Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်အထိ့နာခဲ့သောပင်လယ်ဘူးတိုက်ပွဲတွင်ပြည်သူ့ဘက်မှကျဆုံးသူ ၅ဦး၌CDM ရဲတစ်ဦးပါဝင်

ကျဆုံးသွားသည့် ရဲဘော်များသည် ရွှေဘိုနယ်မှ ၂ဦး၊ စစ်ကိုင်းမြို့နယ်မှ ၁ ဦး၊ ၊ရေဦးနှင့်ခင်ဦးမြို့နယ်များမှ ၂ဦးတို့ဖြစ်ကြောင်း PRက ပြောသည်။

(ပြည်သူများနှင့်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအတွက် အကြမ်းဖက်စစ်တပ်ကိုတော်လှန်တိုက်ခိုက်ရင်းကျဆုံးခဲ့သော CDMရဲတစ်ဦးဖြစ်သောကိုမျိုးသန့်ဇင်ဟိန်း)

စစ်ကောင်စီတပ်အထိ့နာခဲ့သောစစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးတိုက်ပွဲတွင် ပြည့်သူ့ကာကွယ်ရေးအဖွဲ့ဘက်မှကျဆုံးသွားသည့် ပြည်သူ့ကာကွယ်ရေးတပ်သား ၅ ဦးတွင် ရေဦးမြို့နယ်မှ CDM ရဲတစ်ဦး ပါဝင်ခဲ့ကြောင်း ပင်လယ်ဘူးတော်လှန်ရေးက သတင်းထုတ်ပြန်သည်။

(ပြည်သူများနှင့်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအတွက် အကြမ်းဖက်စစ်တပ်ကိုတော်လှန်တိုက်ခိုက်ရင်းကျဆုံးခဲ့သော CDMရဲတစ်ဦးဖြစ်သောကိုမျိုးသန့်ဇင်ဟိန်း)

ပင်လယ်ဘူးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပင်လယ်ဘူးPDFတို့ နိုဝင်ဘာလ ၅ ရက်နေ့နှင့် ၆ ရက်နေ့များတွင်တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ အယောက်လေးကျော်သေဆုံးနိုင်ပြီး PDFဘက်မှ ၅ ဦးကျဆုံးခဲ့ရာ အဆိုပါ ငါးဦးအနက် ရေဦးမြို့နယ်ရဲစခန်းမှ ပထမဆုံး CDM ပြုလုပ်ခဲ့သူ ရဲတပ်သား မျိုးသန့်ဇင်ဟိန်းလည်းကျဆုံးခဲ့ကြောင်း Pinlebu Revolution ကသတင်းထုတ်ပြန်ခဲ့သည်။

ကိုယ်ပိုင် နံပါတ် လ-၂၅၃၂၃၃၊ ရဲတပ်သား မျိုးသန့်ဇင်ဟိန်းသည် ရေဦး မြို့မ ရဲစခန်းတွင်တာဝန်ကျခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး ရဲတိုင်းရုံး(တွဲဘက်)တာဝန်လည်း ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူတို့က ပြောသည်။

(ပြည်သူများနှင့်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအတွက် အကြမ်းဖက်စစ်တပ်ကိုတော်လှန်တိုက်ခိုက်ရင်းကျဆုံးခဲ့သော CDMရဲတစ်ဦးဖြစ်သောကိုမျိုးသန့်ဇင်ဟိန်း)

“သူက ရဲဝန်ထမ်းဘဝမှာလည်း ဘာပြစ်ချက်မှမရှိဘူး။ တော်လို့ တိုင်းရဲမင်းကြီးအိမ်မှာကိုတာဝန်ကျတာ။ အဲဒီကနေ CDM လုပ်ပြီး အစောကြီးကို အထက်ပိုင်းတက်သွားကြတာ (pdfလုပ်ဖို့)”ဟု ရေဦးဒေသခံတစ်ဦးက ပြောသည်။ အဆိုပါတိုက်ပွဲတွင် ရေဦးနယ်ထဲမှ PDFနောက်တစ်ဦးလည်းကျဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကျဆုံးသွားသည့် ရဲဘော်များသည် ရွှေဘိုနယ်မှ ၂ဦး၊ စစ်ကိုင်းမြို့နယ်မှ ၁ ဦး၊ ၊ရေဦးနှင့်ခင်ဦးမြို့နယ်များမှ ၂ဦးတို့ဖြစ်ကြောင်း PRက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook