Connect with us

Hi, what are you looking for?

သတင်း

ရေထွက်ရွာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူ ၁၃ဦးသေဆုံးဟု သပိတ်ကျင်း ပကဖ ထုတ်ပြန်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ် နှစ်ဦးအပါအဝင် ပြည်သူ ၁၃ဦးသေဆုံးခဲ့ရတယ်လို့ အဆိုပါမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့(ဧပြီ ၁၉ရက်) ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာကို စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဧပြီ ၁၉၊၂၀၂၅။ရှိုင်း/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ် နှစ်ဦးအပါအဝင် ပြည်သူ ၁၃ဦးသေဆုံးခဲ့ရတယ်လို့ အဆိုပါမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့(ဧပြီ ၁၉ရက်) ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပြည်သူ ၂၀ကျော် ဒဏ်ရာရခဲ့တယ်လို့လည်း တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

ရေထွက်ကျေးရွာကို ဧပြီ ၁၉ရက် ဒီနေ့ နေ့လည်၁နာရီကျော်မှာ စစ်ကောင်စီက ‌‌ကျေးရွာရဲ့ ဓာတ်ဆီဆိုင်ကို ဗုံးကြဲတိုက်ခိုက်သွားတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ဒဏ်ရာတွေနဲ့ ကယ်ပါအော် နေကြတဲ့သူတွေရော၊အလောင်းတွေရော၊မြင်မကောင်းဘူး။လူစည်တဲ့နေရာ‌‌တွေချည်း ကြဲနေတာ “လို့ မြေပြင်မှာရှိနေသူတစ်ဦးက ပြောပါတယ်။

သပိတ်ကျင်းမြို့နယ်ကို စစ်ကောင်စီက ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေပြီး ဧပြီ ၁၈ရက်နေ့ မနေ့က မနက်၁၀နာရီကျော်မှာလည်း လိပ်ကျကျေးရွာလယ်ခေါင်ကို ပေါင်၃၀၀ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁၃ဦး သေဆုံးခဲ့သလိုစိုးရိမ်ရသူ သုံးဦးလည်း ရှိပါသေးတယ်။

ဒီနေ့နဲ့ဆို နှစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့်သပိတ်ကျင်းမြို့နယ်မှာ ဒေသခံပြည်သူ ၂၀ကျော် သေဆုံးထားပါတယ်။

မနေ့က ညနေ ၄နာရီ‌‌ခွဲလောက်မှာလည်း ရေထွက်ကျေးရွာလမ်းခွဲကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

ဒါ့အပြင် မန္တလေးတိုင်း၊ တောင်သာမြို့နယ် နမ့်တည်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ်အပါအဝင် အမျိုးသမီး ၂ဦး သေဆုံးခဲ့ပြီး ၅‌ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၁၈ရက် မနေ့ ညနေ ၃နာရီထိုးခါနီးအချိန်မှာ နမ့်တည်ကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အရပ်သားပြည်သူတွေ နေထိုင်တဲ့ ကျေးရွာကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး အသက် ၇၁နှစ်အရွယ် ဒေါ်စန်ကြည်နဲ့ အသက် ၆နှစ်အရွယ် မလရိပ်ဖြူတို့ ထိမှန်သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၊ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်နဲ့ ဧပြီ ၁၇ရက်က တွေ့ဆုံအပြီးမှာ သပိတ်ကျင်းအပါအဝင် နေရာအများအပြားကို လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နဲ့ ရှမ်းပြည်နယ် မဘိမ်းမြို့တို့ကို ဒီနေ့ မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး နောက်ထပ်လေယာဉ်ပျံသန်းမှုတွေရှိနေတာကြောင့် ဒေသခံတွေ လုံခြုံရေးသတိပြုကြဖို့ တော်လှန်ရေးရဲဘော်တွေက သတိပေးထားပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊တွင်းငယ်ရွာမှာ စစ်တပ်ကစစ်မှုထမ်းသင်တန်းကျောင်း ဖွင့်ဖို့ပြင်ဆင်နေပြီး လူငယ် တွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေပိုလုပ်နေတယ်လို့ ဒေသခံနဲ့စစ်ရေးသတင်းအရင်းမြစ်တချို့ကပြောပါတယ်။

Facebook