Connect with us

Hi, what are you looking for?

သတင်း

ငလျင်ကြီးလှုပ်ပြီး ၇ ရက်အတွင်းစစ်​ကောင်စီကအနည်းဆုံး​ နေရာ​​ပေါင်း ၂၄ နေရာကိုဗုံးကြဲ

မြန်မာ့သမိုင်းတ​လျှောက် လူ​သေဆုံးပျက်စီးမှုအများဆုံး​မြေငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး​နောက်ပိုင်းစစ်​ကောင်စီက မတ် ၂၈ ရက်မှ ပြီ ၃ ရက်​နေ့အထိ့ ​၇ ရက်အတွင်းနိုင်ငံတစ်ဝန်း ​နေရာ​ပေါင်း အနည်းဆုံး ၂၄ ​နေရာကိုဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဧပြီ-၂၊၂၀၂၅။​နေ့သစ်/People’s Spring

မြန်မာ့သမိုင်းတ​လျှောက် လူ​သေဆုံးပျက်စီးမှုအများဆုံး​မြေငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး​နောက်ပိုင်းစစ်​ကောင်စီက မတ် ၂၈ ရက်မှ ပြီ ၃ ရက်​နေ့အထိ့ ​၇ ရက်အတွင်းနိုင်ငံတစ်ဝန်း ​နေရာ​ပေါင်း အနည်းဆုံး ၂၄ ​နေရာကိုဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဒီအ​ရေအတွက်ဟာ People’s Spring အချက်အလက်ရရှိတဲ့ အ​ရေအတွက်သာဖြစ်ပြီး ဒီစာရင်းထဲမပါ​သေးတဲ့​ဗုံးကြဲခံရမှု​တွေ ရှိနိုင်​သေးလို့မြေပြင်မှာအခုထက်ပိုများနိုင်ပါတယ် ။စစ်အုပ်စုကငလျင်သင့်ဒေသ ၆ ခုကို အ​ရေး​ပေါ်အ​ခြေအ​နေလို့​ကြေညာခဲ့​ပေမယ့် ငလျင်ကြီးလှုပ်ပြီး နာရီပိုင်းအတွင်းမှာပဲ ငလျင်သင့်​ဒေသ​တွေကိုပါမ​ရှောင်ဗုံးကြဲခဲ့တာပါ။

ငလျင်ကြီးလှုပ်ပြီး စစ်တပ်ဗုံးကြဲတဲ့​ဒေသ​တွေထဲမှာ စစ်ကိုင်း ၊ရှမ်းပြည်နယ် ၊ မ​ကွေး ၊ကရင်နီပြည်၊ကရင် ၊ရခိုင် ၊ချင်း ၊ကချင် ၊ပခူး ၊မန္တ​လေးတိုင်းစတဲ့​ဒေသ​​တွေအစုံပါဝင်တင်ပါတယ် ။အဆိုပါ​လေ​ကြောင်းတိုက်ခိုက်မှု​တွေ​ကြောင့် ပြည်သူ ၅၀ ခန့်​​သေဆုံးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီက ဧပြီ ၂ ရက်ညမှာ ရက်​ပေါင်း ၂၀ ကြာအပစ်ရပ်တယ်လို့​ကြေညာခဲ့​ပေမယ့် ဧပြီ ၃ ရက်​နေ့မှာပဲ ကချင်ပြည်နယ် က ဝိုင်း​မော် ၊စစ်ကိုင်းတိုင်က အင်း​တော် ၊ကနီ ၊ဟုမ္မလင်း ၊ မန္တ​လေးတိုင်းက သပိတ်ကျင်းမြို့နယ်​တွေကို ​​လေ​ကြောင်းက​နေ ဗုံးကြဲခဲ့ပါတယ် ။​လေ​ကြောင်းတိုက်ခိုက်မှု​တွေမှာ ပါရာ​​မော်တာလည်းပါဝင်ပါတယ်။

စစ်​ကောင်စီက အပစ်ရပ်​ကြေညာပြီး နာရီပိုင်းအတွင်းမှာပဲ ဧပြီ ၃ ရက် နံနက် ၈ နာရီခန့်က
၀ိုင်းမော်မြို့နယ် မှာ ထိုးစစ်ဆင်လာတဲ့အတွက် KIAနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ် ။ ဒါအပြင် ဧပြီ ၃ရက် နံနက် ၆နာရီခန့်မှာပဲညောင်ဦးမြို့နယ်ငါသရောက်ရဲစခန်းက​နေ တင့်ကား ၂စီးနဲ့ စစ်ကြောင်းထိုးလာပြီး မြေသန့်တောင်၊ မအူပင်၊ ကြအိုကျေးရွာ​တွေက ​ဒေသခံပြည်သူ​တွေရဲ့
အိမ်​တွေကို ပွိုင့်ဖိုက် စက်သေနတ်အပါအဝင် လက်နက်မျိုးစုံဖြင့် ပစ်ခတ်အကြမ်းဖက်လို့ ​ဒေသခံ​ပြည်သူ​တွေ စစ်ရှောင်နေကြရပါတယ်။

အလားတူရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့နယ်မှာလည်း ဧပြီ (၃)ရက် နေ့လယ် ၁၂နာရီ ဝန်းကျင်မှာစစ်တပ်က ကား (၇)စီးနဲ့ လူအင်အားဖြည့်တင်းပြီး အင်တောမှ ကျောက်ဂူ၊ တောင်ချေ၊ အမတ (၉၀၂) ဘက်ကို စစ်ကူအင်အားဖြည့်တင်းခဲ့ပါ​တယ် ။ဧပြီ ၄ ရက်​နေ့မှာလည်း ရက် ၂၀ အပစ်ရပ်​ကြေညာထားတဲ့စစ်တပ်ကဗုံးကြဲတာ၊​လက်နက်ကြီးနဲ့ပစ်ခတ်တာ ၊စစ်​ကြောင်းထိုးတာ​တွေဆက်တိုက်ပြုလုပ်​နေပါတယ် ။

ငလျင်လှုပ်ပြီး​နောက်ပိုင်း စစ်​ကောင်စီကဗုံးကြဲတိုက်ခိုက်​ခဲ့တဲ့ဖြစ်ရပ်​တွေထဲမှာ People’s Spring အင်ဖိုဂရပ်​တွေထဲမှာ မပါ​သေးတဲ့ ဖြစ်ရပ်​တွေရှိရင်လည်း သတင်း​ပေးပို့နိုင်ပါတယ်။ 

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

ပီရူးနိုင်ငံ အလယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်နှစ်ခုကြောင့် လူ ၆ ဦးထက်မနည်း သေဆုံးခဲ့သလို ထိခိုက်ပျက်စီးမှုတွေလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

Facebook