Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်နှင့် ဝိုင်းမော်၌ တိုက်ပွဲဖြစ်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်နှင့် ဖားကန့်မြို့နယ်တို့၌ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက မတ်လ ၂၂ရက်တွင် ဖော်ပြသည်။

နမ့်ဖက်ကာအခြေစိုက် စစ်ကောင်စီ​၏ ခလရ (၁၂၃) တပ်ရင်းမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများနှင့် KIA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၄ ဇန်နဝါရီ၂၄ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - CJ

မတ်-၂၃၊၂၀၂၅။ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်နှင့် ဖားကန့်မြို့နယ်တို့၌ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက မတ်လ ၂၂ရက်တွင် ဖော်ပြသည်။

ဖားကန့်မြို့နယ်၊ ကျောက်ဖျာကျေးရွာအနီးတွင် မတ်လ ၂၂ရက်က တိုက်ပွဲဖြစ်ခဲ့ပြီး ဝိုင်းမော် လမြန်ကျေးရွာအနီးတွင်လည်း မတ်လ ၂၁ရက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားပြီး တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးအခြေအနေနှင့် အသေးစိတ် အခြေအနေများ ဖော်ပြထားခြင်းမရှိပေ။

မတ်လ ၂၂ရက် ညနေပိုင်းကစ၍ ဖားကန့် – မိုးကောင်းလမ်းပိုင်းရှိ လုံဘရာကျေးရွာအနီး၌ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေကြောင်း သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

ဖားကန့်မြို့သို့ မရောက်မီ (၆)မိုင်ခန့်အကွာ ဖားကန့် – မိုးကောင်းလမ်းပိုင်းရှိ လုံဘရာကျေးရွာအနီးတွင် ညနေ ၆နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ပွားနေခြင်းဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“လုံးခင်း လယ်ပြင်ဂိတ်က စစ်ကောင်စီတပ်ကို KIAတိုက်တာ။ စစ်ရေးအခြေအနေ တင်းမာနေတယ်။ “ဟု KIA သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီ၊ ရှမ်းနီတပ်(SNA)နှင့် ပြည်သူ့စစ်အဖွဲ့များက အဆိုပါလမ်းပိုင်းရှိ လဝါးရွာနှင့် ဒွန်ဘုန်းခကျေးရွာတို့တွင် တပ်စွဲလိုက်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ဝိုင်းမော်မြို့နယ်၊ လမြန်ဒေသသို့ စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာ၍ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊စစ်ကောင်စီသည် မတ်လ ၁၇ရက်မှစ၍ ဝိုင်းမော်ဒေသ၌ စစ်ရေးလှုပ်ရှားမှုနှင့် စစ်အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း အသိပေးထားသည်။

ထို့ပြင် တနိုင်းမြို့နယ်၊ ဟူးခေါင်းဒေသ၌ ကျော်သူရ ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့က တနိုင်းမြို့ပေါ်နှင့် အနီးအနားကျေးရွာများ၌ စစ်ရေးလှုပ်ရှားခြင်း၊ ပြည်သူများကို တင်းကြပ်စွာ စစ်ဆေးမေးမြန်းခြင်းများ လုပ်ဆောင် ငွေညှစ်နေကြောင်းလည်း KIAက အသိပေးသည်။

ပြည်သူ့စစ်က လတ်တလော စစ်ရေးလှုပ်ရှားမှုများပိုမိုလုပ်ဆောင်ရာတွင် လူသစ်စုဆောင်းခြင်း၊ အသက်ကြီးသူများကို စစ်တပ်စခန်းများ၌ သန့်ရှင်းရေးလုပ်ဆောင်ခိုင်းပြီး လူငယ်များအား ပြည်သူ့စစ်အတွင်း အတင်းဝင်ရောက်ခိုင်းခြင်း လုပ်ဆောင်နေခြင်းဖြစ်ဟု ဖော်ပြသည်။

KIAပူးပေါင်းတပ်က ဗန်းမော်မြို့သိမ်းစစ်ဆင်ရေး အပြီးသတ်အောင်မြင်မှု ရရှိရန် ကြိုးပမ်းနေချိန် စစ်ကောင်စီက ဖားကန့်၊ တနိုင်း၊ မြစ်ကြီးနား၊ ပူတာအို ဒေသများ၌ စစ်ရေးလှုပ်ရှားခြင်း၊ စစ်အင်အားဖြည့်တင်းခြင်း၊ ပြည်သူနေထိုင်ရာ နေရာများသို့ ဝင်ရောက်နေထိုင်ခြင်း၊ လူသစ်စုဆောင်းခြင်းများ လုပ်ဆောင်နေကြောင်း KIAက အသိပေးထားသည်။

KIA အနေဖြင့် ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ဒီဇင်ဘာ ၄ရက်က စတင်ခဲ့ရာ တိုက်ပွဲ ၄လကျော်ကြာပြီဖြစ်ပြီး လက်ရှိတွင် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အပြီးသတ် သိမ်းနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။ စကခ(၂၁)၏ ကားကင်းများကို KIAပူးပေါင်းတပ်က သိမ်းပိုက်ထားနိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဗန်းမော်မြို့တိုက်ပွဲ နှင့် ကချင်ဒေသစစ်ရေး အခြေအနေများကို KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ယနေ့(မတ်လ ၂၃ရက်)တွင် ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာတဲ့စစ်သင်္ဘောတွေ ဒီက​နေ့ မနက်မှာ မန္တလေး ​ဂေါဝိန်ဆိပ်ကမ်းကိုဆိုက်ကပ်ပြီးဒဏ်ရာရစစ်သားအများစုကို ပြင်ဦးလွင်စစ်ဆေးရုံကိုပို့ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်ရွှေကူမြို့ နဲ့ ဗန်းမော်မြို့ကြား စစ်တပ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ထိခိုက်ပျက်စီးခဲ့တဲ့ သင်္ဘောတွေပေါ်ကနေ ရေထဲမျောပါနေသူတွေကို လိုက်လံရှာဖွေကယ်တင်ခဲ့တာမှာ စစ်တပ်သင်္ဘော​ပေါ်က​နေ ဧရာဝတီမြစ်ထဲ​မျောပါပြီ မြစ်ကမ်း​ဘေးမှာ နှစ်ပါတ်​ကျော် အစာမစားရတဲ့ စစ်တပ်မိသားစုဝင်က​​လေးငယ်တဦးကိုကယ်တင်ခဲ့ပါတယ် ။

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ

သတင်း

ကချင်နဲ့ရခိုင်ပြည်နယ်ကို ကြည်းရေလေစစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်​ပေမယ့် ဧရာဝတီမြစ်​ကြောင်းတိုက်ပွဲမှာစစ်ရှုံးခဲ့ပြီး​နောက်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်ကြီးကိုကိုဦး ကိုပြည်ထဲရေးဝန်ကြီးအဖြစ် အရပ်ဖက်ရာထူးပူးတွဲခန့်အပ်လိုက်ပါတယ်။