Connect with us

Hi, what are you looking for?

သတင်း

ရင်​သွေးငယ်စိတ်နဲ့ ငရဲခန်း နာရီ ၆၀ကို ဖြတ်​ကျော်ခဲ့တဲ့ မိခင်

သူအမည်က မမိုးမိုးအေးဖြစ်ပါတယ်။အာဂသတ္တိခဲ မိခင်လောင်းတဦးလည်းဖြစ်ပါတယ်။

ခွာညို/People’s Spring

သူအမည်က မမိုးမိုးအေးဖြစ်ပါတယ်။ အာဂသတ္တိခဲ မိခင်လောင်းတဦးလည်းဖြစ်ပါတယ်။

ငါးလအရွယ်ကိုယ်ဝန်ကိုလွယ်ထားရတဲ့ မမိုးမိုးအေးဟာ ငလျင်စလှုပ်တဲ့ မတ်လ ၂၈ရက် မွန်းလွဲ ၁၂နာရီ ၅ဝမိနစ်ကနေ မတ်လ ၃၁ရက် မနက် ၀၀:၄၀ မိနစ်အထိ နာရီ ၆၀နီးပါး အဆောက်အအုံပြိုကျတဲ့ အုတ်ပုံအပျက်စီးတွေကြားထဲမှာ ပိတ်မိနေခဲ့တာပါ။

မမိုးမိုး​အေးဟာမန္တလေးမြို့၊ Great Wall Hotelကဝန် ထမ်းတစ်ဦးဖြစ်ပါတယ်။ငလျင်လှုပ်ပြီး အ‌ဆောက်အအုံပြိုကျပျက်စီးတဲ့အခါ သူအပါအဝင် လာရောက်တည်းခိုသူတွေ၊ ဟိုတယ်ဝန်ထမ်းတွေ ပိတ်မိသွားပါတယ်။

Public Service Announcement

Public Service Announcement

Great Wall Hotel ပြိုကျမှုကို ရှာဖွေကယ်ဆယ်ရေးတွေ အဆင်သင့်မလုပ်နိုင်ခဲ့ဘဲ ပိတ်မိနေသူတွေရဲ့မိသားစုဝင်တွေက ဒေါသထွက်ခဲ့ကြပါတယ်။ကယ် ဆယ်ရေးတွေအမြန်လုပ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

မမိုးမိုးအေးကကိုယ်ဝန်ဆောင်ဖြစ်သလိုပြိုကျတဲ့အဆောက်အအုံထဲမှာရှိတာကိုသေချာသိနေရတဲ့အတွက် ကမ္ဘာပျက်မတတ်ပူလောင်ရတယ်လို့

သူ့ရဲ့ သူငယ်ချင်းတစ်ဦးကပြောပါတယ်။

“ဝန်ခံရရင် မျှော်လင့်ချက်မရှိတော့ပါဘူး။ သူ အသက်မသေဘဲ လွတ်မြောက်ခဲ့တာက သိပ်ကိုထူးဆန်းပြီး အံ့ဩစရာကောင်းပါတယ်”လို့ဖွင့်ဟပါတယ်။

အဆောက်အအုံအောက်မှ ပိတ်မိနေတဲ့ နာရီ၆၀ကြာ ငရဲခန်းကို မမိုးမိုးအေးတစ်ယောက်ဘယ်လိုဖြတ်သန်းခဲ့သည်ကို မသိရ သေးပါဘူး။ ဒါ‌ပေမယ့်သူ့ဝမ်းဗိုက်ထဲက သန္ဓေသားလောင်းကို လုံခြုံအောင်အကာကွယ်ပေးနိုင်ခဲ့ပြီး ကလေးရောမိခင်ပါ အသက် ဘေးမှလွတ်မြောက်ခဲ့ပြီလို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

“ရုပ်အလောင်းတွေကိုပဲ မြင်နေရတာကနေ အခုလိုအသက်ရှင်လျက်ကယ်နိုင်ခဲ့တဲ့ခံစားချက်က ဘာနဲ့မှမလဲနိုင်ဘူး”

Great Wall Hotel အဆောက်အအုံပြိုကျမှုကိုရုရှားနဲ့တရုတ်နိုနိုင်ငံက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းရှာဖွေခဲ့တာလို့မီးသတ်တပ်ဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။

ရုရှား နှင့် တရုတ်ကယ်ဆယ်ရေးအဖွဲ့တွေက မတ်လ၃၀ရက်ကစပြီး ကယ်ဆယ်ရေးစတင်ခဲ့ပြီး အဲ့ဒီမတိုင်မီက Great Wall Hotel အဆောက်အအုံပြိုကျမှုကယ်ဆယ်ရေးအပိုင်းကို ပိတ်မိနေသူရဲ့ မိသားစုဝင်တွေက အပြင်းအထန်ဝေဖန်ခဲ့ကြပါတယ်။

