Connect with us

Hi, what are you looking for?

News

ကလေးတွင် တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီထံကျည်ဆံလာပို့သည့် ပျုစောထီးဆယ်ယောက်ကိုသုတ်သင်ပြီးကျည်ဆံများသိမ်းဆည်နိုင်ခဲ့ဟု Yaw Eagle ထုတ်ပြန်

ကလေးမြို့နယ် ဟံသာဝတီရွာမှညိုဝင်း၊ ဘိုမြင့်နှင့် ကျော်ဝင်းတို့ပါဝင်သော ပျူစောထီးအဖွဲ့ဝင်ဆယ်ဦးကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ယနေ့(နိုဝင်ဘာ ၈ရက်)နံနက်ပိုင်း သုတ်သင်လိုက်ခြင်းဖြစ်သည်။

ကလေးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ ယနေ့ နံနက် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီထံ သေနတ်ကျည်လာပို့သည့် ပျုစောထီးဆယ်ယောက်ကို ကြားဖြတ်သုတ်သင်လိုက်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသတင်းထုတ်ပြန်သည်။

ကလေးမြို့နယ် ဟံသာဝတီရွာမှညိုဝင်း၊ ဘိုမြင့်နှင့် ကျော်ဝင်းတို့ပါဝင်သော ပျူစောထီးအဖွဲ့ဝင်ဆယ်ဦးကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ယနေ့(နိုဝင်ဘာ ၈ရက်)နံနက်ပိုင်း သုတ်သင်လိုက်ခြင်းဖြစ်သည်။

” ဟံသာဝတီ စခန်းထဲကနေပျူစောထီး ၁၀ ကောင် သူ့ပထွေး စစ်ခွေးတွေဆီရာရာစစ ကျည်လာပို့ရဲသေးတယ်။ငါတို့ မြေပြင်အဖွဲ့ တွေရဲ့ချိတ်ဆက်မှုကို အထင်သေးတာကို။ ၁၀ ကောင် လုံးငါးစာကျွေးလိုက်ပြီ” ဟု Yaw Eagle အဖွဲ့က သတင်းထုတ်ပြန်ပြီး ” ညိုဝင်း၊ ဘိုမြင့်၊ ကျော်ဝင်း တို့ရေ ကျေးဇူးတင်တယ်နော်။ နောက်ထပ်ပို့ချင် ပို့လာအုံးလေ” ဟု ရေးသားထားသည်။

ပျူစောထီအဖွဲ့ဆီမှ ဆိုင်ကယ် ၅ စီး၊ M16 ကျည် ကျောပိုးအိတ် ၃ လုံးသိမ်းဆည်းနိုင်ခဲ့သည်ဟုသတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

” Yaw Eagle က မြေပြင်မှာ အလုပ်လုပ်နေတဲ့ သူတွေ။ ဒီနေ့လည်း ကလေးတစ်မြို့လုံးကို မီးဖြတ်ထားတယ်။ ညကလည်း ချတယ်။ဒီမနက်လည်း အစောကြီးကတည်းက တိုက်ပွဲတွေ ဖြစ်နေတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ယောဒေသနှင့် ထိစပ်နေပြီး ကလေးမြို့နယ်တွင်ပါဝင်သော ထယ်လှော်ကျေးရွာနှင့်ဟံသာဝတီရွာအနီးတွင် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီဘက်မှ အထိနာနေသည်ဟု ကနဦးထွက်ပေါ်နေသော သတင်းကို ဒေသခံများက အသိပေးသည်။

” စစ်ခွေးအလောင်းတွေ အများကြီးရတယ်ကြားတယ်။ တရားဝင်သတင်းတော့ မထုတ်သေးဘူး” ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။

ကလေးမြို့အပါအဝင်စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်များကို စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်နေသော်လည်း မဟာမိတ်များ၏စုစည်းအား၊ ပြည်သူလူထု၏ ထောက်ခံအားပေးမှုဖြင့် ကြံ့ကြံ့ခံရင်ဆိုင်တိုက်ပွဲဝင်သွားမည်ဟု Kalay PDFက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။