Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက စစ်မတိုက်​သောအဖွဲ့များနှင့် ငြိမ်းချမ်း​ရေး​ဆွေး​နွေး

စစ်​ကောင်စီက ​နေပြည်​တော်တွင် စစ်မတိုက်​ဘဲ ယခင်အစိုးရလက်ထက်များကတည်းက အပစ်ရပ်လက်မှတ်ထိုးထားသာတိုင်းရင်းသာလက်နက်ကိုင်အဖွဲ့များ နှင့် ငြိမ်းချမ်း​ရေး​ဆွေး​​နွေး​နေသည်။

စစ်​ကောင်စီ၏ ငြိမ်းချမ်း​ရေး​ဆွေး​နွေပွဲကို​တွေ့ရစဥ်။ ဓါတ်ပုံ-MOI

မတ်-၂၅၊၂၀၂၅။ဟန်နွေ/People’s Spring

စစ်​ကောင်စီက ​နေပြည်​တော်တွင် စစ်မတိုက်​ဘဲ ယခင်အစိုးရလက်ထက်များကတည်းက အပစ်ရပ်လက်မှတ်ထိုးထားသာတိုင်းရင်းသာလက်နက်ကိုင်အဖွဲ့များ နှင့် ငြိမ်းချမ်း​ရေး​ဆွေး​​နွေး​နေသည်။

စစ်​ကောင်စီက ​နေပြည်​တော်ရှိ MICC-2 တွင် စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းစစ်တပ်နှင့်ထိ​တွေ့ဆက်ဆံမှု ပုံမှန်ပြုလုပ်​နေ​သော NCA လက်မှတ်​ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ၊ စစ်​​ကောင်စီထံတွင်မှတ်ပုံတင်ထား​သောပါတီများ ၊ယခင်အစိုးရလက်ထက် MPC အဖွဲ့ဝင်များ ၊လုပ်ငန်းရှင်အချို့စသည်တို့နှင့် ငြိမ်းချမ်း​ရေး​ဆွေး​နွေးပွဲ​ခေါင်းစဥ်ဖြင့် မတ်လ ၂၄ ရက်မှ ၂၆ ရက်ထိသုံးရက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုပွဲကို စစ်​ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်​ရေး နှင့် ငြိမ်းချမ်း​ရေး​ဖော်​​ဆောင်မှု​ကော်မတီ ကဦး​ဆောင်လုပ်ခဲ့ခြင်းဖြစ်သည်။

ထူးခြားချက်မှာ ယခု​ဆွေး​နွေးပွဲသို့ လက်ကျန် ၇ ဖွဲ့တွင် အင်အားအ​ကောင်းဆုံးဖြစ်​သော RCSS မှ တက်​ရောက်ခြင်းမရှိ​ကြောင်း ထိုအဖွဲ့က မီဒီယာအချို့သို့​ဖြေဆိုထားသည်။

Public Service Announcement

Public Service Announcement

NCA လက်မှတ်​ရေးထိုးထားပြီး စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းပုံမှန်ထိ​တွေ့ဆက်ဆံ​နေ​သောအဖွဲ့များမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ KNU/KNLA -PCငြိမ်းချမ်းရေးကောင်စီ ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) မွန်ပြည်သစ်ပါတီ(NMSP) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)တို့ဖြစ်သည်။KNU/KNLA -PC သည် စစ်​ကောင်စီကို တိုက်ခိုက်​နေ​သော KNU နှင့်မတူဘဲ အင်အားအနည်းငယ်သာရှိ​သောအဖွဲ့ဖြစ်သည်။

