Connect with us

Hi, what are you looking for?

သတင်း

ဝိုင်းမော်မြို့အနီး စစ်ကောင်စီက တင့်ကားများဖြင့် စစ်ပြင်

ဝိုင်းမော် – ကန်ပိုက်တီလမ်းပိုင်း၊ ဝိုင်းမော်မြို့အနီး၌ စစ်ကောင်စီက တင့်ကားခုနစ်စီးဖြင့် ရောက်ရှိလာပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ထိန်းချုပ်ထားသော လမြန်ကျေးရွာကို ဒရုန်းအသုံးပြု၍ ဖျက်အားပြင်းဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ဝိုင်းမော်မြို့တိုက်ပွဲကြောင့် စစ်ကောင်စီမိသားစုဝင်များ ရွှေ့ပြောင်းနေကြသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - စကစ

ဧပြီ ၁၊၂၀၂၅။ခွာညို၊ဟန်နွေ/People’s Spring

ဝိုင်းမော် – ကန်ပိုက်တီလမ်းပိုင်း၊ ဝိုင်းမော်မြို့အနီး၌ စစ်ကောင်စီက တင့်ကားခုနစ်စီးဖြင့် ရောက်ရှိလာပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ထိန်းချုပ်ထားသော လမြန်ကျေးရွာကို ဒရုန်းအသုံးပြု၍ ဖျက်အားပြင်းဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

” တင့်ကား ၇စီးပါ ပါလာတယ်။ခလရ(၅၈)တပ်ရင်းကနေ ဖြည့်နေတာ။ စစ်ရေးက ဒီရက်တင်းမာလာလိမ့်မယ်ထင်တယ်။ အခုက KIAဘက်က ထိုးစစ်မဟုတ်ပါဘူး။ စစ်ကောင်စီဘက်က ရှေ့တိုးလာတာပါ”ဟု ကချင်စစ်ရေးသတင်းမြစ်တစ်ဦးက ပြောသည်။

ကချင် စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း “ဝိုင်းမော်ဘက် စစ်ကောင်စီဘက်က စစ်ပြင်နေတာ ဟုတ်တယ်။ မနက် ၈နာရီခွဲ လောက်ကတည်းကပဲ။အသေးစိတ်တော့ မသိသေးဘူး”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

လမြန်ကျေးရွာကို စစ်ကောင်စီက မတ်လ ၂၂ရက်ကစ၍ လေကြောင်းမှစတင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ယနေ့ (ဧပြီလ ၁ရက်)နံနက်တွင်လည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။

” မနက် ၇နာရီလောက်က‌နေ ၈ နာရီလောက်အထိ ဒရုန်းနဲ့ဗုံးကြဲနေတာ။ အခုတော့ ငြိမ်နေတယ်။ KIA ပူးပေါင်းတပ်တွေက ငြိမ်နေတာကို စစ်တပ်ဘက်က ရှေ့တိုးလာတဲ့အနေအထားပဲ”ဟု ယင်းမြို့ခံကပြောသည်။

စစ်ကောင်စီသည် လမြန်ကျေးရွာအား လေကြောင်းမှ ဒရုန်းဖြင့် ဗုံးကြဲသလို ဝိုင်းမော်မြို့၊

ခလရ(၅၈)တပ်ရင်းကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီက ယမန်နေ့ညပိုင်းကလည်း KIA တပ်မဟာ(၈)နယ်မြေ မိုးညှင်းခရိုင်အတွင်း တနေရာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူလူထုထိခိုက်သေဆုံးမှုများပြားကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။

“တပ်မဟာ(၈)နယ်မြေ မိုးညှင်းခရိုင်။ ထိခိုက်သေဆုံးမှုရှိ။ တိုက်ပွဲမရှိဘဲ လာပစ်သွားတာ။ ၃၈ဦးသေ၊ ၂၈ဦးထိခိုက်”ဟု ကချင်သတင်းရင်းမြစ်တစ်ဦးက လေကြောင်းတိုက်ခိုက်ခံရမှု အခြေအနေကို အတည်ပြုသည်။ စစ်ကောင်စီက တိုက်လေယာဉ် ၂စီးဖြင့်လာရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိအချိန်တွင် နိုင်ငံတဝန်း ငလျင်ဘေးကြုံတွေ့နေရချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထိုးစစ်ရပ်တန့်ထားသော်လည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်စစ်ကြောင်းထိုးမှုများ ပြုလုပ်နေသည်။

ငလျင်ဘေးဒဏ်ကြောင့် ပြည်သူလူထုထိခိုက်သေဆုံးမှုအတွက် ဝမ်းနည်းရပြီး ဘေးဒဏ်သင့်ဒေသများသို့ သွားရောက် အကူအညီပေးရန်အခက်အခဲရှိနေသော်လည်း ကူညီဆောင်ရွက်နေကြသော အသင်းအဖွဲ့များ၊လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် နိုင်ငံတကာမှအဖွဲအစည်းများကိုကျေးဇူးတင်ရှိကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် လူသားချင်းစာနာထောက်ထားရေး အကူအညီများကိုတတ်နိုင်သမျှ ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့(KIO)က မတ်လ ၃၀ရက်တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook