Connect with us

Hi, what are you looking for?

သတင်း

ငလျင်ကြောင့် အမှတ်(၁၂၂၂)တပ်ရင်း TRI ဗျူဟာမှ ရဲဘော်တစ်ဦး ကျဆုံး

ငလျင်ဘေးကြောင့် ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း အမှတ်(၁၂၂၂) တပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(TRI)ဗျူဟာက ယနေ့(မတ်လ ၃၁ရက်)တွင် ထုတ်ပြန်သည်။

ငလျင်ဘေးကြောင့် ကျဆုံးခဲ့ရသည့် ရဲဘော်၏ နာရေးအား မြင်တွေ့ရစဉ်။ ဓာတ်ပုံ - အမှတ်(၁၂၂၂) တပ်ရင်း

မတ်-၃၁၊၂၀၂၅။ရဲခေါင်/People’s Spring

ငလျင်ဘေးကြောင့် ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း အမှတ်(၁၂၂၂) တပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(TRI)ဗျူဟာက ယနေ့(မတ်လ ၃၁ရက်)တွင် ထုတ်ပြန်သည်။

ငလျင်ဒဏ်ကြောင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှုများ ကြောင့် ပြည်သူများ၏ မိသားစုများနှင့်ထပ်တူ အထူးဝမ်းနည်းကြေကွဲရကြောင်းလည်း TRIဗျူဟာက ဖော်ပြသည်။

ငလျင်ကြောင့် ရဲဘော်ကျဆုံးခဲ့ရမှုနှင့်ပတ်သက်ပြီး TRI ဗျူဟာကို လူထုနွေဦးက ဆက်သွယ်မေးမြန်းဆဲ ဖြစ်သည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရ( NUG)၊ လက်အောက်ခံ TRI ဗျူဟာသည် မန္တလေးတိုင်း စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်တို့တွင် တာဝန်ကျလှုပ်ရှားနေသည့် တပ်ရင်းတစ်ခု ဖြစ်သည်။

TRIဗျူဟာအနေဖြင့် ငလျင်ဒဏ်သင့် ဒေသများသို့ အမြန်ဆုံးရောက်ရှိကာ ထိခိုက်ဒဏ်ရာရပြည်သူများအား ဆေးဘက်ဆိုင်ရာ အရေးပေါ်ကုသမှုများ ဆောင် ရွက်ပေးနေကြောင်းလည်း အသိပေးသည်။

ထို့အပြင် TRIဗျူဟာရှိရဲဘော်များအားလုံးသည် တာဝန်ကျရာ ကျေးရွာများ၊ ရပ်ကွက်များတွင် ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးသော အဆောက်အဦးများ၊ လမ်းများပိတ်ဆို့ပျက်စီးမူများအား ဖယ်ရှားရှင်းလင်းခြင်းနှင့်အခြား လိုအပ်သည့်အကူညီများ အစွမ်းကုန်ကြိုးစားသွားမည်ဟုလည်း ကတိပြုသည်။

ထို့အပြင် လုပ်အားပေးခြင်းဖြင့် ပါဝင်လိုပါကလည်း TRIဗျူဟာ၏ မြေပြင်အဖွဲ့နှင့် တိုက်ရိုက်ဆက်သွယ်၍လည်း ကူညီနိုင်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

NUGစိုးမိုးအုပ်ချုပ်နယ်​မြေအတွင်း ယခု မတ်လ ၂၉ ရက်အထိ သတင်းအချက်အလက်​အရ ငလျင်ဒဏ်​ကြောင့် အသက်​သေဆုံး စစ်ကိုင်းမြို့နယ်(မြို့​ပေါ်မပါ) ၌ ၁၈ဦး၊​ရွှေဘိုမြို့နယ်၌ လေးဦး၊ဝက်လက်မြို့နယ်၌ ၅ဦး နှင့် စဥ့်ကူးမြို့နယ်၌ ၂၁ ဦးနှင့် ယင်းမာပင်မြို့နယ် တစ်ဦးဖြစ်ပြီး ပျောက်ဆုံး​နေသူများရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။