ထို ၇ ဖွဲ့ထဲတွင် PNLO/PNLA သည် ၂၀၂၄ နှစ်ဆန်းပိုင်းမှ စ၍ ​တော်လှန်​ရေးအင်အားစုများနှင့် ပူး​ပေါင်း၍ စစ်​ကောင်စီကို ​တော်လှန်တိုက်ပွဲဝင်​နေသည်။ သို့​သော် အဖွဲ့မှ ဦး​ဆောင်နယက ခွန်ဥက္ကာမှာ စစ်​ကောင်စီ နှင့် ထိ​တွေ့ဆက်ဆံ​နေပြီး၎င်းအပါအဝင်အဖွဲ့ဝင် ၃ ဦးကPNLO-NCA-S ကိုဖွဲ့စည်း​ကြောင်း​ ၂၀၂၄​အောက်တိုဘာ ၉ ရက်တွင် ကြေညာသည်။ထို​နောက် PNLO/PNLA ဗဟို​ကော်မတီကလည်း ၎င်းတို့ သုံးဦးကိုထုတ်ပယ်​ကြောင်း ​အောက်တိုဘာ ၁၂ ရက်တွင်​ကြေညာသည်။ထို​နောက်ပိုင်းတွင်လည်း PNLA မှာ ​တော်လှန်​ရေးအဖွဲ့များနှင့် ပူး​ပေါင်း၍ စစ်​ကောင်စီတပ် နှင့် PNA ပြည့်သူ့စစ်များကိုတိုက်ခိုက်​နေသည်။ဗိုလ်မှူးကြီး ခွန်ဥက္ကာ၏ PNLO-NCA-S မှာမူ တပ်လက်ကိုင်မရှိဘဲငြိမ်းချမ်း​ရေး​ဆွေး​နွေးပွဲများတက်​နေခြင်းဖြစ်သည်။

MNSP မှ ​ခေါင်း​ဆောင်အချို့မှာလည်း ခွဲထွက်ပြီးမွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD) ကိုဖွဲ့၍စစ်​ကောင်စီတပ်ကိုခုခံတိုက်ခိုက်​နေသည်။

ထို​ကြောင့် MNSP နှင့် PNLO-NCA-S ပါဝင်မှုမှာယခင်ကဲ့သို့အပြည့်အဝ မဟုတ်​တော့​​သော်လည်းစစ်​ကောင်စီကမူ EAO ၇ဖွဲဟုဆို​နေဆဲဖြစ်သည်။

ထို ၇ ဖွဲ့တွင် RCSS မှာ အင်အား​ကောင်းပြီးကျန်အဖွဲ့များမှာ အင်အားအနည်းငယ်သာရှိသလို PNLO-NCA-S တွင်လက်နက်ကိုင်တပ်ပင်မရှိ​ပေ။

ထို​ကြောင့်အဆိုပါအဖွဲ့များသည်စစ်​ကောင်စီတပ်ကိုလည်း တိုက်ခိုက်ခြင်းမရှိ​သော်လည်း ငြိမ်းချမ်း​ရေး​ဆွေး​နွေးပွဲများကို အကြိမ်ကြိမ်​ဆွေး​နွေး​နေခြင်းဖြစ်သည်။

တဖက်တွင် နိုင်ငံတဝန်းတိုက်ပွဲများပြင်းထန်စွာဖြစ်ပွား​နေပြီး KIA ၊ KNU ၊ AA ၊ KA ၊ CNA၊ MNDAA ၊ TNLA စ​သော အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ ​နွေဦး​တော်လှန်​ရေးအင်အားစုများနှင့်ပူး​ပေါင်း၍ မြို့များ ၊စစ်တပ်စခန်းများ ၊တပ်ရင်းများ ၊ဌာနချုပ်များကို ထိုးစစ်ဆင်သိမ်းပိုက်​နေသည်။

