Connect with us

Hi, what are you looking for?

သတင်း

အိုးအိမ်နှင့်အသက်များစွာရင်းပြီး မြို့သိမ်းတိုက်ပွဲများဆင်နွှဲရခြင်းမှာ အနာဂတ်မျိုးဆက်များအတွက်ဟု ချင်းညီနောင်စစ်ရေးကော်မတီ ဥက္ကဋ္ဌပြော

အနာဂတ်မျိုးဆက်သစ်များအနေဖြင့် ယခုကြုံနေရသည့် စစ်အာဏာရှင်စနစ် ဆိုးကျိုးများ မကြုံရစေရေး တော်လှန်ရေးရဲဘော်များက အသက်များရင်း တိုက်ပွဲဝင်ကာ မြို့သိမ်းနယ်မြေသိမ်း စစ်ဆင်ရေး ဖော်ဆောင်နေရခြင်းဖြစ်ကြောင်း ချင်းညီနောင် စစ်ရေးကော်မတီ ဥက္ကဋ္ဌ ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေက ပြောကြားသည်။

ဖလမ်းမြို့အား တော်လှန်ရေးတပ်များသိမ်းပိုက် အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဧပြီ ၁၂၊၂၀၂၅။ဟန်နွေ/People’s Spring

အနာဂတ်မျိုးဆက်သစ်များအနေဖြင့် ယခုကြုံနေရသည့် စစ်အာဏာရှင်စနစ် ဆိုးကျိုးများ မကြုံရစေရေး တော်လှန်ရေးရဲဘော်များက အသက်များရင်း တိုက်ပွဲဝင်ကာ မြို့သိမ်းနယ်မြေသိမ်း စစ်ဆင်ရေး ဖော်ဆောင်နေရခြင်းဖြစ်ကြောင်း ချင်းညီနောင် စစ်ရေးကော်မတီ ဥက္ကဋ္ဌ ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေက ပြောကြားသည်။

ယနေ့ (ဧပြီ ၁၂ရက်)တွင် ကျင်းပသည့် ချင်းညီနောင်၏ ဖလမ်းမြို့သိမ်းအောင်ပွဲ ဂုဏ်ပြု အခမ်းအနား၌ ဆလိုင်းထန်းချွန်းဖေက ယခုကဲ့သို့ ရှင်းပြခဲ့ခြင်းဖြစ်သည်။ ၅လကြာဆင်နွှဲခဲ့ရသည့် ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ဖေဖော်ဝါရီ ၇ရက်တွင် အောင်မြင်မှုရရှိခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၉ရက်တွင် ဖလမ်းမြို့၌ စစ်ကောင်စီ ကင်းစင်ပြီဟု ကြေညာခဲ့သည်။

” ကျနော်တို့ရဲ့ တော်လှန်ရေးကာလ အဓိက ပထမ ရည်မှန်းချက်က စစ်ကောင်စီဆီကနေ ကျနော်တို့ရဲ့မြို့တွေ ပြန်သိမ်းရေး ကျနော်တို့ရဲ့ နယ်မြေတွေ ပြန်ရယူရေးဖြစ်ပါတယ်။ ဆိုတော့ အဲဒီ ရဲက ကျနော်တို့ရဲ့ ပန်းတိုင်းရည်မှန်းချက်တခုအနေနဲ့က မဖြစ်မနေ ထိုးစစ်တွေလုပ်ရပါတယ်။ ထိုးစစ်တွေလုပ်တဲ့အခါ ကျနော်တို့ရဲ့ ရဲဘော်တွေ အသက်တွေ သွေးတွေ ချွေးတွေ အများကြီးပေးဆပ်ရပါတယ်။ အဲဒီ အသက်ပေါင်းများစွာ ပေးဆပ်ပြီးတော့ ကျနော်တို့ ဒီနေ့ အောင်ပွဲရရှိတာဖြစ်ပါတယ်”ဟု ဆလိုင်းထန်းချွန်းဖေက ပြောသည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးကာလတလျှောက် စစ်ကောင်စီကို တော်လှန်ရင်း တာဝန်အသီးသီး ထမ်းဆောင်ရင်း ကျဆုံးခဲ့သည့် ရဲဘော်များကို ဦးညွတ်အလေးပြုကြောင်းလည်း ၎င်းက ဆိုသည်။

မြို့တစ်ခု၊နယ်မြေတစ်ခု သိမ်းပြီဆိုပါက ဆုံးရှုံးနစ်နာမှုများစွာ ရှိကြောင်း၊ စည်းစိမ်ဥစ္စာ ဆုံးရှုံးမှု များစွာရှိကြောင်း ချင်းညီနောင် စစ်ရေးကော်မတီဥက္ကဋ္ဌက ပြောသည်။

“ဒီအချိန်မှာမှ ဒီလို မရင်းရရင် ကျနော်တို့ ရဲ့ အနာဂတ်မှာ ကျနော်တို့ မျိုးဆက်သစ်တွေက ပိုပြီး ရင်းရပါလိမ့်မယ်”ဟု ၎င်းက ပြောသည်။

