Connect with us

Hi, what are you looking for?

News

ကျောမြို့ (ကပစ)လက်နက်စက်ရုံမှ ဗိုလ်ကြီးနှင့်တပ်သားတို့ ဖမ်းမိစဥ် ထွက်ပြေးရန်ကြိုးပမ်းသဖြင့် အဆုံးစီရင်လိုက်ရဟု PRA ထုတ်ပြန်

ဗိုလ်ကြီးသော်ဇင် နှင့် တပ်သားစိုးရာဇာတို့ဖြစ်ပြီး ၎င်းတို့သည် ရိက္ခာယူပြီးအပြန်လမ်းတွင် ပြည်သူ့တော်လှန် ရေး တပ်မတော်(PRA) မှ သတင်းကြိုရ၍ စောင့်ဆိုင်း တားဆီးဖမ်းဆီးခဲ့သည်။

မကွေးတိုင်း ကျောမြို့နယ်အတွင်းရှိ (ကပစ) လက်နက်ထုတ်စက်ရုံမှ ဗိုလ်ကြီးတစ်ဦးနှင့် တပ်သားတစ်တို့ကို အရှင်ဖမ်းမိသော်လည်း ထွက်ပြေးရန်ကြိုစားသဖြင့် အဆုံးစီရင်လိုက်ကြောင်း ပြည်သူတော်လှန်ရေး တပ်မတော် People Revolution Army (PRA) က ယနေ့(နိုဝင်ဘာ၆ရက်) ညပိုင်းတွင် ထုတ်ပြန်သည်။

ဗိုလ်ကြီးသော်ဇင် နှင့် တပ်သားစိုးရာဇာတို့ဖြစ်ပြီး ၎င်းတို့သည် ရိက္ခာယူပြီးအပြန်လမ်းတွင် ပြည်သူ့တော်လှန် ရေး တပ်မတော်(PRA) မှ သတင်းကြိုရ၍ စောင့်ဆိုင်း တားဆီးဖမ်းဆီးခဲ့သည်။

“သူတို့ဆီက ကျည်ကာတွေနဲ့ စားနပ်ရိက္ခာအချို့ကို သိမ်းဆည်းရမိတယ်။စစ်ရေးအရာ တချို့ သိခဲ့ရတာတွေတော့ ထုတ်ဖော်မပြောသေးဘူး”ဟု PRA ဦးဆောင်သူ ဗိုလ်ဂျပန်က ပြောသည်။

ကားနှင့် ရိက္ခာပစ္စည်းများကို ကနဦးမီးရှို့ဖျတ်ဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်သားနှစ်ဦးမှာ စစ်ဆေးမေးမြန်စဉ် ထွက်ပြေးဖို့ကြိုးစားသည့်အတွက် အဆုံးစီရင်လိုက်ရသည်ဟု PRA က ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးရဲဘော်တွေက အားပေးသလို နှိပ်စက်တာမရှိ၊ တန်းတူစားရဟု ပြော

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ ကျောမြို့က ဂိတ်စခန်းတိုက်ခံရပြီးနောက် စစ်တပ်က လက်နက်ကြီးနဲ့ တုံ့ပြန်ပစ်ခတ်လို့ ပြည်သူ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ကျောမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။