Connect with us

Hi, what are you looking for?

သတင်း

တိတ်ဆိတ်နေတဲ့ ရန်ကုန်သင်္ကြန်အကြိုနေ့

သင်္ကြန်စတင်တဲ့ အကြိုနေ့မှာတော့ ရန်ကုန်မြို့ရဲ့ လမ်းမတွေမှာ ကားတွေရှင်းနေပါတယ်။

ဧပြီ ၁၃၊၂၀၂၅။ရောင်နီ/People’s Spring

သင်္ကြန်စတင်တဲ့ အကြိုနေ့မှာတော့ ရန်ကုန်မြို့ရဲ့ လမ်းမတွေမှာ ကားတွေရှင်းနေပါတယ်။

အရင်ကဆိုရင် သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲတွေကို အကြိုနေ့ ညနေမှာ ပြုလုပ်ပြီး ရေကစားပွဲကို စတင်လေ့ရှိတာပါ။

ဒီနေ့မှာတော့ ရန်ကုန်မြို့မှာ မနက်ပိုင်းကမိုးရွာခဲ့သလို ညနေပိုင်းမှာလည်း ကားတွေအရင်ထက်ကိုရှင်းလင်းနေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

YBS လိုင်းတွေလည်း ရပ်နားထားတဲ့ လိုင်းတွေများတာကြောင့် ခရီးသည်တွေက ကားစောင့်ရတာအချိန်ပေးရတယ်လို့လည်း ပြောပါတယ်။

လမ်းမတွေပေါ်မှာ သင်္ကြန်ရဲ့ အငွေ့အသက်တွေ မမြင်ရပေမယ့် ရန်ကုန်မြိုရဲ့ ရပ်ကွက်တွေထဲမှာတော့ ရေကစားတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနှစ်မှာ စစ်ကောင်စီက မြို့တော်ဝန်မဏ္ဍပ်အပါအဝင် လမ်းလျှောက်သင်္ကြန်တွေ ပြင်ဆင်ခဲ့ပါသေးတယ်။

မတ်လ၂၈ရက်က ငလျင်လှုပ်ခတ်ခဲ့ချိန်မှာ လူတွေထောင်နဲ့ချီသေဆုံးခဲ့တာကြောင့် စစ်ကောင်စီက ဝမ်းနည်းကြေကွဲနေရချိန် သင်္ကြန်ပွဲကိုအပျော်အပါး‌ တွေမပါပဲ ရိုးရာယဉ်ကျေးမှုနဲ့အညီ ကျင်းပမယ်လို့ ဧပြီ ၁ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

https://www.facebook.com/LuduNwayOo/videos/976832861265873

ဒါပေမယ့်လည်း မဏ္ဍပ်တွေကိုဆက်ဆောက်နေခဲ့ပြီး စစ်ခေါင်းဆောင်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်က ပြန်လာချိန် မတ်လ ၆ ရက်မှာ မဏ္ဍပ်တွေကို စဖျက်ခဲ့တာပါ။

ပြည်သူ့ရင်ပြင်ဝန်းထဲမှာတော့ ဖျော်ဖြေရေးမဏ္ဍပ်ကို ဆက်မဆောက်ပဲထားပြီး ရေကစားမဏ္ဍပ်တွေကိုတော့ ပြန်ဖျက်ကာ စတုဒီသာကျွေးမယ့်နေရာတွေလပြင်ဆင်ထားတာ‌ တွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကားပစ္စည်းဈေးဝင်းအတွင်းမှာ သက်ကြီးပိုင် အမျိုး သား ၁ဦး အပူရှပ်ပြီး လေဖြန်းသွားခဲ့တယ်လို့ ဒေသခံနဲ့ လူမှုကူညီရေးအသင်းအဖွဲ့၀င်တချို့က ပြောပါတယ်။

သတင်း

အောက်တိုဘာ ၁၀ မှာ​ဒေသနှစ်ခုအပူချိန်စံချိန်သစ်တင်

ဆောင်းပါး

ရန်ကုန်မြို့ရဲ့ အထင်ကရ နေရာတခုဖြစ်တဲ့ အင်းလျားကန်ဘေးမှာ ကိုယ်ပိုင်တိုက်ခန်းနဲ့ မနေချင်သူ ဘယ်သူရှိမလဲလို့ ကိုထွန်းထွန်းက တုံ့ဆိုင်းစွာနဲ့ ရှင်းပြဖို့ ကြိုးစား ရှာပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။