Connect with us

Hi, what are you looking for?

News

ဘားအံမှာ ဒီရက်ပိုင်းဖမ်းဆီးခံရသူတွေရှိနေ

ဘားအံမြို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေ ရှာဖွေဖမ်းဆီးစစ်ဆေးမှုတွေ ပုံမှန်လုပ်နေပြီး အခုရက်ပိုင်းအတွင်းမှာ လူအချို့ကို ဖမ်းဆီးတာတွေရှိနေတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။

ဘားအံမြို့က ရပ်ကွက်တွေအတွင်းမှာ ညတိုင်းလိုလို စစ်ကောင်စီတပ်တွေက မော်တော်ယာဉ်နဲ့ လိုက်လံရှာဖွေဖမ်းဆီးတာတွေ လုပ်ဆောင်နေပြီး CDM လုပ်နေသူအပါအဝင် လူအချို့ကို ဖမ်းဆီးရမိလို့ ပုဒ်မတပ်ပြီး အမှုဖွင့်ရုံးထုတ်စစ်ဆေးနေတာတွေရှိနေတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။

” ဖမ်းမိတာတွေရှိတယ်။ ပုဒ်မ ၅၀၅ ရှိတယ်။ စီဒီအမ်တွေလည်း ဖမ်းမိတယ်။ အကြမ်းဖက်ဥပဒေပုဒ်မလည်း ရှိတယ်။ တစ်နေ့ တစ်ယောက် နှစ်ယောက် သုံးယောက်အဲ့လိုမျိုး” စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းလောက်က ဘားအံမြို့ပေါ်မှာ ဖမ်းဆီးရမိတဲ့ လူငယ်အချို့ကို ပုဒ်မ ၅၀၅ နဲ့ အမှုဖွင့်အရေးယူ ရုံးထုတ်ဆောင်ရွက်လျက်ရှိနေတယ်လို့ သိရပါသေးတယ်။

ဘားအံမြို့နယ်အတွင်းမှာ လူစုလူဝေးမပြုလုပ်ဖို့ ပုဒ်မ ၁၄၄ အမိန့်က ဆက်လက်တည်ရှိနေပြီး ညမထွက်ရ အမိန့်ကိုတော့ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ စစ်ကောင်စီက ပြောင်းလဲပြင်ဆင်သတ်မှတ်ထားရှိလိုက်တာပါ။

Public Service Announcement

Public Service Announcement

လာမယ့် နိုဝင်ဘာ ၇ ရက်မှာ ကျရောက်မယ့် ကရင်ပြည်နယ်နေ့ပွဲတော်နီးကပ်လာချိန်မှာ စစ်ကောင်စီတပ်ဖွဲ့က မြို့တွင်းမှာ ရှာဖွေဖမ်းဆီးစစ်ဆေးတာတွေက ပုံမှန်လိုလိုရှိနေတာဖြစ်ပါတယ်။

ဒါ့အပြင် ဘားအံမြို့အဝင်အထွက်နေရာတွေအားလုံးသာမက မြို့တွင်းနေရာတွေမှာလည်း ဖြတ်သန်းသွားလာနေတဲ့ ကားဆိုင်ကယ်တွေကို စစ်ကောင်စီတပ်ဖွဲ့တွေက တားဆီးကာ ရှာဖွေစစ်ဆေးတာတွေလည်း နေ့စဉ် လုပ်ဆောင်နေတာဖြစ်တယ်လို့ မြို့ခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်ကနေ စက်သုံးဆီနဲ့ စက်ပစ္စည်းတွေတင်လာတဲ့​လှေ တစ်စီးဟာရမ်းဗြဲမြို့နယ်၊မင်းကြောင်းချောင်းရွာအနီး ပင်လယ်ပြင်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ​လှေပေါ် ပါလာသူ ခုနစ်ဦးပါ ထိန်းသိမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။