Connect with us

Hi, what are you looking for?

သတင်း

ကရင်နဲ့မွန်ကို စစ်ရေးတာဝန်ယူတဲ့ ရတခရဲ့ ဒုတိုင်းမှုးနေရာ စစ်ကောင်စီ လူသစ်လဲကစား

ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ကိုစစ်ရေးတာဝန်ယူတဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) ရဲ့ ဒုတိုင်းမှုး နေရာကို စစ်ကောင်စီက အပြောင်းအလဲပြုလုပ်လိုက်တယ်လို့သိရပါတယ်။

မေနွယ် /People’s Spring

ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ကိုစစ်ရေးတာဝန်ယူတဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) ရဲ့ ဒုတိုင်းမှုး နေရာကို စစ်ကောင်စီက အပြောင်းအလဲပြုလုပ်လိုက်တယ်လို့သိရပါတယ်။

ဒုတိုင်းမှုး ဗိုလ်မှုးချုပ်ဇော်မင်းအောင် နေရာမှာ ဗိုလ်မှုးကြီး ဗညားဝင်း ကိုခန့်အပ်လိုက်တာလို့ စစ်ကောင်စီရဲ့သတင်းဖော်ပြချက်အရသိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမတ်လ ၉ ရက်က ပြုလုပ်တဲ့ ဂျိုင်း(ကော့ကရိတ်) တံတားဖွင့်ပွဲမှာ ဒုတိုင်းမှုးအဖြစ် ဗိုလ်မှုးကြီး ဗညားဝင်း တက်ရောက်တာကိုစစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယခင်ဒုတိုင်းမှုး ဗိုလ်မှုးချုပ်ဇော်မင်းအောင်ဟာ စစ်ကောင်စီခန့် ကရင် ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးနဲ့ အချင်းများခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။

စစ်ကောင်စီခန့် ဝန်ကြီးချုပ် ဦးစောမြင့်ဦးဟာ ဗိုလ်မှုးချုပ်အဆင့်နဲ့ အငြိမ်းစားယူခဲ့တာဖြစ်ပြီး ဗိုလ်မှုးချုပ် ဇော်မင်းအောင်ထက် စစ်တပ်မှာ စီနီယာကျသူဖြစ်ပါတယ်။

အဲဒီနောက်မှာ တော့ ဗိုလ်မှုးချုပ်ဇော်မင်းအောင်ကို ပြည်နယ်အတွင်းက ပွဲအခမ်းအနားတွေမှာ မမြင်ရတော့သလို ဘားအံ ကနေ ရှေ့တန်းစစ်ဆင်ရေးနယ်မြေဖြစ်တဲ့ ကော့ကရိတ်မြို့ရှိ အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဆီ ပြောင်းရွှေ့ခံလိုက်ရတယ်လို့သိရပါတယ်။

အခု အသစ်ရောက်လာတဲ့ ဒုတိုင်းမှုး ဗိုလ်မှုးကြီး ဗညားဝင်းကတော့ ကရင်ပြည်နယ်အတွင်း ထိုင်းနယ်စပ်က လာတဲ့ ကုန်ကားတွေကို ဖမ်းဆီးရာမှာ အဓိက တာဝန်ယူ လုပ်ကိုင်နေသူဖြစ်တယ်လို့ ဒေသတွင်းကရင် စစ်ရေး သတင်းရင်းမြစ်ကအသိပေးပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မြဝတီကနေ တက်လာတဲ့ ရာနဲ့ချီတဲ့ ကုန်ကားကို စစ်ကောင်စီတပ်က တရားမဝင် ကုန်စည် သယ်ဆောင်မှုနဲ့ ဖမ်းဆီးရာမှာ အပစ်ရပ် ထားတဲ့ ကရင့်လက်နက်ကိုင်အဖွဲ့တွေပိုင်ဆိုင်တဲ့ ကုန်ကားတွေ ပါ ပါဝင်ခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ)ဟာ မွန်ပြည်နယ် ၊မော်လမြိုင်မြို့မှာ အခြေစိုက်ပြီး ကရင် ပြည်နယ် ၊မွန်ပြည်နယ် တို့က စစ်ဆင်ရေးဂွင်တွေကိုတာဝန်ယူတဲ့ တိုင်းစစ်ဌာနချုပ်ဖြစ်ပါတယ်။ ရတခ လက်အောက်မှာ အခြေချ စစ်ဗျူဟာ (၄) ခု၊ လှုပ်ရှား စစ်ဗျူဟာ (၃)ခုနဲ့ ခြေလျင်/ခြေမြန်တပ်ရင်း (၁၆) ရင်းရှိပါတယ်။

ဘာအံ အခြေစိုက်တဲ့ အမှတ် (၂၂) ခြေမြန်တပ်မဌာနချုပ် ၊ ကော့ကရိတ် ရှိ အမှတ် (၁၂) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် ၊ မွန်ပြည်နယ် ကျိုက်ထိုမြို့အခြေစိုက် အမှတ် (၄၄ ) ခြေမြန်တပ်မဌာနချုပ် ၊ ရေးမြို့ ရှိ အမှတ် ( ၁၉) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်တွေကလည်း ရတခ စစ်ဌာနချုပ်ရဲ့ကွပ်ကဲမှုအောက်က လက်အောက်ခံ ဌာနချုပ်တွေဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ် ဧပြီလအတွင်း ရတခ စစ်ဌာနချုပ် ဆီ စစ်ကောင်စီ ဒုခေါင်းဆောင် ရောက်ရှိချိန်မှာ တော်လှန်ရေးတပ်ဘက်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ် ရှိထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းသစ်တပ်က ကရင်ပြည်နယ်၊ဘားအံမြို့နယ်ကသံလွင်မြစ်ကြောင်းမှာမြစ်တွင်းသွား တိုက်ရေယာဉ်တစ်စီးစစ်ရေးလေ့ကျင့်သွားမယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)ထံ KTLA ရဲဘော် ၃၇ဦး အလင်းဝင်လာကြောင်း KNU မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုပါတယ်။

သတင်း

စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ပါ တိုက်ပွဲပြင်းထန်နေ