Connect with us

Hi, what are you looking for?

သတင်း

တောင်းခမ်းတိုက်ပွဲ စစ်ကောင်စီက အဆိပ်ငွေ့ဗုံးတွေကြဲ တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်းခမ်းကျေးရွာက အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်(မစခ-၉၀၂) အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်းကို စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး ၁၁လုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က ဒီကနေ့(ဧပြီ ၂၉ရက်) ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

တောင်းခမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေစဉ်။ ဓာတ်ပုံ − TNLA

ဧပြီ ၂၉၊၂၀၂၅/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်းခမ်းကျေးရွာက အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်(မစခ-၉၀၂) အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်းကို စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး ၁၁လုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က ဒီကနေ့(ဧပြီ ၂၉ရက်) ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

တောင်းခမ်းရွာက (၉၀၂)တပ်စခန်းအနီးမှာ တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး (၁၁)လုံးနဲ့ လက်နက်ကြီး (၂၆)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီကနေ့ နံနက် ၈နာရီကနေ ညနေ ၃နာရီခွဲကျော်အထိ အဆိပ်ငွေ့ဗုံးတွေနဲ့ ကြဲချခဲ့ပြီး (၉၀၂)ဌာနချုပ်နဲ့ အမတ(၄၅၃)တပ်စခန်းကနေလည်း လက်နက်ကြီး (120MM)တို့နဲ့ ပစ်ခတ်တိုက်ခဲ့တယ်လို့ တအာင်းတပ်မတော်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ အပစ်ရပ်စဲရေးကာလကို ဧပြီလကုန်အထိ ထပ်မံတိုးထားပေမယ့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့ မြို့နယ်တွေကို စစ်အင်အားတွေဖြည့်တင်းတာ၊ ထိုးစစ်ဆင်တာတွေနဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကိုလည်း လေကြောင်းကနေ လာရောက်ဗုံးကြဲနေတယ်လို့ အသိပေးပါထားပါတယ်။

ဒါ့အပြင် ပြီးခဲ့သည့် ဧပြီ ၂၄ရက်လည်း နောင်ချိုမြို့နယ်ကို စစ်ကောင်စီက လေကြောင်းကနေ အဆိပ်ငွေ့ဗုံး (၈)လုံးနဲ့ ဗုံး (၂၇)လုံး ကြဲချတိုက်ခိုက်ခဲ့သေးတယ်လို့ တအာင်းတပ်မတော်က ထုတ်ပြန်ထားပါတယ်။

အမြောက်တပ်ရင်းတွေရှိတဲ့ တောင်းခမ်းဒေသက စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မတ်လ တတိယပတ်မှာ တောင်းခမ်းကျေးရွာအနီးက မဲပုတ်ကျေးရွာကို သိမ်းပိုက်ရပြီးနောက် တစ်လအကြာမှာ မဲပုတ်ရွာကနေ (၁)မိုင်ကျော်ဝေးတဲ့ နောင်လင်ကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းက သိမ်းပိုက်ခဲ့ပါတယ်။

တအာင်းတပ်မတော်(TNLA)၊ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နဲ့ ပူးပေါင်းတပ်တွေက နောင်ချိုမြို့ကို သိမ်းပြီးနောက် မြို့နဲ့မိုင်(၂၀)ခန့်ဝေးတဲ့ စစ်ကောင်စီရဲ့ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်အပါအဝင် အမြောက်တပ်ရင်း လေးခုအထိရှိနေတဲ့ တောင်းခမ်းဒေသတိုက်ပွဲဟာ ကိုးလ​ဝန်းကျင်ကြာမြင့်လာပြီ ဖြစ်ပါတယ်။

အမြောက်တပ်တွေရှိတဲ့ တောင်းခမ်းဒေသကို တော်လှန်ရေးပူးပေါင်းတပ်တွေက ၂၀၂၄ ဇူလိုင်လကုန်ပိုင်းကတည်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ကိုးလ​တိုင် နေ့စဉ်ရက်ဆက်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး အစောပိုင်းမှာတော့ တောင်းခမ်းဒေသက အမတ(၄၀၆)နဲ့ အမတ(၂၀၆) အမြောက်တပ်ရင်းနှစ်ခုကို ၂၀၂၄ သြဂုတ် ၂၈ရက်မှာ TNLA နဲ့ပူး​ပေါင်းတပ်​တွေကသိမ်းပိုက်နိုင်ခဲ့တယ်လို့ TNLAက ထုတ်ပြန်ပါတယ်။ အဲဒီနောက် ကျန်တပ်စခန်း နှစ်ခုကို ဆက်လက်ထိုးစစ်ဆင်ခဲ့ပါတယ်။

နောင်ချိုမြို့တောင်ဘက် ဒုဋ္ဌဝတီမြစ်ကူးတံတား အနောက်ဘက်မှာရှိတဲ့ တောင်းခမ်းကျေးရွာမှာ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)နဲ့ သူရဲ့လက်အောက်ခံ အမြောက်တပ်ရင်း သုံးရင်းဖြစ်တဲ့ အမတ(၃၅၄)၊ အမတ (၂၀၆)၊ အမတ(၄၀၆)တို့ ရှိတာပါ။

စစ်ကောင်စီဟာ နောင်ချိုမြို့ကို လမ်း​ကြောင်းနှစ်​ခုကနေ စစ်ကြောင်းထိုးနေပါတယ်။ တောင်းခမ်း – ရပ်စောက်လမ်းပိုင်းကနေစစ်ကြောင်းထိုး အင်အားပို့နေသလို ၊ နောင်ချို – ပြင်ဦးလွင်လမ်းပိုင်းကနေ စစ်ကြောင်းထိုးနေတာပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။