိုတိုက်ခိုက်မည့် စစ်ဆင်ရေးများဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း နွားထိုးကြီး PDF မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်းနှင့် အမှတ် (၁၀)တပ်ရင်းက အသိပေးထားသည်။

မတ်လ ၉ ရက်ကလည်း နွားထိုးကြီးမြို့နယ်၊ ကျားတွင်းဘိုးကျေးရွာဝန်းကျင်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ ၅၀ နီးပါး သေဆုံးပြီး လက်နက် ၄၀ကျော်ကို နွားထိုးကြီး PDF မြင်းခြံခရိုင် တပ်ရင်း(၄)နှင့် (၁၁) က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ဒရုန်းနဲ့ ကျေးရွာတွင်း ဗုံးကြဲခဲ့တာကြောင့် ဆည်ကွဲကျေးရွာက အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စု တုံးဗျောရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက် ၄လက် သိမ်းရခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။