Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့ပြာကျစေရန် စစ်ကောင်စီက မီးလောင်ဗုံးများဖြင့် နေ့စဥ်ပစ်ခတ်နေ

ရှမ်း – ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့အား ပြာကျစေရန် ရည်ရွယ်ချက်ဖြင့် စစ်ကောင်စီက မီးလောင်ဗုံးများဖြင့် နေ့စဥ်ပစ်ခတ်နေကြောင်း ရှမ်းတောင်စစ်ဒေသခွဲ၊ အမှတ်(၁)ဗျူဟာက ယနေ့(မတ်လ ၂၁ရက်) ထုတ်ပြန်သည်။

မတ် ၂၁၊ ၂၀၂၅။ ရဲခေါင်/People’s Spring

ရှမ်း – ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့အား ပြာကျစေရန် ရည်ရွယ်ချက်ဖြင့် စစ်ကောင်စီက မီးလောင်ဗုံးများဖြင့် နေ့စဥ်ပစ်ခတ်နေကြောင်း ရှမ်းတောင်စစ်ဒေသခွဲ၊ အမှတ်(၁)ဗျူဟာက ယနေ့(မတ်လ ၂၁ရက်) ထုတ်ပြန်သည်။

မဟာမိတ်တပ်ပေါင်းစု၏ ထိန်းချုပ်ထားသော မိုးဗြဲမြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကြောင်းသုံးကြောင်းအပြင် နည်းလမ်းမျိုးစုံဖြင့် တိုက်စစ်ဖွင့်ထိုးစစ်ဆင်လာသည်မှာ ၄လခန့်ကြာမြင့်လာပြီဟု ရှမ်းတောင်စစ်ဒေသခွဲ၊ အမှတ်(၁)ဗျူဟာက အသိပေးသည်။

ယခု မတ်လအတွင်း စစ်ရေးပိုပြီးပြင်းထန်ကာ တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲကြီး၊ငယ်များ နေ့စဥ် ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိနာနေသောကြောင့် ဖယ်ခုံနှင့် လွိုင်ကော်မြို့မှ လက်နက်ကြီးအကူ ၊ လေကြောင်းအကူအပြင် တိုက်ခိုက်ရေးဒရုန်းနှင့် ကာမီကာဇေ(အသေခံ)ဒရုန်းတို့ဖြင့်ပါ တိုက်ခိုက်လာသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယနေ့အချိန်ထိ မိုးဗြဲမြို့ကို ကာကွယ်ရေးတပ်ဖွဲ့များက ဆက်လက်ထိန်းချုပ်နေဆဲဖြစ်ကြောင်းလည်း ရှမ်းတောင်စစ်ဒေသခွဲဗျူဟာမှူး ကိုနေကောင်းက ပြောသည်။

” ၄၂၂ တပ်ထဲမှာလည်း ရှိတယ်။လက်ရှိ မိုးဗြဲမြို့ပြင်နေရာအချို့မှာပဲ။သူတို့ဘက်ကတော့ တစ်ရက် မဟုတ်တစ်ရက်တော့ ထိုးစစ်ဆင်ဦးမှာပဲ။မိုးဗြဲကိုသူတို့က ပြန်ရချင်တယ်။ပြန်ပြီးတော့မှ ထိန်းချုပ်ချင်တဲ့ အနေအခါမျိုးမှာတော့ သူတို့တပ်ရင်းစခန်းမပြုတ်မချင်း သူတို့လုပ်ဦးမှာပဲ။ မိုးဗြဲကိုပြန်ရဖို့သူတို့က နည်းလမ်းမျိုးစုံနဲ့ ထိုးစစ်ဆင်လာဦးမှာပဲ”ဟု ၎င်းက လူထုနွေဦးသို့ ရှင်းပြသည်။

စစ်ကောင်စီသည် မိုးဗြဲမြို့ပြာကျစေရန် အဓိကရည် ရွယ်ချက်ထားပြီး မီးလောင်ဗုံးများ အသုံးပြု၍ ခမရ(၄၂၂)တပ်ရင်းမှ နေ့စဥ် ပစ်ခတ်လာသောကြောင့် မိုးဗြဲမြို့ပေါ်ရပ်ကွက် နေအိမ် (၃၀)ထက်မနည်း မီးလောင်ပျက်စီးဆုံးရှုံးထားရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် လူသားမဆန်သည့်လုပ်ရပ်များ လုပ်ဆောင်ပြီး အများပြည်သူလူထုနေအိမ်များကိုလည်း စစ်ကောင်စီက ဖျက်ဆီးနေကြောင်းလည်း အသိပေးသည်။

“လက်နက်ကြီးနဲ့ ဒရုန်းတော့နေ့တိုင်း ကြဲနေတယ်။အခုက လက်နက်ကြီးကျတဲ့အိမ်ဆိုရင် မီးလောင်တော့တာပဲ”ဟု မိုးဗြဲစစ်မြေပြင်ရှိရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်နယ် ချိတ်ဆက်ထားသည့် ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော်လမ်းမကြီးပေါ်ရှိ မိုးဗြဲမြို့ကို ၂၀၂၃က ‘၁၁၁၁ စစ်ဆင်ရေး’ဖြင့် ကရင်နီတပ်ပေါင်းစုက မိုးဗြဲမြို့ကိုထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

မိုးဗြဲမြို့၏ နှစ်မိုင်ကျော်အကွာ မြောက်ဘက်ခြမ်းရှိ အမှတ်(၄၄၂)ခြေမြန်တပ်ရင်း (ခမရ -၄၄၂)ကိုခြေကုပ်ယူကာ ၂၀၂၄ ဒီဇင်ဘာကစ၍ စစ်ကောင်စီသည် လူအင်အားနှင့်ဒရုန်းများ၊ လက်နက်အင်အားသာလွန်စွာအသုံးပြု၍ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

အဆိုပါ ထိုးစစ်ကို ရှမ်းတောင်စစ်ဒေသခွဲ အမှတ် (၁)ဗျူဟာ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)နှင့် အခြားတပ်ပေါင်းစုများမှ ခုခံနေပြီး စစ်ရေး၊ဆေးဝါးနှင့် စားနပ်ရိက္ခာ အကူအညီများပံ့ပိုးပေးရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။