Connect with us

Hi, what are you looking for?

သတင်း

AA နဲ့ ထိတွေ့ဆက်ဆံမှုတွေဟာ လိုအပ်လို့ လုပ်ဆောင်နေတာလို့ ဘင်္ဂလားဒေ့ရှ်ပြော

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ အာရက္ခတပ်တော် (AA)နဲ့ တိုက်ရိုက် ဆက်သွယ်မှုတွေဟာ လိုအပ်လို့လုပ်ဆောင်တဲ့ အစီအမံတစ်ခုလို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောကြားခဲ့ပါတယ်။

ဓါတ်ပုံ- Business Today

ဧပြီ-၃၀၊၂၀၂၅။ People’s Spring

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ အာရက္ခတပ်တော် (AA)နဲ့ တိုက်ရိုက် ဆက်သွယ်မှုတွေဟာ လိုအပ်လို့လုပ်ဆောင်တဲ့ အစီအမံတစ်ခုလို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ ထိစပ်နေရာ မြန်မာနိုင်ငံအနောက်ပိုင်း နယ်စပ်ဒေသတွေကို ထိန်းချုပ်ထားတဲ့ AAနဲ့ တိုက်ရိုက် ထိတွေ့ ဆက်ဆံမှုတွေဟာ တကယ်ပဲ လိုအပ်ပြီးအဲဒီဆက်ဆံမှုတွေကိုလည်းဆက်လက်ထိန်းသိမ်းထားမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအကြံပေး အရာရှိ တောင်ဟစ်ဒ် ဟိုစိန်က ပြောပါတယ်။

AA နဲ့ ထိတွေ့ ဆက်ဆံမှုတွေကိုမီဒီယာတွေက မေးမြန်းတဲ့အခါ သူက ဘင်္ဂလားဒေ့ရှ်နယ်စပ်ရဲ့ အခြေအနေတွေ ပြောင်းလဲသွားပြီ ဆိုတာကို တရားဝင် အသိအမှတ် ပြုထားကြောင်း၊ အဲဒီအရှိတရားကို မျက်ကွယ်ပြုထားလို့မရကြောင်း၊မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်လုံးကို ဗဟိုအစိုးရ မဟုတ်တဲ့ အစုအဖွဲ့တွေက ချုပ်ကိုင်ထားပြီး ဗဟိုအစိုးရ အာဏာ သက်ရောက်မှုဟာ နယ်စပ်မှာ လုံးဝ မရှိတော့ကြောင်း ပြန်ဖြေခဲ့ပါတယ်။ ဗဟို အစိုးရ ဆိုတာက အာဏာသိမ်း စစ်ကောင်စီကို ရည်ညွှန်းထားတဲ့မူရင်း အသုံးအနှုန်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို အလှည့်အပြောင်းတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဟာ နိုင်ငံရဲ့ အကျိုးစီးပွားအတွက် သင့်တော်မယ့် ထိတွေ့ ဆက်သွယ်မှု နည်းလမ်းတွေကို ထိန်းသိမ်းထားရမှာ ဖြစ်ကြောင်း၊ စည်းမျဉ်းတွေအရ အစိုးရ မဟုတ်တဲ့ အင်အားစုတွေနဲ့ တရားဝင် ဆက်သွယ်လို့ မရဘူးဆိုရင်တောင်လုံးဝဥဿုံ အဆက်ဖြတ်ထားလို့လည်းမရတော့ကြောင်း၊ ဒါကြောင့် လိုအပ်တဲ့ ထိတွေ့ ဆက်ဆံမှုကို ဖြစ်သင့်တဲ့ အဆင့်မျိုးမှာ ထိန်းသိမ်းထားမှာဖြစ်ကြောင်း ဟိုစိန်က ရှင်းလင်းပြောကြားသွားပါတယ်။

ဟိုစိန်က ဘင်္ဂလားဒေ့ရှ်အစိုးရဟာ မြန်မာနိုင်ငံမှာရှိတဲ့စစ်ဘေးသင့် ပြည်သူတွေကိုအထောက်အပံ့ပေးနိုင်ဖို့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ လူသားချင်း စာနာမှု စင်္ကြံတစ်ခု ထူထောင်ခွင့်ပြုရေးကုလသမဂ္ဂ (UN)ဆီက တောင်းဆိုထားမှုကိုလည်း သူ့ရဲ့ အစိုးရက မူအားဖြင့် လက်ခံထားပြီးဖြစ်ကြောင်းကိုလည်း အတည်ပြုသွားပါတယ်။

ကိုးကား-BDnews24

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး မြို့အနောက်ဘက် ရေသေ့တောင်မြို့နယ်နဲ့အစပ် ရေချမ်းပြင်အနီးက အာဏာသိမ်းစစ်တပ်ရဲ့ ကာကင်းစခန်းတခုကို အာရက္ခတပ်တော် (AA) က ဒီနေ့ နေ့လယ်ပိုင်းမှာ သိမ်းပိုက်လိုက်တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဖမ်းဆီးရသူအများစုဟာ စိတ်ကြွရူးသွပ်ဆေးပြားအလွန်အကျွံ သုံးစွဲထားပြီး ရှေ့ဆုံးကတက်ခိုင်းတဲ့ပြည်သူ့စစ်တွေဖြစ်​နေ

သတင်း

အာရက္ခတပ်တော်(AA) ရော၊ စစ်တပ်ကိုပါ ဓာတ်ငွေ့ပိုက်လိုင်းလုပ်ငန်းခွင်သုံးကားတွေကို မပစ်ခတ်ဖို့ တရုတ်ဘက်က သတိ‌ပေးထားတဲ့ အမ်း-ပဒါန်းကားလမ်းမှာ တရုတ်နိုင်ငံသားဝန်ထမ်းလိုက်ပါလာတဲ့ကားတစ်စီးကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ငပြီကျွန်းတိုက်ပွဲမှာစစ်သားအလောင်း ၄၀ ခန့်ရပြီး၂၀ ကျော်ဖမ်းမိဟု​စစ်​ရေးသတင်းရင်းမြစ်​ပြော