Connect with us

Hi, what are you looking for?

သတင်း

ရေထွက်ရွာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု သေဆုံးသူထပ်တိုး၊ ကလေးငယ်တွေအပါအဝင် ၂၄ဦးအထိ ရှိလာ

သပိတ်ကျင်းမြိုနယ်မှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ရက်အတွင်း ပြည်သူ ၄၀ သေဆုံးဝန်းကျင် သေဆုံး

သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာကို စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဧပြီ ၁၉၊၂၀၂၅။ရှိုင်း၊ဟန်နွေPeople’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးငယ်တွေအပါအဝင် သေဆုံးသူ ပြည်သူ၂၄ဦးအထိ ထပ်တိုးလာတယ်လို့ ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းတာဝန်ခံက ပြောပါတယ်။

ရေထွက်ကျေးရွာကို ဧပြီ ၁၉ရက် ဒီနေ့ နေ့လည်၁နာရီကျော်မှာ စစ်ကောင်စီက ‌‌ကျေးရွာရဲ့ဓာတ်ဆီဆိုင်နေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုဟာ ပြည်သူတွေကြားတိုက်ခိုက်တာဖြစ်ပြီး (၂)နှစ်အရွယ် ကလေးငယ်တွေအပါအဝင် ဒေသခံပြည်သူ ၂၄ဦးရဲ့ ရုပ်အလောင်းတွေကို ကောက်ယူထားနိုင်တယ်လို့ ပြင်ဦးလွင် ခရိုင်ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဒဏ်ရာရ ပြည်သူတွေများပြားပြီး လူဦးရေအတည်ပြုလို့မရ သေးဘူးလို့လည်း ဆိုပါတယ်။

“ဒဏ်ရာတွေနဲ့ ကယ်ပါအော် နေကြတဲ့သူတွေရော၊ အလောင်းတွေရော၊မြင်မကောင်းဘူး။လူစည်တဲ့နေရာ‌‌ေတွချည်း ကြဲနေတာ”လို့ မြေပြင်မှာရှိနေသူတစ်ဦးက ပြောပါတယ်။

သပိတ်ကျင်းမြို့နယ်ကို စစ်ကောင်စီက ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေပြီး ဧပြီ ၁၈ရက်နေ့ မနေ့က မနက်၁၀နာရီကျော်မှာလည်း လိပ်ကျကျေးရွာလယ်ခေါင်ကို ပေါင်၃၀၀ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁၃ဦး သေဆုံးခဲ့သလိုစိုးရိမ်ရသူ သုံးဦးလည်း ရှိပါသေးတယ်။

ဒီနေ့နဲ့ဆို နှစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့်သပိတ်ကျင်းမြို့နယ်မှာ ဒေသခံပြည်သူ ၂၀ကျော် သေဆုံးထားပါတယ်။

မနေ့က ညနေ ၄နာရီ‌‌ခွဲလောက်မှာလည်း ရေထွက်ကျေးရွာလမ်းခွဲကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

” မြန်မာနိုင်ငံ၊မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ရေထွက်ရွာ Airstrike ပြည်သူချည်း သီးသန့် ထိခိုက်တာပါ။ပြည်သူ(၂၀)ကျော် သေဆုံးပါတယ်။ ကျူးလွန်သူကိုမေ့ပစ်လို့ လုံးဝမရပါဘူး။ လုံးဝမေ့ပစ်လို့မရပါဘူး။ တရားခံကို မေ့ပစ်လို့မရပါဘူး။ တရားခံကို ကွဲပြားသိကြရမှာ။ လုံးဝ ကြိုးစားကြရမှာ။ ခံယူချက်ကို ကျေလည်ကြရမှာ။ သတိနဲ့ ကြိုးစားနေထိုင်ကြရမှာ။ ကျွန်တော်တို့ရော ပြည်သူရော အားလုံး သတိကြီးစွာနေထိုင်ကြရမှာ”ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI ဗျူဟာ) ဗျူဟာမှူး ကိုနွယ်နီက လူမှုကွန်ရက်တွင် ရေးသားအသိပေးထားသည်။

“ ပြည်သူတွေအနေနဲ့ စကစရဲ့စကားကို မယုံကြည်ကြဖို့နဲ့ စကစက သူ့စကားကို ဘယ်တော့မှ သူမတည်ဘူးဗျာ။ ပြည်သူတွေ ဒီလောက်ဒုက္ခရောက်နေတဲ့အချိန်မှာ ပိုဒုက္ခရောက်အောင်လုပ်တယ် ။ ပြည်သူတွေ ဒီလောက် သေကြေအောင် လေကြောင်း တိုက်ခိုက်မှု လုပ်တယ်ဆိုတာ သူ့ရဲ့စိတ်ဓာတ်လည်း အရမ်းပေါ်လွင်နေပြီ”လို့ ပြင်ဦးလွင်ခရိုင် ပကဖ သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် မန္တလေးတိုင်း၊ တောင်သာမြို့နယ် နမ့်တည်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ်အပါအဝင် အမျိုးသမီး ၂ဦး သေဆုံးခဲ့ပြီး ၅‌ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၁၈ရက် မနေ့ ညနေ ၃နာရီထိုးခါနီးအချိန်မှာ နမ့်တည်ကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အရပ်သားပြည်သူတွေ နေထိုင်တဲ့ ကျေးရွာကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး အသက် ၇၁နှစ်အရွယ် ဒေါ်စန်ကြည်နဲ့ အသက် ၆နှစ်အရွယ် မလရိပ်ဖြူတို့ ထိမှန်သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၊ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်နဲ့ ဧပြီ ၁၇ရက်က တွေ့ဆုံအပြီးမှာ သပိတ်ကျင်းအပါအဝင် နေရာအများအပြားကို လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။