“အခု စကစရဲ့ဆွေးနွေးဖက်တွေက စကစနဲ့ ဘာပြသနာမှ မရှိတဲ့ အဖွဲ့တွေပါ၊ တကယ်တော့အာဏာသိမ်းမှုကြောင့် စကစကို တိုက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးရမှာလေ။အဲတော့ အခု စကစရဲ့ငြိမ်းချမ်းစွာ အဖြေရှားရေး ချဉ်းကပ်မှုကို ဘယ်သူမှစိတ်ဝင်စားမှာမဟုတ်ဘူး”ဟု ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက စစ်ကောင်စီ လုပ်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အပေါ် မှတ်ချက်ပြုသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကလည်း စစ်​ကောင်စီမှာငြိမ်းချမ်းရေးကို ပါးစပ်က ပြောပြီး လက်တွေ့တွင် ပြည်သူများကို တိုက်ခိုက်သတ်ဖြတ်နေသည့် ၎င်း၏ ပြောဆို လုပ်ဆောင်ချက်များကို ခေါင်းထဲ ထည့်မထားကြောင်း​ပြောသည်။

“ငြိမ်းချမ်းရေးနဲ့ ပါးစပ်ပြောထားပြီး လူထုကို သတ်ဖြတ်နေတဲ့ဟာတွေက နေ့စဉ်ရက်ဆက်ဖြစ်နေတဲ့အခါကျတော့ ယုံကြည်မှုတွေအကုန်လုံး ပျောက်သွားပြီးတော့ လူထုက စစ်အာဏာရှင် တိုက်ဖျက်ရေး ဆုံးခန်းတိုင် အရောက်သွားဖို့ လုံးပန်းနေတဲ့အနေအထားပါ။” ဟု ပဒိုစောတောနီးက ပြောသည်။

KNU/KNLA ၊ CNF/CNA တို့မှာ စစ်တပ်အာဏာမသိမ်းခင်က NCA တွင်ပါဝင်လက်မှတ်​ရေးထိုးခဲ့​သော်လည်း စစ်တပ်အာဏာသိမ်းပြီး​နောက် ပြည်သူနှင့်အတူ ရပ်တည်ကာ စစ်​ကောင်စီကို ခုခံ​တော်လှန်တိုက်ခိုက်​နေကြခြင်းဖြစ်သည်။

​”တွေ့ဆုံဆွေးနွေးမှုများမှငြိမ်းချမ်းသော နိုင်ငံတော်သစ်ဆီသို့”​ခေါင်းစဥ်ဖြင့်​ ​နေပြည်​တော်တွင်လုပ်​နေ​သောဆွေးနွေးပွဲတွင်စစ်ကောင်စီက ငြိမ်းချမ်းရေးကို လက်နက်ကိုင်ဖြေရှင်းခြင်းမပြုရန် ၊ ငြိမ်းချမ်းရေးအတွက် အကြမ်းမဖက် သောနည်းလမ်းဖြင့် ဆောင်ရွက်ခြင်းသည်သာ ရေရှည်တည်တံ့မည်စသဖြင့် ဆွေးနွေးခဲ့​ကြောင်း စစ်ကောင်စီဝါဒဖြန့် မီဒီယာများက ဖော်ပြသည်။

သို့​သော်တဖက်တွင် နိုင်ငံတဝန်း စစ်ရေးအရ အထိနာနေသည့် စစ်ကောင်စီသည်စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ ဆေးရုံဆေးခန်း၊ စစ်​ရှောင်စခန်း၊​​ဈေး၊ပြည်သူလူထုနေအိမ်များကို ပစ်မှတ်ထား၍ ​လေ​ကြောင်းမှ ဗုံးကြဲသတ်ဖြတ်မှုများပိုလုပ်​နေသဖြင့် အရပ်သားပြည်သူသေဆုံးမှုများတိုး​နေသည်။စစ်​​ကောင်စီတပ် က ပြည်သူများကိုဗုံးကြဲသတ်ဖြတ်မှုနှင့် အကြမ်းဖက်မှုများကိုထို​ဆွေး​နွေးပွဲတွင် EAO လက်ကျန်အဖွဲ့များ​ရော ၊ပါတီများကပါ ​ဆွေး​နွေး​ပြောကြားခြင်းမရှိကြ​ပေ။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။