Connect with us

Hi, what are you looking for?

သတင်း

သံလွင်မြစ်အနောက်ကမ်းဒေသဆီ စစ်ကောင်စီတပ်အင်အားဖြည့်တင်း

ကရင်ပြည်နယ်မြို့တော် ၊ ဘားအံမြို့ ၊ သံလွင်မြစ်အနောက်ကမ်းမှာ ဧပြီလ တတိယပတ်အတွင်း စစ်ကောင်စီတပ်က အင်အားအများအပြားစေလွှတ်ပြီး နေရာယူတပ်စွဲတာတွေရှိလာတယ်လို့ ကရင်စစ်ဘက် နဲ့အရပ်ဘက် သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

ဧပြီ – ၂၇ ၊၂၀၂၅၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်မြို့တော် ၊ ဘားအံမြို့ ၊ သံလွင်မြစ်အနောက်ကမ်းမှာ ဧပြီလ တတိယပတ်အတွင်း စစ်ကောင်စီတပ်က အင်အားအများအပြားစေလွှတ်ပြီး နေရာယူတပ်စွဲတာတွေရှိလာတယ်လို့ ကရင်စစ်ဘက် နဲ့အရပ်ဘက် သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သံလွင်မြစ်အနောက်ဘက်ကမ်း ကော့ဂွန်ရွာနဲ့ နှစ်ခြားရွာ တို့မှာ ဧပြီလ ၁၉ ရက်စတင်ပြီး တပ်အင်အားအများအပြားနဲ့လာရောက်တပ်စွဲထားတာလို့ ကရင်စစ်ဘက်သတင်းရင်းမြစ်က ပြောပါတယ်။

အဲဒီရွာနှစ်ရွာ ဟာ ဘားအံမြို့အနောက်တောင်ဘက် ၁၀ မိုင်ဝန်းကျင်ခန့်အကွာ သံလွင်မြစ်အနောက်ကမ်းမှာ တည်ရှိပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နှစ်ခြားရွာ အုပ်ချုပ်ရေးမှုးရုံးနဲ့ ကော့ဂွန်ရွာတို့မှာ တပ်စွဲထားတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် ဘားအံမြို့အနီး သံလွင်မြစ်ကြောင်းတလျောက်မှာ စစ်သင်္ဘောငယ်တစ်စီး နဲ့ ကင်းလှည့်တာတွေ အခုရက်ပိုင်းမှာလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“သုံးရက်လောက်ရှိပြီ ဖားမဲတောင်ဘေးမှာ စစ်သင်္ဘောငယ်တစ်စီး ရပ်ထားတာ တွေ့ရတယ်” လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဘားအံမြို့ ၊ သံလွင်မြစ် အနောက်ဘက်ကမ်းဒေသဟာ ကရင်အမျိုးသားအစည်းအရုံး(KNU) ရဲ့ အုပ်ချုပ်ရေးနဲ့စစ်ရေးနယ်မြေသတ်မှတ်ပုံအရ ဒူးသထူ(သထုံ) ခရိုင် ၊တပ်မဟာ(၁) နယ်မြေ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကလည်း သံလွင်မြစ်အနောက်ဘက်ကမ်းမှာ တပ်ရင်း တွေအခြေချထား သလို ကရင့်နယ်ခြားစောင့်တပ်(BGF) ၊ DKBA ခွဲထွက်အဖွဲ့တွေ ရဲ့ ဂိတ်တွေလည်းရှိတယ်လို့သိရပါတယ်။

သံလွင်မြစ်အနောက်ဘက်ကမ်းဒေသမှာ KNU နဲ့ ပူးပေါင်းတပ်တွေ စစ်ရေးလှုပ်ရှားမယ်ဆိုတဲ့ သတင်းတွေအရ အခုလို စစ်ကောင်စီတပ်ဘက်က အင်အားဖြည့် ၊ နေရာယူတပ်စွဲသလို ၊ ဘားအံမြို့အနီး လုံခြုံရေးတင်းကြပ် လာတာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိမှာတော့ ကရင်ပြည်နယ်မှာ ကော့ကရိတ်မြို့ ၊ကျုံဒိုးမြို့ အနီးမှာ စစ်ရေးတင်းမာနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook