Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဆည်မြို့ အင်အား ၄ ဒသမ ၇ ရှိ​မြေငလျင်လှုပ်

ကျောက်ဆည်မြို့ အနီးဗဟိုပြု၍ ယ​နေ့ (ဧပြီ ၄)ည ၉ နာရီ ၅၅ မိနစ်အချိန်ခန့်တွင် ရစ်ချ်တာစကေး ၄.၇ အဆင့်ရှိအင်အားအသင့်အတင့်ရှိသည့် မြေငလျှင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ပါသည်။

ဧပြီ-၄၊၂၀၂၅။​နေ့သစ်/People’s Spring

​ကျောက်ဆည်မြို့ အနီးဗဟိုပြု၍ ယ​နေ့ (ဧပြီ ၄)ည ၉ နာရီ ၅၅ မိနစ်အချိန်ခန့်တွင် ရစ်ချ်တာစကေး ၄.၇ အဆင့်ရှိအင်အားအသင့်အတင့်ရှိသည့် မြေငလျှင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ပါသည်။

အဆိုပါ​မြေငလျင်လှုပ်ခတ်သည်ကို မန္တ​လေးမြို့ အတွင်းရှိမြို့နယ်များ ၊​ကျောက်ဆည်မြို့ ၊မိတ္ထီလာစ​သောမြို့နယ်များမှပြည်သူများသိရှိခံစားလိုက်ရ​ကြောင်း​ဒေသခံအချို့က​ပြောသည်။

​မြေငလျင်သည် မန္တ​လေးတိုင်း၊ကျောက်ဆည်မြို့အနောက်ဘက် ၇ ကီလိုမီတာ( ၄ မိုင်​ကျော်)အကွာ မြေအောက်အနက် ၁၀ ကီလိုမီတာ(၆ မိုင်)ကိုဗဟိုပြု၍ လှုပ်ခတ်သွားခြင်းဖြစ်​ကြောင်း အ​မေရီကန်ငလျင်တိုင်းတာ​ရေးဌာန(USGS ) နှင့် NUG ၏ MOHADM တို့ကထုတ်ပြန်သည်။ ​မြေအနက် ၆ မိုင်​ကျော်တွင် လှုပ်ခတ်​သော ​ငလျင်ဖြစ်၍ ​ဇောက်တိမ်ငလျင်ဖြစ်ပြီး ​​ဇောက်တိမ်ငလျင်များမှာ ဖျက်အားပိုပြင်းထန်သည်။

Public Service Announcement

Public Service Announcement

မတ် ၂၈ ရက် စစ်ကိုင်းငလျင်ကြီး၏ နောက်ဆက်တွဲ​မြေငလျင်များ မြန်မာနိုင်ငံတွင်ဆက်တိုက်လှုပ်ခတ်​နေသည်။ငလျင်ငယ်များဆက်လက် လှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဘေးဆောင်ရန်၊ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် MOHADM ကသတိ​ပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။