Connect with us

Hi, what are you looking for?

သတင်း

ရေထွက်ရွာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူ ၁၃ဦးသေဆုံးဟု သပိတ်ကျင်း ပကဖ ထုတ်ပြန်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ် နှစ်ဦးအပါအဝင် ပြည်သူ ၁၃ဦးသေဆုံးခဲ့ရတယ်လို့ အဆိုပါမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့(ဧပြီ ၁၉ရက်) ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာကို စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဧပြီ ၁၉၊၂၀၂၅။ရှိုင်း/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ် နှစ်ဦးအပါအဝင် ပြည်သူ ၁၃ဦးသေဆုံးခဲ့ရတယ်လို့ အဆိုပါမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့(ဧပြီ ၁၉ရက်) ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပြည်သူ ၂၀ကျော် ဒဏ်ရာရခဲ့တယ်လို့လည်း တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

ရေထွက်ကျေးရွာကို ဧပြီ ၁၉ရက် ဒီနေ့ နေ့လည်၁နာရီကျော်မှာ စစ်ကောင်စီက ‌‌ကျေးရွာရဲ့ ဓာတ်ဆီဆိုင်ကို ဗုံးကြဲတိုက်ခိုက်သွားတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ဒဏ်ရာတွေနဲ့ ကယ်ပါအော် နေကြတဲ့သူတွေရော၊အလောင်းတွေရော၊မြင်မကောင်းဘူး။လူစည်တဲ့နေရာ‌‌တွေချည်း ကြဲနေတာ “လို့ မြေပြင်မှာရှိနေသူတစ်ဦးက ပြောပါတယ်။

သပိတ်ကျင်းမြို့နယ်ကို စစ်ကောင်စီက ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေပြီး ဧပြီ ၁၈ရက်နေ့ မနေ့က မနက်၁၀နာရီကျော်မှာလည်း လိပ်ကျကျေးရွာလယ်ခေါင်ကို ပေါင်၃၀၀ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁၃ဦး သေဆုံးခဲ့သလိုစိုးရိမ်ရသူ သုံးဦးလည်း ရှိပါသေးတယ်။

ဒီနေ့နဲ့ဆို နှစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့်သပိတ်ကျင်းမြို့နယ်မှာ ဒေသခံပြည်သူ ၂၀ကျော် သေဆုံးထားပါတယ်။

မနေ့က ညနေ ၄နာရီ‌‌ခွဲလောက်မှာလည်း ရေထွက်ကျေးရွာလမ်းခွဲကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

ဒါ့အပြင် မန္တလေးတိုင်း၊ တောင်သာမြို့နယ် နမ့်တည်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ်အပါအဝင် အမျိုးသမီး ၂ဦး သေဆုံးခဲ့ပြီး ၅‌ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၁၈ရက် မနေ့ ညနေ ၃နာရီထိုးခါနီးအချိန်မှာ နမ့်တည်ကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အရပ်သားပြည်သူတွေ နေထိုင်တဲ့ ကျေးရွာကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး အသက် ၇၁နှစ်အရွယ် ဒေါ်စန်ကြည်နဲ့ အသက် ၆နှစ်အရွယ် မလရိပ်ဖြူတို့ ထိမှန်သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၊ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်နဲ့ ဧပြီ ၁၇ရက်က တွေ့ဆုံအပြီးမှာ သပိတ်ကျင်းအပါအဝင် နေရာအများအပြားကို လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ရှောင် စခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူနှစ်ဦးသေဆုံးကာ ကလေးငယ်များအပါအဝင် ၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်သည်။

သတင်း

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စစ်ကောင်စီက ယနေ့(မေလ ၁၄ ရက်) ညနေ ၄နာရီခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး သေဆုံးပြီ လေးဦးထက်မနည်းဒဏ်ရာရရှိထားသည်။

သတင်း

စစ်​ကောင်စီက ​ အိုးထိန်းတွင်းရွာစာသင်ကျောင်းကို ဗုံးကြဲပြီး နာရီပိုင်းအတွင်းမှာပင် ​မေ ၁၂ ရက် ညနက်ပိုင်းတွင် ဒီပဲယင်းမြို့နှင့် TNLA ထိန်းချုပ်ဒေသ မန်တုံမြို့ကို လေကြောင်းမှ ဗုံးထပ်ကြဲခဲ့သည်။

သတင်း

ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းရွာစာသင်ကျောင်းအားလေကြောင်းတိုက်ခိုက်မှုကို ၎င်းတို့ ကျူးလွန်ခြင်းမရှိကြောင်း စစ်ကောင်စီက ​ဗြောင်ငြင်းဆိုပြီးလိမ်လည်ထုတ်ပြန်သည်။