ကလေးငယ် နဲ့ အမျိုးသားဖြစ်သူပိတ်မိနေပြီး ကယ်ဆယ်ရေးအလျင်အမြန်မရောက်လို့ ထိရောက်တဲ့ ကယ်ဆယ်ရေး အမြန်လုပ်ပေးဖို့မိခင် တစ်ယောက်ကငို​ကြွေးပြီးအကူအညီတောင်းခဲ့တဲ့ဗီဒီယိုဖိုင်ဟာ မြင်​တွေ့ရသူ​တွေရဲ့ နှလုံးသားကို ထိခိုက်နကျင်​စေခဲ့ပြီး ကရုဏာသက်​စေခဲ့ပါတယ်။ဒါ​ပေမယ့် သူမရဲ့ ခင်ပွန်းဖြစ်သူနဲ့ သမီးငယ် ၂ ​ယောက် လွတ်​​မြောက်ပြီလား မလွတ်​မြောက်​သေးဘူးလားဆိုတာကိုမိရ​သေးပါဘူး။

တရုတ်နဲ့ရုရှ ကယ်ဆယ်ရေးအဖွဲ့တွေရောက်လာပြီးတဲ့နောက်မအေးအေးမိုးရဲ့ကံကြမ္မာကအကောင်းဘက်ကို ရောက်လာခဲ့တာပါ။မအေးအေးမိုးကို ကယ်ထုတ်နိုင်ရေးအတွက် ၅ နာရီကျော်ကြာ အပြင်းအထန် ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ခဲ့ရတယ်လို့ တရုတ်သံရုံးကသတင်းထုတ်ပြန်ခဲ့ပါတယ်။

နာရီပေါင်း ၆၀ ခန့်ပိတ်မိနေတဲ့ အသက်ရှင်သူကို အောင်မြင်စွာကယ်တင်နိုင်ခဲ့ပြီး ဒါဟာတရုတ်ကယ်ဆယ်ရေးအဖွဲ့ ဘေးအန္တရာယ်အပြင်းထန်ဆုံးကျရောက်ခဲ့တဲ့ မန္တလေးမြို့ကိုရောက်ရှိပြီးနောက် ပထမဦးဆုံးကယ်တင်နိုင်ခဲ့တဲ့အသက်ရှင်သူဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Great Wall Hotel အဆောက်အအုံ ပြိုကျမှုမှာ ဘယ်နှစ်ဦးပိတ်မိသွားလဲဆိုတာ​တော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။မနေ့က အထိတော့ ပြိုကျနေတဲ့အဆောက်အအုံထဲမှာ ပိတ်မိနေတဲ့သူ ၁၇ ဦးရှိတယ်လို့ နည်းပညာအခုအနေနဲ့ ရှာဖွေနေတဲ့ တရုတ်််ကယ်ဆယ် ရေးအဖွဲ့ကပြောတယ်လို့ ဟိုတယ်အနီးမှာနေထိုင်သူတစ်ဦးကပြောပါတယ်။

နိုင်ငံတကာက​တော့ ​မြေငလျင်နဲ့ပတ်သက်ပြီးကျွမ်းကျင်သူ​တွေက ​ငလျင်ကြီးလှုပ်ပြီး ပိမိ​​နေတဲ့ ပိတ်မိ​နေတဲ့သူ​တွေအတွက်ငလျင်လှုပ်ပြီး ပထမဆုံး ၇၂ နာရီ (ပထမဆုံး ၃ ရက်)ဟာ ​တန်ဖိုးရှိလှတဲ့ Golden hours ဖြစ်ပါတယ် ။ အခုစစ်ကိုင်းငလျင်ကြီးမှာဆိုရင် မတ် ၃၁ ရက်မွန်းလွဲ ၁ နာရီအထိ့က Golden Hour ဖြစ်ပါတယ် ။အပျက်အစီးပုံ​တွေ​အောက် ပိတ်မိသူ​တွေကို အသက်ရှင်လျက် ကယ်တင်နိုင်သူအများစုဟာ ပထမဆုံး ၇၂ နာရီအတွင်းဖြစ်တယ်လို့ ဆိုကြတာပါ ။ ၇၂ နာရီအတွင်းမကယ်တင်နိုင်ရင် ​ရွှေအချိန်ရဲ့တခါးပိတ်သွားပြီလို့ ပညာရှင်​တွေက သု​တေသန​တွေ့ရှိချက်​တွေနဲ့ ပြောခဲ့ကြတာပါ။ မြန်မာနိုင်ငံမှာ​တော့ ပထမဆုံး ၇၂ နာရီဟာ မတ် ၃၁ ရင်မွန်းလွဲ ၁ နာရီခန့်မှာပြည့်ခဲ့ပါပြီ။ဒါပေမယ့် ​ရွှေ​ရောင်စည်းမျှဥ်းကိုဖြတ်​ကျော်ပြ​နေသူလည်းရှိ​နေဆဲဖြစ်ပါတယ်။

ကယ်ဆယ်ရေးအသင့်မဖြစ်တဲ့ကြားကနေပြိုကျနေတဲ့ဆောက်အအုံထဲမှာ နာရီ၆၀ နီးပါးကြာတဲ့အထိ တောင့်ခံနေနိုင်ခဲ့တဲ့ မအေးအေးမိုးရဲ့ သတ္တိဗျတ္တိဟာ သူလွယ်ထားတဲ့ သန္ဓေသားလောင်းကို အကာအကွယ်ပေးချင်တဲ့ မိခင်တစ်ယောက်ရဲ့ အသွေးအသားထဲကစီးလာတဲ့ ချစ်ခြင်းမေတ္တာဖြစ်တယ်လို့ အိမ်ထောင်ရှင်မတဦးကမှတ်ချက်ပြုပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။