Connect with us

Hi, what are you looking for?

သတင်း

မင်္ဂလာဒုံတပ်နယ်မှူးရုံးကို မြို့ပြပြောက်ကျားအဖွဲ့ တိုက်ခိုက်

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်နယ်မှူးရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ ထိခိုက်မှုရှိနိုင်ကြောင်း Operation Flame (OF)အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ဧပြီ ၈၊၂၀၂၅။သတိုး/People’s Spring

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်နယ်မှူးရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ ထိခိုက်မှုရှိနိုင်ကြောင်း Operation Flame (OF)အဖွဲ့မှ တာဝန်ရှိသူက ပြော သည်။

“ပတ်ကင်းကားပြန်အဝင်ကို ချိန်ကိုက်သုံးပြီးပြုလုပ်ခဲ့တာပါ။ပစ္စည်း၂လုံးသုံးတာ တစ်လုံးပဲကွဲခဲ့ပါတယ်။ ကွဲတဲ့တစ်လုံးက ကားအဝင်ကို ချိန်ကိုက်မိလိုက်ပါတယ်။ ရန်သူထိခိုက်မှုရှိပါတယ်”ဟု ၎င်းက ပြောသည်။

ဧပြီ ၇ရက် ည ၇နာရီခွဲခန့်တွင် အ‌‌ဆိုပါတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုအခြေအနေကို စုံစမ်းနေကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ကားတွေ အားချင်းရောက်လာလို့ ရဲဘော်တွေ အမြန်ပြန်ဆုတ်ခဲ့ရပါတယ်။ အားလုံး ဘေးကင်းပါတယ်” ဟု ယင်းတာဝန်ရှိသူက ပြောသည်။

Operation Flame အနေဖြင့် ဆက်လက်၍ ရန်ကုန်တော်လှန်ရေးမဟာမိတ်များအားလုံးနှင့် အတူလက်တွဲပြီး စစ်ကောင်စီကို အရှိန်မြင့်တိုက်ခိုက်ချေမှုန်းသွားမည်ဟု ထုတ်ပြန်ထားသည်။

Operation Flame အဖွဲ့အနေဖြင့် မတ်လ ၃ရက်ကလည်း ရွှေပြည်သာရဲစခန်း၊ ဖေဖော်ဝါရီ ၂၃ ရက်က မှော်ဘီရဲတပ်ဖွဲ့မှုးရုံး နှင့် ဇန်နဝါရီ ၁၄ ရက်ကလည်း ထောက်ကြန့်ရဲစခန်းတို့ကို တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်က သောင်ကြီးနယ်မြေရဲစခန်းကို လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့တာဝန်ရှိသူကပြောပါတယ်။

သတင်း

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက်ပူးပေါင်းပြီး ပြည်သူတွေကို မတရားဖမ်းဆီးနေတဲ့ ရန်ကုန်မြို့က ဗဟန်းမြို့မရဲစခန်းကို လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Operation Flame သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကောင်စီ၏ လေကြောင်းအတတ်သင် သင်တန်းကျောင်းကို အဝေးထိန်းမိုင်းအား လက်ပစ်ဗုံးကပ်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Armyအဖွဲ့တာဝန်ရှိသူက ပြောသည်။

သတင်း

ရန်ကုန်မြို့၊မှော်ဘီမြို့နယ်၊မြို့မရဲစခန်းကိုအဝေးထိန်းမိုင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း Yangon Army မှ တာဝန်ရှိသူကပြောသည်။