ပစ္စည်းဥစ္စာသည် ပြန်လည်ရှာ၍ရသော်လည်း ချင်းတောင်ဒေသကဲ့သို့ နေရာတွင် မြေပြန့်နှင့်မတူဘဲ နေအိမ်တလုံးဖြစ်ရန် မလွယ်ကူကြောင်း ၎င်းက ဆိုသည်။

“အဲဒီ စည်းစိမ်ဥစ္စာတွေ အပျက်စီးအဆုံးရှုံးခံပြီး ကျနော်တို့ တော်လှန်ရေးလုပ်နေတာ။ ဒါတင်မကဘဲနဲ့ စည်းစိမ်ဥစ္စာဆိုတာ ဘယ်လောက်ပဲ ခမ်းနားနေပါစေကျနော်တို့ အသက်ထက် ဘယ်အရာမှ အရေးမကြီးပါဘူး။အနာဂတ်မှာ အညွှန့်တလူလူ ထွက်နေကြတဲ့ ဒီလူငယ်တွေ ပညာတက်တွေ အနာဂတ် တောက်ပနေတဲ့ လူငယ်လေးတွေရဲ့ အသက်တွေ ရင်းပြီးမှ လုပ်ရတဲ့ဟာထက်ပိုပြီးတော့ ကြီးမားတဲ့ ဆုံးရှုံးမှု ရှိတဲ့အရာမရှိဘူး။ ဒါပေမဲ့ ဘာဖြစ်လို့ ဒီတော်လှန်ရေးကိုလုပ်ကြလဲ အနာဂတ်အတွက်ဖြစ်တယ်”ဟု ဆလိုင်းထန်းချွန်းဖေက ပြောသည်။

အနာဂတ်မျိုးဆက်များ ယခုကဲ့သို့ မကြုံရစေရန် လုပ်ဆောင်နေခြင်းဖြစ်ပြီး လက်ရှိ မျိုးဆက်တာဝန်မကျေပါက အနာဂတ် မျိုးဆက်များသည် ယခုကဲ့သို့ပင် ကြောက်ရွံ့ထိတ်လန့်ကာ ဆုံးရှုံးနစ်နာမှုများစွာ ကြုံနေကြရမည်ဟု ရှင်းပြသည်။

ပညာရေးအရေးကြီးသည်ကို တော်လှန်ရေးလုပ်နေသည့် လူငယ်တိုင်းက နားလည်သော်လည်း စွန့်လွှတ်သူလူငယ်များမရှိပါက တော်လှန်ရေး အောင်မြင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် အသက်ပေးတိုက်ပွဲဝင်နေသည့် ရဲဘော်များကို တန်ဖိုးထားရန် နှင့် ပံ့ပိုးဝိုင်းရံကြရန် ပြည်သူများကို တောင်းဆိုခဲ့သည်။

အာဏာရှင်ကို မကြိုက်၍ မောင်းထုတ်လိုသည့် စိတ်ဖြင့် ပေးဆပ်မှုများဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ကျဆုံးမှ ဝမ်းနည်းခြင်းထက် အသက်ရှင်နေချိန် ထောက်ပံ့ပံ့ပိုးပေးကြရန် တိုက်တွန်းလိုကြောင်း ချင်းညီနောင် စစ်ရေးကော်မတီ ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ချင်းညီနောင်နှင့်မဟာမိတ်များသည် တစ်နှစ်ကျော်အတွင်း ဖလမ်း၊ ကန်ပက်လက်၊ မင်းတပ်၊ မတူပီနှင့် ကျင်ဒွေးမြို့များကို သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်းတွေထဲက တပ်ရင်မှူးတစ်ဦးနဲ့မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် ၁၃ဦး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

■အင်အား ၄၀၀ ခန့်ရှိ စစ်တပ်နှင့် SNA တပ်စွဲရာ စခန်းကြီးငယ် ၁၈ ခုသိမ်းပိုက်၊SNAအရာရှိ အပါအဝင်အလောင်း ၇လောင်းနှင့်လက်နက်ခဲယမ်းများသိမ်းရ၊ တော်လှန်ရေးရဲဘော် ၆ ဦးကျဆုံး စက်တင်ဘာ-၂၂၊၂၀၂၅။ထားမြတ်/People’s Spring စစ်ကိုင်းတိုင်း၊ကသာခရိုင်၊ဗန်းမောက်မြိုအား စက်တင်ဘာ၂၀ ရက်တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ၊အမှတ်(၁)...

ဆောင်းပါး

တော်လှန်​ရေးအင်အားစု​တွေရဲ့ ဗန်း​မောက်မြို့သိမ်းတိုက်ပွဲအ​ကြောင်းဒီတစ်ပါတ်​ပြောပြပါမယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့က စစ်တပ်စခန်း​တွေကို တော်လှန်​ရေးတပ်​တွေက စက်တင်ဘာ ၁၅ ရက်ကစပြီးထိုးစစ်ဆင်တိုက်ခိုက်နေတာမှာ စခန်းတချို့ကိုသိမ်းပိုက်ထားပြီလို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက People’s Springကို ပြောပါတယ်။