အောက်တိုဘာ-၂၂၊၂၀၂၅။သတိုး/People’s Spring
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်က သောင်ကြီးနယ်မြေရဲစခန်းကို လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့တာဝန်ရှိသူကပြောပါတယ်။
“သောင်ကြီးရဲစခန်းကို ည ၉နာရီ ၄၈မိနစ်ဝန်းကျင်မှာ လက်ပစ်ဗုံး ၃လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ရဲစခန်းဝင်းဂိတ်ကင်းနားကျရောက်ပေါက်ကွဲပြီး ရန်သူထိခိုက်မှုရှိနိုင်ပါတယ်။ “လို့ အောက်တိုဘာ ၂၁ ရက်ညက ပြုလုပ်တဲ့ စစ်ဆင်ရေးအကြောင်းကို ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးချိန်မှာ ရဲစခန်းထဲကို ဆေးရုံကားတွေ ဝင်သွားတယ်လို့ မြေပြင်သတင်းရရှိကြောင်း ဆိုပါတယ်။

Public Service Announcement
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကူညီလုပ်ဆောင် ပေးနေသူတွေကို စစ်ရေးပစ်မှတ်အနေနဲ့ Operation Flame က Fire Power စစ်ဆင်ရေးအနေနဲ့ မဟာမိတ်တွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်နေတာပါ။
အဲဒီစစ်ဆင်ရေးကိုလည်း Operation Flame နဲ့အတူ အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နဲ့ လသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တွေပူးပေါင်းပါဝင်ထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Operation Flameအနေနဲ့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို လုံးဝလက်ခံသွားမှာ မဟုတ်ပဲ ရန်ကုန်တော်လှန်ရေးမဟာမိတ်တွေ အားလုံးနဲ့အတူလက်တွဲပြီး အရှိန်မြင့်တိုက်ခိုက်ချေမှုန်းသွားမယ်လို့ အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်နဲ့ စက်တင်ဘာ နှစ်လအတွင်းမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲလုပ်ဆောင်နေတဲ့ စစ်ရေးပစ်မှတ် ၁၃ခုကို ရန်ကုန်မြို့ပြအဖွဲ့တွေက တိုက်ခိုက်မှုပြုလုပ်ထားပါတယ်။


















































