Connect with us

Hi, what are you looking for?

News

ဖယ်ခုံမြို့နယ်တွင် ညပိုင်းထိတိုက်ပွဲ ဆက်လက်ပြင်းထန်နေ

ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စု လွယ်ဟွဲရွာ နှင့် စက်‌တော် ကျေးရွာတို့တွင် ယနေ့နံနက်ပိုင်းမှ ညပိုင်းအထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။

(ဖယ်ခုံ PDFများ၏ ပုံအဟောင်းကို အသုံးပြုထားပါသည်)

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် ယနေ့(နိုဝင် ဘာ၄ရက်)ညပိုင်းအထိ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာရမှုများပြားကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) က ထုတ်ပြန်သည်။

ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စု လွယ်ဟွဲရွာ နှင့် စက်‌တော် ကျေးရွာတို့တွင် ယနေ့နံနက်ပိုင်းမှ ညပိုင်းအထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။

တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အရေအတွက် အတည်မပြုနိုင်သေးသော်လည်း များပြားကြောင်း၊ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့်၊ ဒေသကကာကွယ်ရေးတပ်မှ ရဲဘော် အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စုတွင် နိုဝင်ဘာ ၂ရက်မှစ၍ နေ့စဉ် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ တိုက်ပွဲများကြောင့် လွယ်ဟွဲရွာခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

Public Service Announcement

Public Service Announcement

ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော် (KA)၊ KNDF နှင့် PDF ပူးပေါင်းမဟာမိတ်အဖွဲ့များမှ ခုခံ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း KNDF ကထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။