Connect with us

Hi, what are you looking for?

သတင်း

သီပေါမြို့အနီး ရှော့တိုက်ဒုန်း ပေါက်ကွဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့အနီး တနေရာ ဒီနေ့ မေလ ၂၄ရက် ညနေပိုင်းက ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံရပြီး ပြင်းထန်တဲ့ပေါက်ကွဲမှု ၂ကြိမ်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(၁၀၂၇ စစ်ဆင်ရေးအတွင်း သီပေါမြို့ရှိ စစ်တပ်ရဲ့ တပ်ရင်းတစ်ခုကို TNLAပူးပေါင်းတပ်က သိမ်းပိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)

မေ-၂၄၊၂၀၂၆။ဇော်ရမ်း/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့အနီး တနေရာ ဒီနေ့ မေလ ၂၄ရက် ညနေပိုင်းက ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံရပြီး ပြင်းထန်တဲ့ပေါက်ကွဲမှု ၂ကြိမ်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညနေ ၆နာရီခန့်မှာ ပစ်ခတ်ခံရတာဖြစ်ပြီး ပေါက်ကွဲသံတွေကို မြို့ပေါ်က ကျယ်လောင်စွာကြားရတယ်လို့ ဆိုပါတယ်။

သီပေါမြို့ကနေ စစ်တပ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ပြီး လွှတ်တော်အမတ်ဖြစ်လာသူက ” ရှော့တိုက်ဒုံးအပစ်ခံရ။ အားလုံးဘေးကင်းကြပါသည်”လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးထားပါတယ်။

Public Service Announcement

Public Service Announcement

မြို့ပြင်အနီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

သီပေါမြို့ဟာ တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်က ကျောက်မဲနဲ့ လားရှိုးမြို့ကြားမှာရှိပါတယ်။တအာင်းတပ်မတော် TNLAဟာ ၂၀၂၃အောက်တိုဘာ၂၇ရက်ကစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ သိမ်းယူခဲ့တဲ့ မြို့တွေထဲမှာ သီပေါမြို့ပါခဲ့ပါတယ်။

၂၀၂၅ အောက်တိုဘာမှာတော့ တရုတ်အစိုးရဖိအားကြောင့် TNLAက ဆုတ်ခွာသွားသလို စစ်တပ်က ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။

ဒါပေမယ့် စစ်တပ်အုပ်ချုပ်ရေးယန္တရားစနစ်တကျ မလည်ပတ်နိုင်သေးသလို စစ်တပ်ဟာ စိုးရိမ်မှုတွေရှိနေတယ်လို့သိရပါတယ်။ မတ်လ ၁၈ရက်ကလည်း သီပေါမြို့နယ် နောင်အိန်ရွာအနီးကို ရှော့တိုက်ဒုန်း ၂လုံးကျရောက်ပေါက်ကွဲခဲ့ပါတယ်။

သီပေါမြို့ပေါ်ကို စစ်တပ်ကထိန်းချုပ်ထားပေမယ့် မြို့ပေါ်ရပ်ကွက်ကိုပဲဖြစ်သွားတဲ့ ဒုဌဝတီမြစ်ကူးတံတားရဲ့ တစ်ဖက်ခြမ်းဖြစ်တဲ့ သီပေါ-လားရှိုးလမ်းပိုင်းကို ကိုးကန့်တပ်မတော် MNDAA က ထိန်းချုပ်ထားပါတယ်။ တံတားရဲ့ တခြမ်းကို စစ်တပ်က ထိန်းချုပ်ထားပြီး ကျန်တခြမ်းကို MNDAA က ထိန်းချုပ်ထားသလို နှစ်ဖက်စလုံးကလည်း တံတားပိတ်ထားပါတယ်။

သီပေါမြို့ပြင်ဘက်နဲ့ မြို့နယ်အတွင်း ကျေးရွာတွေမှာလည်း ရှမ်းတပ် SSPPနဲ့ MNDAA တို့ တပ်စွဲထားပြန်ပါတယ်။တရုတ်အစိုးရဖိအားကြောင့် MNDAAက ပြန်ပေးပြီး စစ်တပ်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာလည်း ပြီးခဲ့တဲ့ ဧပြီ ၂၃ရက် ဖေဖော်ဝါရီ ၇ရက်နဲ့ ၁၁ရက်မှာ ရှော့တိုက်ဒုန်းနဲ့ ပစ်ခတ်မှု လေးကြိမ်ဖြစ်ပွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းသီပေါမြို့က ဒုဌဝတီမြစ်ဆိပ်နှစ်နေရာမှာ ‌သုံးရက်အတွင်း စက်လှေ နဲ့ ဖောင်နစ်မြုပ်မှုနှစ်ကြိမ်ဖြစ်ခဲ့ပြီး လူငါးဦးထက်မနည်း ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

လားရှိုးမြို့‌ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံရပြီးနောက်မြို့ခံတွေစိုးရိမ်နေပြီး စက်သုံးဆီနဲ့ စားသောက်ကုန်တွေ ဝယ်ယူစုဆောင်းလာကြပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့လားရှိုးမြို့‌ကို ဒီနေ့ညနေပိုင်း ရှော့တိုက်ဒုန်းသုံးလုံးပစ်ခတ်ခံရပြီး အရပ်သားအမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တောင်ငူကို လာရောက်မယ့်အကြောင်း သတင်းရတာကြောင့် နေရာနှစ်နေရာကို ၁၀၇ မမရှော့တိုက်ဒုန်း လေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar-BWM အဖွဲ့တာဝန်ရှိသူကပြောပါတယ်။