Connect with us

Hi, what are you looking for?

News

ကျောမြို့ (ကပစ)လက်နက်စက်ရုံမှ ဗိုလ်ကြီးနှင့်တပ်သားတို့ ဖမ်းမိစဥ် ထွက်ပြေးရန်ကြိုးပမ်းသဖြင့် အဆုံးစီရင်လိုက်ရဟု PRA ထုတ်ပြန်

ဗိုလ်ကြီးသော်ဇင် နှင့် တပ်သားစိုးရာဇာတို့ဖြစ်ပြီး ၎င်းတို့သည် ရိက္ခာယူပြီးအပြန်လမ်းတွင် ပြည်သူ့တော်လှန် ရေး တပ်မတော်(PRA) မှ သတင်းကြိုရ၍ စောင့်ဆိုင်း တားဆီးဖမ်းဆီးခဲ့သည်။

မကွေးတိုင်း ကျောမြို့နယ်အတွင်းရှိ (ကပစ) လက်နက်ထုတ်စက်ရုံမှ ဗိုလ်ကြီးတစ်ဦးနှင့် တပ်သားတစ်တို့ကို အရှင်ဖမ်းမိသော်လည်း ထွက်ပြေးရန်ကြိုစားသဖြင့် အဆုံးစီရင်လိုက်ကြောင်း ပြည်သူတော်လှန်ရေး တပ်မတော် People Revolution Army (PRA) က ယနေ့(နိုဝင်ဘာ၆ရက်) ညပိုင်းတွင် ထုတ်ပြန်သည်။

ဗိုလ်ကြီးသော်ဇင် နှင့် တပ်သားစိုးရာဇာတို့ဖြစ်ပြီး ၎င်းတို့သည် ရိက္ခာယူပြီးအပြန်လမ်းတွင် ပြည်သူ့တော်လှန် ရေး တပ်မတော်(PRA) မှ သတင်းကြိုရ၍ စောင့်ဆိုင်း တားဆီးဖမ်းဆီးခဲ့သည်။

“သူတို့ဆီက ကျည်ကာတွေနဲ့ စားနပ်ရိက္ခာအချို့ကို သိမ်းဆည်းရမိတယ်။စစ်ရေးအရာ တချို့ သိခဲ့ရတာတွေတော့ ထုတ်ဖော်မပြောသေးဘူး”ဟု PRA ဦးဆောင်သူ ဗိုလ်ဂျပန်က ပြောသည်။

ကားနှင့် ရိက္ခာပစ္စည်းများကို ကနဦးမီးရှို့ဖျတ်ဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်သားနှစ်ဦးမှာ စစ်ဆေးမေးမြန်စဉ် ထွက်ပြေးဖို့ကြိုးစားသည့်အတွက် အဆုံးစီရင်လိုက်ရသည်ဟု PRA က ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ ကျောမြို့က ဂိတ်စခန်းတိုက်ခံရပြီးနောက် စစ်တပ်က လက်နက်ကြီးနဲ့ တုံ့ပြန်ပစ်ခတ်လို့ ပြည်သူ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ကျောမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က တပ်သား ငါးဦးဟာ ကားနဲ့ လက်နက်တွေယူလာပြီး အလင်းဝင်လာတယ်လို့ ပခုက္ကူခရိုင် အမှတ်(၈)တပ်ရင်းက ဒီကနေ့ ဧပြီ ၂၉ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA - Magway ) ရဲဘော်တွေအနေနဲ့ လူထုအကျိုးစီးပွားကို အသက်ထက်မြတ်နိုးဖို့ အပါအဝင် အချက်သုံးချက် လုပ်ဆောင်ပြီး ရှေ့ဆက်ကြရမယ်လို့ PRA-Magway ဗဟိုကော်မတီ ဥက္ကဋ္ဌ ကိုနေမွန်က ပြောကြားပါတယ်။

သတင်း

မကွေးတိုင်း၊ဂန့်ဂေါမြို့အခြေစိုက် အမှတ်(၃၇၁) အမြောက်တပ်က တပ်သားတစ်ဦး လက်နက်နဲ့အလင်းဝင်လာတယ်လို့ Yaw Revolution Army(YRA ထီးလင်း)တာဝန်ရှိသူက ပြောပါတယ်။