Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံသဘာဝဘေးကျနေချိန် အင်တာနက်ဆက်သွယ်ရေးလိုင်းများကို စစ်ကောင်စီဆက်ပိတ်ထား

ငလျင်ဒဏ်သင့်ပြီး နှစ်ရက်ကြာသည်အထိ အင်တာနက်ဆက်သွယ်ရေးလိုင်းများကို စစ်ကောင်စီက ပိတ်ပင်ထားဆဲဖြစ်သည်။

မတ်လ ၂၈ရက် အင်အားပြင်းငလျင်လှုပ်ခတ်အပြီး မန္တလေးဒေသခံများအား တွေ့ရစဥ်။ ဓာတ်ပုံ - Voice of Mandalay

မတ် ၂၉၊ ၂၀၂၅။ ရွှေပြည်စိုး/People’s Spring

ငလျင်ဒဏ်သင့်ပြီး နှစ်ရက်ကြာသည်အထိ အင်တာနက်ဆက်သွယ်ရေးလိုင်းများကို စစ်ကောင်စီက ပိတ်ပင်ထားဆဲဖြစ်သည်။

တနိုင်ငံလုံးအတိုင်းအတာအားဖြင့် ဖုန်းလိုင်းဆက်သွယ်ရေးများ အဆင်မပြေသလို စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ၂၀၂၁ကတည်းက ကန့်သတ်ထားသော အင်တာနက်ဆက်သွယ်ရေးကို ဆက်ပိတ်ထားသည်။

“ကပ်ဆိုးကြီးကျနေချိန်မှာ လူတွေအတွက် ဆက်သွယ်ရေး အသက်တမျှ အရေးကြီးနေချိန်မှာ အင်တာနက်ကို ပြန်ဖွင့်ပေးဖို့လိုတယ်။ အခုက ပြည်သူကို သတ်နေတာနဲ့အတူတူပဲ”ဟု ရန်ကုန်မြို့မှဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့က ငလျင်လှုပ်ပြီး မိနစ်အနည်းငယ်အကြာ၌ ဖုန်းလိုင်းများပြတ်တောက်နေချိန်တွင် စစ်ကောင်စီအုပ်စုပိုင် မိုင်တဲဖုန်းများ ဆက်သွယ်၍ရနေခဲ့ကြောင်း နေပြည်တော်ဒေသခံတစ်ဦးကပြောသည်။

လက်ရှိ အလွန်ဆိုးဝါးလှသော သဘာဝ ဘေးကျရောက်နေချိန်အတွင်း ဖုန်းလိုင်းများထက် Internet လိုင်းများကို ပိုအားကိုးနေရကာ လူသုံးများဆသာ Viber၊ Facebook ၊Messenger စသည်တို့ကို အားကိုးနေရချိန်၌ VPN မခံဘဲ သုံး၍ရအောင် ဆောင်ရွက်ပေးရန် ကယ်ဆယ်ရေးလုပ်နေသူများနှင့် ဘေးသင့်ဒေသမှ ပြည်သူများက အကူအညီတောင်းထားကြသည်။

ငလျင်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသမှငလျင်ဒဏ်သင့်နေရာများကို ကယ်ဆယ်ရေးအတွက် အရေးပေါ်အခြေအနေသတ်မှတ်ကြောင်း စစ်ကောင်စီက မတ်လ၂၈ရက် မွန်းလွဲပိုင်း၌ ကြေညာသည်။ သို့သော် အင်တာနက်ဆက်သွယ်ရေးကို ဆက်လက်ကန့်သတ်ထားသည်။

မတ်လ ၂၈ ရက်နေ့ ၁၂ နာရီ ၅၁ မိနစ်က ကမန္တလေးမြို့ကို ဗဟိုပြု၍ ပြင်းအား ရစ်ခ်တာစကေး ၇ဒဿမ၇ အဆင့်ဖြင့် အင်အားအလွန်ပြင်းထန်သည့်ငလျင်လှုပ်ခဲ့ပြီး နောက်ထပ်ငလျင်များဆက်လှုပ်နေသည်။

မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းနှင့် နေပြည်တော်တို့တွင် ငလျင်ကြောင့် ထိခိုက်ဆုံးရှုံးမှု အများဆုံးကြုံတွေ့နေရပြီး ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ၊ အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှု၊ အပျက်အဆီးရှင်းလင်းခြင်း၊ လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးကဏ္ဍများတွင် စိန်ခေါ်မှုများ ကြုံတွေ့နေရကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

ပီရူးနိုင်ငံ အလယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်နှစ်ခုကြောင့် လူ ၆ ဦးထက်မနည်း သေဆုံးခဲ့သလို ထိခိုက်ပျက်စီးမှုတွေလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။