Connect with us

Hi, what are you looking for?

LuduNwayOo

News

ကလေးတွင် တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီထံကျည်ဆံလာပို့သည့် ပျုစောထီးဆယ်ယောက်ကိုသုတ်သင်ပြီးကျည်ဆံများသိမ်းဆည်နိုင်ခဲ့ဟု Yaw Eagle ထုတ်ပြန်

ကလေးမြို့နယ် ဟံသာဝတီရွာမှညိုဝင်း၊ ဘိုမြင့်နှင့် ကျော်ဝင်းတို့ပါဝင်သော ပျူစောထီးအဖွဲ့ဝင်ဆယ်ဦးကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ယနေ့(နိုဝင်ဘာ ၈ရက်)နံနက်ပိုင်း သုတ်သင်လိုက်ခြင်းဖြစ်သည်။

ကလေးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ ယနေ့ နံနက် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီထံ သေနတ်ကျည်လာပို့သည့် ပျုစောထီးဆယ်ယောက်ကို ကြားဖြတ်သုတ်သင်လိုက်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသတင်းထုတ်ပြန်သည်။

ကလေးမြို့နယ် ဟံသာဝတီရွာမှညိုဝင်း၊ ဘိုမြင့်နှင့် ကျော်ဝင်းတို့ပါဝင်သော ပျူစောထီးအဖွဲ့ဝင်ဆယ်ဦးကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ယနေ့(နိုဝင်ဘာ ၈ရက်)နံနက်ပိုင်း သုတ်သင်လိုက်ခြင်းဖြစ်သည်။

” ဟံသာဝတီ စခန်းထဲကနေပျူစောထီး ၁၀ ကောင် သူ့ပထွေး စစ်ခွေးတွေဆီရာရာစစ ကျည်လာပို့ရဲသေးတယ်။ငါတို့ မြေပြင်အဖွဲ့ တွေရဲ့ချိတ်ဆက်မှုကို အထင်သေးတာကို။ ၁၀ ကောင် လုံးငါးစာကျွေးလိုက်ပြီ” ဟု Yaw Eagle အဖွဲ့က သတင်းထုတ်ပြန်ပြီး ” ညိုဝင်း၊ ဘိုမြင့်၊ ကျော်ဝင်း တို့ရေ ကျေးဇူးတင်တယ်နော်။ နောက်ထပ်ပို့ချင် ပို့လာအုံးလေ” ဟု ရေးသားထားသည်။

ပျူစောထီအဖွဲ့ဆီမှ ဆိုင်ကယ် ၅ စီး၊ M16 ကျည် ကျောပိုးအိတ် ၃ လုံးသိမ်းဆည်းနိုင်ခဲ့သည်ဟုသတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

” Yaw Eagle က မြေပြင်မှာ အလုပ်လုပ်နေတဲ့ သူတွေ။ ဒီနေ့လည်း ကလေးတစ်မြို့လုံးကို မီးဖြတ်ထားတယ်။ ညကလည်း ချတယ်။ဒီမနက်လည်း အစောကြီးကတည်းက တိုက်ပွဲတွေ ဖြစ်နေတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ယောဒေသနှင့် ထိစပ်နေပြီး ကလေးမြို့နယ်တွင်ပါဝင်သော ထယ်လှော်ကျေးရွာနှင့်ဟံသာဝတီရွာအနီးတွင် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီဘက်မှ အထိနာနေသည်ဟု ကနဦးထွက်ပေါ်နေသော သတင်းကို ဒေသခံများက အသိပေးသည်။

” စစ်ခွေးအလောင်းတွေ အများကြီးရတယ်ကြားတယ်။ တရားဝင်သတင်းတော့ မထုတ်သေးဘူး” ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။

ကလေးမြို့အပါအဝင်စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်များကို စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်နေသော်လည်း မဟာမိတ်များ၏စုစည်းအား၊ ပြည်သူလူထု၏ ထောက်ခံအားပေးမှုဖြင့် ကြံ့ကြံ့ခံရင်ဆိုင်တိုက်ပွဲဝင်သွားမည်ဟု Kalay PDFက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။