Connect with us

Hi, what are you looking for?

News

ကျွန်းလှတွင် စစ်ကောင်စီယာဥ်တန်းမိုင်းဆွဲခံရ၍ ၃၀ ခန့်သေနိုင်ဟု ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ထုတ်ပြန်

“စစ်ခွေးတွေက အခု ကျွန်းလှနဲ့တန့်ဆည်ကို ဖိနေတာ။ ကျွန်တော်တို့ ရသလောက် ခံချနေတယ်။ မိုင်းပဒေ သာ ဆွဲလိုက်တာ စစ်ခွေးအနည်းဆုံး ၃၀တော့ သေနိုင်တယ်”ဟု PDF တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ကျွန်းလှမြို့နယ်ကို ထိုးစစ်ဆင်နေသည့်စစ်ကောင်စီယာဥ်တန်းအား ပဒေ သာမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ၃၀ဦးခန့်အထိသေဆုံးကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။

ကျွန်းလှမြို့နယ် အေးချမ်းသာရွာအနီး ဖြတ်သွားသည့်အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းကိုယနေ့(နိုဝင်ဘာ
၆ ရက်) ညနေ ၃နာရီ ၅၅မိနစ်တွင် မိုင်း ၆ လုံးပါပဒေသာ မိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း PDF တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“စစ်ခွေးတွေက အခု ကျွန်းလှနဲ့တန့်ဆည်ကို ဖိနေတာ။ ကျွန်တော်တို့ ရသလောက် ခံချနေတယ်။ မိုင်းပဒေ သာ ဆွဲလိုက်တာ စစ်ခွေးအနည်းဆုံး ၃၀တော့ သေနိုင်တယ်”ဟု PDF တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

စစ်အာဏာရှင်တော်လှန်ရေးအတွက်ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်နေ
သည့်Taze Support Organizationကလည်း အေးချမ်းသာရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီ အထိနာသွားသည်ဟု သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ကလွန်ခဲ့သည့် နှစ်ပတ်ခန့်ကစတင်ကာ ကျွန်းလှမြို့နယ်အတွင်း အင်အားအများအပြား ဖြည့်တင်းကာ လေကြောင်းဖြင့်ပါဒေသခံများကိုတိုက်ခိုက်ခဲ့သည်။ ယနေ့တွင်လည်း ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည် အနောက်ဘက်ခြမ်း ကျေးရွာများကိုစစ်ကောင်စီတပ်က လက်နက်ကြီးအပြင်လေကြောင်းကပါ တိုက်ခိုက်နေသည်ဟု ဒေသခံအချို့ကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်းအတွင်း တိုက်ပွဲတွေမှာ PDF ရဲဘော် စစ်သုံ့ပန်းတွေကို ဖမ်းမိပါက အရှင်မထားဘဲ လည်လှီးသတ်ဖြတ်တာ၊ မီးရှို့သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့ကြောင်း အာဏာသိမ်းစစ်တပ်ရဲ့ တပ်ကြပ်ကြီး ဘုန်းမြင့်နိုင်က ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ကိုင်းတိုင်းစစ်ဌာနအတွင်း မေလနဲ့ ဇွန်လ တတိယပတ်အထိ စစ်ဆင်​ရေး​တွေမှာစစ်သား (၃၃) ဦးသေဆုံးပြီး (၁၇) ဦးဒဏ်ရာရရှိကာ ၊စစ်သုံ့ပန်း (၂)ဦး ၊ လက်နက်မျိုးစုံ (၁၆) လက်နဲ့ ခဲယမ်း​တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ဒီကနေ့...

သတင်း

စစ်တပ်က အရာရှိအပါအဝင်​သေဆုံးဒဏ်ရာရသူ​တွေရှိ ၊ တိုက်ခိုက်ခံရတဲ့​နေရာကိုစစ်တပ်ဗုံးဆက်တိုက်ကြဲ​နေ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။