Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းမြို့ပေါ်က စစ်တပ်တပ်စွဲရာ နေရာ ၂ နေရာကို တော်လှန်ရေးအဖွဲ့တွေ ရှော့တိုက်ဒုန်းနဲ့ ပစ်ခတ်တိုက်ခိုက်

နှစ်(၈၀)ပြည့် တော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်က စစ်တပ်တပ်စွဲရာ နေရာ ၂ နေရာကို ရှော့တိုက်ဒုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force (FRF)အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ရဲဘော်အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ- FRF

မတ် ၂၈၊ ၂၀၂၅။ မင်းညို/People’s Spring

နှစ်(၈၀)ပြည့် တော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်က စစ်တပ်တပ်စွဲရာ နေရာ ၂ နေရာကို ရှော့တိုက်ဒုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force (FRF)အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

မနေ့က မတ်လ ၂၇ရက် ည (၇)နာရီ (၁၀)မိနစ်ခန့်က ဒီပဲယင်းမြို့ ကုန်းသာဦးနဲ့ အထကကျောင်း အတွင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူစောထီးတွေရှိရာကို ၁၀၇မမ ရှော့တိုက်ဒုံး (၂)လုံးနဲ့ နှစ် (၈၀)ပြည့် တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force (FRF)အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“အထိအခိုက်ကတော့ မသိရသေးဘူး။ စုံစမ်းနေတုန်းပဲ။ လက်နက်ငယ်နဲ့ ပြန်ပစ်ပေမယ့် အထိအခိုက်မရှိဘူး”လို့ FRF တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီပစ်ခတ်မှုကို Freedom Revolution Force (FRF)နဲ့ ဒီပဲယင်းမြို့နယ်ပကဖ ပူးပေါင်းတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

ပစ်ခတ်ခံရပြီးတဲ့နောက် စစ်အုပ်စုက ည ၉နာရီနောက်ပိုင်းမှာလည်း ဘောလုံးကွင်းနားအထိ ထွက်လာပြီး သေနတ်တွေ ပစ်ဖောက်ခဲ့ကြောင်း ဒေသခံအချို့က ပြော​ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန အမှတ်-၁ စစ်ဒေသအောက်ရှိ ရွှေဘိုခရိုင်တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ တော်လှန်တပ်တွေက ၂၀၂၄ ဩဂုတ်လထဲမှာ ဒီပဲယင်းမြို့ကို နာရီပိုင်းအကြာ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပေမယ့် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူနဲ့ မြေပြင်ကနေ အင်အားအများအပြားနဲ့ ပြန်လည်ထိုးစစ်ဆင်ခဲ့တာကြောင့် တော်လှန်ရေးပူးပေါင်းတပ်တွေ ပြန်လည်ဆုတ်ခွါခဲ့ရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၃ရက်ညကလည်း မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်( နမခ) ကို ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ

အရာရှိ/စစ်သည်တွေထိခိုက်သေဆုံးမှုရှိပြီး ဂိုဒေါင်အချို့မီးလောင်ခဲ့တယ်လို့ Brave Warriors for Myanmar-BWMက သတင်းထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တောင်ငူကို လာရောက်မယ့်အကြောင်း သတင်းရတာကြောင့် နေရာနှစ်နေရာကို ၁၀၇ မမရှော့တိုက်ဒုန်း လေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar-BWM အဖွဲ့တာဝန်ရှိသူကပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့အနီး တနေရာ ဒီနေ့ မေလ ၂၄ရက် ညနေပိုင်းက ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံရပြီး ပြင်းထန်တဲ့ပေါက်ကွဲမှု ၂ကြိမ်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က စစ်တပ်ရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ဒုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးဌာနကြီး (SSTF)က အသိပေးထားပါတယ်။

သတင်း

တော်လှန်ရေးအဖွဲ့တွေအချင်းချင်းပွတ်တိုက်မှု ပိုများလာတာကို အချိန်မီပြင်ဆင်ဖို့လိုပြီး ဘုံရန်သူ စစ်အာဏာရှင်ကိုမမေ့ဖို့ ကယန်းအမျိုးသားတပ်မတော်(KNA)ဥက္ကဌ ခွန်းဗဟန်းထန်က သတိပေးပြောလိုက်ပါတယ်။