Connect with us

Hi, what are you looking for?

သတင်း

စစ်ရှောင်ရင်း ငလျင်ဘေးသင့်ကွယ်လွန်ခဲ့သူများ

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးမှာ မန္တလေးနဲ့ အမရပူရမြို့တွေက သေဆုံးခဲ့သူတွေထဲ စစ်ရှောင်ပြည်သူတွေလည်း ပါဝင်ခဲ့ပါတယ်။

ငလျင်ဘေးသင့်ပြည်သူအချို့၏ ယာယီတဲများအား တွေ့ရစဥ်။ ဓာတ်ပုံ-Scor

ဧပြီ ၂၄၊၂၀၂၅။Scorpio/People’s Spring

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးမှာ မန္တလေးနဲ့ အမရပူရမြို့တွေက သေဆုံးခဲ့သူတွေထဲ စစ်ရှောင်ပြည်သူတွေလည်း ပါဝင်ခဲ့ပါတယ်။

မန္တလေးမြို့လယ် ရတနာပုံစျေးအနီးက တိုက်တလုံးပြိုကျတဲ့ ဖြစ်စဥ်မှာဆိုရင် ရှမ်းပြည်နယ်မြောက်ပိုင်းကလာတဲ့ စစ်ရှောင်မိသားစုဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သူတို့တတွေဟာ ရှမ်းမြောက်က တိုက်ပွဲတွေကြောင့် မန္တလေးမြို့က ဆွေမျိုးမိသားစုမှာ လာရောက်နေထိုင်ရင်း ငလျင်နဲ့တည့်တည့်တိုးခဲ့ကြတာလို့ ရပ်ကွက်ခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“နောက်ဆုံးတယောက်ကတော့ ထုတ်နိုင်ပြီးတော့မှ ဆေးရုံပေါ်မှာဆုံးသွားတာ”လို့ ရပ်ကွက်ခံတဦးက ပြောပါတယ်။

အလားတူ အမရပူရမြို့၊ တောင်ကြီးရပ်ကွက်ထဲမှာလည်း စစ်ကိုင်း၊ မင်းကွန်းဘက်ကနေ လာရောက်နေထိုင်နေတဲ့ စစ်ရှောင်မိသားစုဝင် ၅ ဦး ငလျင်ကြောင့် သေဆုံးခဲ့ကြပါတယ်။

“အမျိုးသမီးတွေချည့် ၅ ယောက်”လို့ ဒေသခံတဦးက ပြောပြပါတယ်။ စစ်ကိုင်းမင်းကွန်းဘက်ဟာ ငလျင်ဒဏ်လည်းခံခဲ့ရတဲ့အပြင် တိုက်ပွဲတွေကြောင့် ရွာတွေထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီတပ်ကလည်း နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာပါ။

နောက်ထပ် အမရပူရကပဲ ဘုန်းကြီးကျောင်းတကျောင်းထဲမှာ ခိုလှုံနေရတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့က စစ်ဘေးရှောင်ပြည်သူတွေဟာ ငလျင်နဲ့တိုးပြီး အဘိုးအို တစ်ဦးသေဆုံးခဲ့တယ်လို့ သိရတယ်။

” ကျောင်းပြိုပြီး တဦးသေဆုံးတာပါ။”လို့ စစ်ရှောင်တဦးက ပြောပြတယ်။

စစ်ကိုင်းမြို့မှာလည်း စစ်ရှောင်ပြည်သူတွေ သေဆုံးတာတွေရှိနေပါတယ်။ စဥ့်ကူးမြို့ကလာတဲ့ စစ်ရှောင်မိသားစုလေးတစုကတော့ သားငယ်လေးတဦးဆုံးရှုံးခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

“ဖအေကဆုံးပြီးတာမကြာသေးဘူး။ သားအမိတတွေ စစ်ကိုင်းကိုစစ်ရှောင်လာရင်း သားလေးက ငလျင်ကြောင့်ပိမိပြီးဆုံးသွားတာ”လို့ နီးစပ်သူတဦးက ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ လက်ရှိ ဘုန်းကြီးကျောင်းနဲ့ အိမ်အငှားတွေမှာ ခေတ္တနေထိုင်နေရပြီး အကူအညီရရှိမှုမရှိသလောက် နည်းပါးတယ်လို့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။

မန္တလေးမှာ စစ်ရှောင်းလာရင်း ငလျင်ကြောင့်သေဆုံးရတဲ့ ဖြစ်စဉ်တွေဟာ လူထုနွေဦးက စုံစမ်းသိရတဲ့ အရေအတွက်သာဖြစ်ပြီး မြေပြင်မှာ အခုထက် ပိုများနိုင်ပါတယ်။ လက်ရှိမှာ နိုင်ငံနေရာအနှံ့မှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် ပြည်သူတွေဟာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပါတယ်။

“ရပ်ကွက်ထဲ စာရင်းပေါက်တဲ့သူတွေကိုပဲ အလှူတွေကိုထည့်ပေးတာ။ အငှားတွေကမရကြဘူး”လို့ စစ်ရှောင်တွေက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ရန်က ရှိနေတာကြောင့် စစ်ရှောင်ဦးရေကို မပြောရဲတာတွေလည်းရှိနေတယ်လို့ မြို့ခံတွေက ပြောပြပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ ကိုယ့်ဒေသမဟုတ်တဲ့နေရာမှာ ငလျင်ဘေးပါထပ်သင့်နေတာကြောင့် အကူအညီတွေ အများကြီးလိုအပ်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Facebook