Connect with us

Hi, what are you looking for?

News

စစ်တပ်ရဲ့အကြမ်းဖက်လုပ်ရပ်တွေ အဆုံးသတ်ရေး ကုလလုံခြုံရေးကောင်စီချက်ချင်းလုပ် ဆောင်ဖို့ ပြည်တွင်း၊ပြည်ပ အဖွဲ့အစည်း ၅၀၀ ကျော် တောင်းဆို

မြန်မာပြည်သူတွေအပေါ် စစ်တပ်ရဲ့အကြမ်းဖက်ကျူးလွန်မှုတွေကို ရပ်တန့်နိုင်ရေး နိုင်ငံတကာ အသိုင်းအဝန်းက ညီညွတ်တဲ့ဆုံးဖြတ်ချက်ချမှတ်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေး ကျင်းပဖို့တောင်းဆိုတာ ဖြစ်တယ်လို့ Burma Campaign UK က ထုတ်ပြန်ပါတယ်။

(အကြမ်းဖက်စစ်​ကောင်စီတပ်က မီးဖြင့်ရှို့ခဲ့သဖြင့်မီး​လောင်ပျက်စီး​နေ​သော ထန်တလန်မြို့ရှိ​နေအိမ်များ၊ ဓါတ်ပုံ- The Chin Journal)

မြန်မာစစ်တပ်ရဲ့အကြမ်းဖက်လုပ်ရပ်တွေ အဆုံးသတ်ရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချက်ချင်းလုပ်ဆောင်ရမယ်လို့ အရပ်ဘက်အဖွဲ့အစည်း ၅၀၀ ကျော်က လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။

Burma Campaign UK အပါအဝင် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်း ၅၂၁ ဖွဲ့က မြန်မာစစ်တပ်အနေနဲ့ ချင်းပြည်နယ်မှာ နောက်ထပ်ရက်စက်ယုတ်မာတဲ့ရာဇဝတ်မှုလှိုင်းကို ကျူးလွန်နေပြီး မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှု၊ လူ့အခွင့်အရေးနဲ့ နိုင်ငံရေးအခြေအနေဆိုးရွားနေတာကို ဖြေရှင်းနိုင်ရေး လုံခြုံရေးကောင်စီအစည်းအဝေး ချက်ချင်းခေါ်ယူကျင်းပဖို့ တောင်းဆိုတာဖြစ်ပါ တယ်။

(အကြမ်းဖက်စစ်​ကောင်စီတပ်က မီးဖြင့်ရှို့ခဲ့သဖြင့်မီး​လောင်ပျက်စီး​နေ​သော ထန်တလန်မြို့ရှိ​နေအိမ်များ၊ ဓါတ်ပုံ- The Chin Journal)

မြန်မာပြည်သူတွေအပေါ် စစ်တပ်ရဲ့အကြမ်းဖက်ကျူးလွန်မှုတွေကို ရပ်တန့်နိုင်ရေး နိုင်ငံတကာ အသိုင်းအဝန်းက ညီညွတ်တဲ့ဆုံးဖြတ်ချက်ချမှတ်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေး ကျင်းပဖို့တောင်းဆိုတာ ဖြစ်တယ်လို့ Burma Campaign UK က ထုတ်ပြန်ပါတယ်။

မကြာသေးခင်ကလည်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူက ချင်းပြည်နယ်၊ ထန်တလန်ဖြစ်စဉ်ဟာ မြန်မာစစ်တပ်ကို လုံခြုံရေးကောင်စီ က အရေးယူဖို့ နောက်ထပ်အကြောင်းပြချက်ဖြစ်တယ်လို့ တိုက်တွန်းထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။