Connect with us

Hi, what are you looking for?

သတင်း

အမရပူရမှာ ဓါးပြနဲ့ သူခိုးတွေ သောင်းကျန်းနေ

မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ ငလျင်လှုပ်ခတ်ပြီးနောက် ကျေးရွာတွေကို ဓါးပြဝင်တိုက်တာ၊ မြို့ပေါ်နေအိမ်တွေကို ဝင်ရောက်ခိုးယူတာတွေ ဖြစ်ပွားနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အမရပူရမြို့နယ်အတွင်းအပျက်အစီး​တွေကို​တွေ့ရစဥ်။ဓါတ်ပုံ-Scorpio

ဧပြီ ၁၊ ၂၀၂၅၊ Scorpio/People’s Spring

မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ ငလျင်လှုပ်ခတ်ပြီးနောက် ကျေးရွာတွေကို ဓါးပြဝင်တိုက်တာ၊ မြို့ပေါ်နေအိမ်တွေကို ဝင်ရောက်ခိုးယူတာတွေ ဖြစ်ပွားနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မနေ့က မတ် ၃၁ ရက်ညက အမရပူရမြို့နယ်၊ ယဥ်တော်ရွာအစွန်ကို Light Truck ကားတွေနဲ့ လူတစုက ဓါးပြဝင်တိုက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ရွာအစွန်လောက်ကျတယ်။ ကားတွေနဲ့လာတာ။ ဘာတွေပါသွားလဲတော့ မသိရသေးဘူး”လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ငလျင်စလှုပ်တဲ့ မတ်လ ၂၈ ရက်ညကလည်းအမရပူရ ကမ်းနားလမ်းကဖရဲသီးဆိုင်တချို့ ဓါးပြတိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် အမရပူရမြို့ပေါ်မှာလည်း ငလျင်ဒဏ်ကြောင့်တိမ်းစောင်းနေတဲ့အိမ်တွေထဲကနေ အဖိုးတန်ပစ္စည်းတွေကို ကူညီသလိုနဲ့ ဝင်ရောက် ခိုးယူနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကြွက်တစ်စီး(ဆိုင်ကယ်)ပါသွားတယ်။ ကူညီသလိုနဲ့ ငွေသိန်းသုံးလေးဆယ်ထည့်ထားတဲ့အထုပ် ယူပြေးတယ်။ ဘယ်သူတွေဆိုတာသိတော့ ငွေထုပ်ကတော့ ပြန်တောင်းယူလို့ရလိုက်တယ်။”လို့ အမရပူရမြို့ခံတဦးက ပြောပါတယ်။

ဒါကြောင့် ရပ်ကွက်သူရပ်ကွက်သားတွေဟာ ညဘက်မှာ ရပ်ကွက်အလိုက် ကင်းစောင့်တာ၊ ကင်းပတ်တာတွေ ကိုယ်ထူကိုယ်ထလုပ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။​မြေငလျင်ကြီး​ကြောင့် အမပူရမြို့နယ်ဟာလူ​သေဆုံးဒဏ်ရာရမှု၊ထိခိုက်ပျက်စီးမှုများခဲ့ပါတယ် ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။