Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနှင့် မန္တ​လေးအနီး ​ပြင်းအား ၅ ရှိ နောက်ဆက်တွဲငလျင်ထပ်လှုပ်

​မြေငလျင်ကြီးလှုပ်ခတ်ပြီး ၅ ရက်​မြောက် ဖြစ်​သော ဧပြီ ၁ ရက် ည​နေ ၆ နာရီတွင် စစ်ကိုင်းမြို့နယ် ​ရေခါးအင်း အနီးကိုပင်ဗဟိုပြု၍ ပြင်းအား ရစ်ချ်တာစကေး ၅ အဆင့်ရှိအင်အားအသင့်အတင့်ရှိ​သော​​နောက်ဆက်တွဲမြေငလျင် တစ်ခုလှုပ်ခတ်သွား​ကြောင်း အ​မေရီကန်​မြေငလျင်တိုင်းတာ​ရေးဌာန(USGS)က ​ဖော်ပြထားသည်။

ဧပြီ-၁၊၂၀၂၅။​နေ့သစ်/People’s Spring

​မြေငလျင်ကြီးလှုပ်ခတ်ပြီး ၅ ရက်​မြောက် ဖြစ်​သော ဧပြီ ၁ ရက် ည​နေ ၆ နာရီတွင် စစ်ကိုင်းမြို့နယ် ​ရေခါးအင်း အနီးကိုပင်ဗဟိုပြု၍ ပြင်းအား ရစ်ချ်တာစကေး ၅ အဆင့်ရှိအင်အားအသင့်အတင့်ရှိ​သော​​နောက်ဆက်တွဲမြေငလျင် တစ်ခုလှုပ်ခတ်သွား​ကြောင်း အ​မေရီကန်​မြေငလျင်တိုင်းတာ​ရေးဌာန(USGS)က ​ဖော်ပြထားသည်။

​နောက်ဆက်တွဲ​မြေငလျင်သည် မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့​သော ပြင်းအား ၇ .၇ ရှိငလျင်ကြီးဗဟိုပြု လှုပ်ခဲ့​သော ​ရေးခါးအင်းအနီးကိုပင် ဗဟိုပြု၍

​မြေအနက် ၆ မိုင်​ကျော် (၁၀ ကီလိုမီတာ)ကိုဗဟိုပြု၍ ပြင်းအား ၅ ဖြင့်လှုပ်လတ်သွားခြင်းဖြစ်​ကြောင်း USGS က​ဖော်ပြသည်။

Public Service Announcement

Public Service Announcement

​မြေငလျင်လှုပ်ခတ်သည်ကို စစ်ကိုင်းမြို့ ၊မန္တ​လေးမြို့ ၊မုံရွာမြို့ စ​သော ​ဒေသများမှပြည်သူများသိရှိခံစားလိုက်ရသည်။

NUG ၏ လူသားချင်းစာနာ​ထောက်ထား​ရေးနှင့် ​ဘေးအန္တရာယ်​လျော့ပါး​ရေးဝန်ကြီးဌာန

(MOHADM)ကလည်းပြင်းအား ၅ ရှိ​သော​မြေငလျင်မှာမန္တလေးမြို့၏ အနောက်မြောက်ဘက် ၁၅ကီလိုမီတာခန့်အကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ထပ်မံလှုပ်ခတ်ခဲ့​ကြောင်းထုတ်ပြန်သည်။စစ်ကိုင်းငလျင်ကြီး၏နောက်

ဆက်တွဲငလျင်ငယ်များ ဆက်လက်လှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဘေးဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် သတိ​ပေးထားသည်။

​မြေငလျင်ပညာရှင် ဦးစိုးသူရထွန်းက အင်အားကြီးငလျင်ကြီးများလှုပ်ခတ်ပြီး ​နောက်ဆက်တွဲငလျင်များမှာ လချီ၍ပင်လှုပ်​လေ့ရှိ​ပြီးသို့သော်

လည်း ငလျင်ကြီးကဲ့သို့အားကြီး​သောငလျင်လှုပ်​လေ့မရှိ​ကြောင်း​ပြောသည်။ သို့​သော် ​ငလျင်​ကြောင့် အိမ်များ ကွဲအက်ခြင်း ၊တိမ်း​စောင်းခြင်း ၊ယိုင်နဲ့ခြင်းဖြစ်ထားပါက ​နောက်ဆက်တွဲငလျင်များလှုပ်ပါကပြိုနိုင်၍ အိမ်အတွင်းဆက်မ​နေရန် အကြံပြုထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။