Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ အမေရိကန် ထပ်မံတောင်းဆို

အာဏာသိမ်းစစ်တပ်က မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ အမေရိကန် အကြီးတန်းအရာရှိတစ်ဦးက ထပ်မံပြောဆိုလိုက်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန်နဲ့ အမေရိကန် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဗျူရို အကြီးတန်းအရာရှိတို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - U.S mission to ASEAN

ဧပြီ ၂၃၊ ၂၀၂၅။ အီယိုရီ/People’s Spring

အာဏာသိမ်းစစ်တပ်က မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ အမေရိကန် အကြီးတန်းအရာရှိတစ်ဦးက ထပ်မံပြောဆိုလိုက်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ ဧပြီ ၂၂ရက်က ကျင်းပခဲ့တဲ့ ၃၇ကြိမ်မြောက် အမေရိကန်-အာဆီယံဆွေးနွေးပွဲမှာ အမေရိကန်ပြည်ထောင်စု အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဗျူရို အကြီးတန်းအရာရှိ အိုနေးလ်က မြန်မာစစ်ကောင်စီအနေနဲ့ ကိုယ့်ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့၊ မတရားဖမ်းဆီးခံထားရသူများကို လွှတ်ပေးဖို့နဲ့ လူသားချင်းစာနာမှု လိုအပ်နေသူတွေဆီ အဟန့်အတားမရှိ အကူအညီပေးနိုင်ဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စုဟာ အာဆီယံ သဘောတူညီချက် ၅ရပ်နဲ့အညီ မြန်မာနိုင်ငံ ဒီမိုကရေစီစင်စစ် လမ်းကြောင်းပေါ် ရောက်ရှိဖို့ အာဆီယံနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်နေတယ်လို့ အကြီးတန်းအရာရှိ အိုနေးလ်က အလေးပေးပြောကြားပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး မတ်လ ၂၈ရက် လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့မှာ အသက်ဆုံးပါးခဲ့ရသူများအတွက် ဝမ်းနည်းကြောင်းပြောကြားခဲ့ပြီး အမေရိကန်ပြည်ထောင်စုအနေနဲ့ ရှေ့လာမယ့် ပြန်လည်ထူထောင်ရေး ရက်ရှည်ကာလအတွင်းမှာလည်း လူသားချင်းစာနာမှုဆိုင်ရာ ကြိုးပမ်းမှုတွေကို ပံ့ပိုးကူညီဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ အိုနေးလ်က ပြောဆိုခဲ့ပါတယ်။

အဲဒီ အမေရိကန်-အာဆီယံဆွေးနွေးပွဲကို စစ်ကောင်စီရဲ့ အမြဲတမ်းအတွင်းဝန် တက်ရောက်ခဲ့ပြီး အာဆီယံနဲ့ အမေရိကန်နိုင်ငံတို့ရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေအပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာကိစ္စရပ်တွေ၊ အာဆီယံ-အမေရိကန် ဘက်စုံမဟာ ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အကောင်အထည်ဖော်တဲ့ လုပ်ငန်းအစီအစဉ်နဲ့ ဆောင်ရွက်ချက်တွေ၊ အာဆီယံ-အမေရိကန် ဘက်စုံမဟာဗျုဟာမြောက်ဆက်ဆံရေးဆိုင်ရာ ဆောင်ရွက်ချက်တွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာတော့ စစ်တပ်က ပြည်သူလူထုအပေါ် အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ အမေရိကန်က တောင်းဆိုထားတဲ့အချက်တွေကိုတော့ ထည့်သွင်းတာ မတွေ့ရပါဘူး။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။